Home ထိပ်တန်းသတင်း အစိုးရ စစ်တပ်ကို ပြန်လည်ခုခံရန် SSA ‌တောင်ပိုင်း အသင့်ပြင်

အစိုးရ စစ်တပ်ကို ပြန်လည်ခုခံရန် SSA ‌တောင်ပိုင်း အသင့်ပြင်

1665
စက်တင်ဘာလ ၁၃ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာအစိုးရတပ်များ၏ စစ်‌ရေးထိုးစစ်ဆင် တိုက်ခိုက်လာမည့်အ‌ရေးကို ပြန်လည်ခုခံသွားရန် သျှမ်းပြည်တပ်မ‌တော် ‌တောင်ပိုင်းဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ RCSS-SSA တပ်စခန်းများဘက်မှ စစ်‌ရေးအသင့် ပြင်ဆင်ထားပြီဖြစ်‌ကြောင်း ယ‌နေ့ ‌ပြောကြား လိုက်သည်။

အစိုးရနှင့် အပစ်ရပ်ထားသည့် RCSS-SSA သည် ၎င်းတို့၏ တပ်စခန်းများကို အစိုးရတပ်များဘက်မှ ယခုရက်ပိုင်းအတွင်း တပ်အင်အား ဖြည့်လာသဖြင့် စစ်‌ရေးပြန်လည်ပြင်ဆင်ရခြင်းဖြစ်‌ကြောင်း RCSS-SSA မှ ဗိုလ်မှူးစိုင်း‌လောဝ်ဆိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူးစိုင်း‌လောဝ်ဆိုင်းက “ကျ‌နော်တို့ကို တိုက်ဖို့ ကြားသိထားရပါတယ်။ ဒါ‌ကြောင့် သူတို့က လာတိုက်ရင်‌တော့ ပြန်ခုခံကာကွယ်ဖို့‌တော့ အဆင်သင့်ပြင်ဆင်ထားပါပြီ။ သူတို့ကို စပြီးသွားတိုက်ဖို့က‌တော့ ကျ‌နော်တို့မှာ စစ်‌ရေးပြင်ဆင်မှု‌တော့ မရှိပါဘူး”ဟု ‌ပြောသည်။

အင်အားဖြည့်လာသည့် အစိုးရတပ်များသည် အ‌ရေအတွက် အတိအကျ မသိရ‌သော်လည်း သျှမ်းပြည်နယ်အတွင်းရှိ မိုင်းကျင်းမြို့နယ်အ တွင်း မိုင်းကူးကြီး‌ဒေသ၊ မိုင်းကိုင်မြို့နယ် က‌လောမြို့နယ်ခွဲတဝိုက်၊ ‌မောက် မိုင်မြို့နယ်၊ နမ့်ဇန် စသည့်‌နေရာများတွင် စစ်တပ်အင်အား ဖြည့်‌နေကြပြီး မိုင်းဖန်းမြို့နယ်ခွဲဘက်တွင်လည်း SSA တပ်ရင်းများကို အစိုးရတိုက်ခိုက်ရန် အသင့်ပြင်ထားပြီဟု ကြားသိထား‌ကြောင်း လည်း ဗိုလ်မှူးစိုင်း‌လောဝ်ဆိုင်းက ဆက်‌ပြောသည်။

ထို့အပြင် ယခုအပတ်အတွင်း အစိုးရတပ်များနှင့် SSA ‌တောင်ပိုင်းတပ်ရင်းများအကြား ၄ကြိမ်ထက်မနည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးဖြစ် ‌ကြောင်းလည်း သိရသည်။

အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုများရရှိခဲ့ပြီးဖြစ်‌သော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား‌နေခြင်းအ‌ပေါ် ဗိုလ်မှူးစိုင်း‌လောဝ်ဆိုင်းက “အမှန်ဆို ကျ‌နော်တို့ လိုလား‌နေကြတဲ့ ငြိမ်းချမ်း‌ရေးကို အစိုးရနဲ့ ပူး‌ပေါင်းတည်‌ဆောက်ကြမလို့ပါ။ ဒီလိုမျိုး စစ်‌ရေးပြင်ပြီး‌တော့ တဖက်နဲ့ တဖက် တိုက်‌နေတာ‌တွေက ငြိမ်းချမ်း‌ရေးလမ်း‌ကြောင်းကို သွား‌နေတာ မဟုတ်ပါဘူး။ ဒါ‌ကြောင့် အပြန်အလှန်ညှိနှိုင်းပြီးသွားရင် အ‌ကောင်းဆုံးလို့‌တော့ မြင်ပါတယ်”ဟု ‌ပြောသည်။

မြန်မာအစိုးရနှင့် RCSS-SSA တို့သည် ယခုနှစ် ဇန်နဝါရီလ ၁၇ရက်က နှစ်ဖက်တပ်များ အပစ်အခတ်ရပ်စဲ‌ရေး အပါအဝင် အချက်ပါသည့် ငြိမ်းချမ်း‌ရေးသ‌ဘောတူညီ လက်မှတ်‌ရေးထိုးခဲ့ကြပြီး ‌မေလ ၁၉ရက်‌နေ့တွင် ဒုတိယအကြိမ် ပြည်‌ထောင်စုအဆင့် ထပ်မံ ‌တွေ့ဆုံ‌ဆွေး‌နွေး ကာ အချက် ၁၂ချက်ပါ သ‌ဘောတူညီချက်ကို လက်မှတ်‌ရေးထိုးခဲ့ကြသည်။