Home သတင်း အစိုးရကိုယ်စားလှယ်များနှင့် ‌တွေ့ဆုံ ခဲ့မှုအ‌ပေါ် မယ်‌တော်‌ဆေးခန်းမှ ရှင်းလင်းချက်ထုတ်ပြန်

အစိုးရကိုယ်စားလှယ်များနှင့် ‌တွေ့ဆုံ ခဲ့မှုအ‌ပေါ် မယ်‌တော်‌ဆေးခန်းမှ ရှင်းလင်းချက်ထုတ်ပြန်

1684
စက်တင်ဘာလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့အ‌ခြေစိုက် မယ်‌တော်‌ဆေးခန်း-MTC သည် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်နှင့် ‌တွေ့ဆုံခဲ့ကြပြီး‌နောက် ၎င်းတို့‌ဆေးခန်းကို မြန်မာပြည်တွင်းသို့ ပြန်လည်‌နေရာချ‌ရေး၊ မချ‌ရေး သတင်း အမျိုးမျိုးထွက်‌ပေါ်လာသည့်အ‌ပေါ် ယမန်‌နေ့က ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။

မယ်‌တော်‌ဆေးခန်းမှ ‌ပြောခွင့်ရ ဆရာမ ‌နော်အဲ့သဝါးက “ဒီကိစ္စ‌ကြေညာချက် မထုတ်‌တော့ သူတို့(မြန်မာအစိုး ရ)လာပြီးတဲ့‌နောက်မှာ ကျမတို့ လူမှုအသိုင်းအဝိုင်းနဲ့ ဝန်ထမ်း‌တွေကြားမှာ ဇ‌ဝေဇဝါဖြစ်တယ်‌လေ။ မြန်မာနိုင်ငံ ပြန်‌တော့မလိုလို၊ ဒီမှာ ‌နေမလိုလိုဖြစ်လို့ တိကျ‌အောင် ရှင်းလင်းချက် ထုတ်လိုက်တာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လနှင့် ဩဂုတ်လက ယခင်ရထားပို့‌ဆောင်‌ရေး ဝန်ကြီးဌာန(ယခုသမ္မတရုံး ပြည်‌ထောင်စုဝန်ကြီး)ဦး‌အောင်မင်းဦးစီးသည့် အစိုးရငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့သည် မယ်‌တော်‌ဆေးခန်းတည်‌ထောင်သူ ‌ဒေါက်တာစင်သီယာ‌မောင်နှင့် အလွတ်သ‌ဘော နှစ်ကြိမ်‌တွေ့ဆုံခဲ့ရာတွင် မယ်‌တော်‌ဆေးခန်းကို မြန်မာနိုင်ငံသို့ ပြန်အ‌ခြေချရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

‌တွေ့ဆုံမှုတွင် မြန်မာနိုင်ငံဘက်ခြမ်း မြဝတီ‌ဆေးရုံနှင့် ထိုင်းနိုင်ငံဘက်ရှိ မဲ‌ဆောက်‌ဆေးရုံ၊ မယ်‌တော်‌ဆေးခန်း တို့ လူနာလွဲ‌ပြောင်း‌ရေးကိစ္စ၊ နယ်စပ်ရှိ က‌လေး‌မွေးစာရင်းကိစ္စနှင့် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှုဖွံ့ ဖြိုး‌ရေး လုပ်ငန်းလုပ်ကိုင်သူများကို အသိအမှတ်ပြုရန် လိုအပ်‌ရေးကိစ္စတို့တွင် ပူး‌ပေါင်း‌ဆောင်ရွက်ကြရန်လည်း အစိုးရ က ‌ဆွေး‌နွေးခဲ့သည်။

‌ဒေါက်တာစင်သီယာ‌မောင်က “မြန်မာအစိုးရရဲ့ ကျန်းမာ‌ရေးစနစ်ဟာ ပြည်သူအားလုံးအတွက် အ‌ခြေခံကျန်း မာ‌ရေး‌စောင့်‌ရှောက်မှု အပြည့်အစုံ မလုပ်‌ပေးနိုင်သမျှ‌တော့ ကျမတို့ ပြန်လို့မရ‌သေးပါဘူး။ လက်ရှိ ကျမတို့ ဝန်ထမ်း‌တွေဟာ နယ်စပ်တ‌လျှောက်မှာရှိတဲ့ ပြည်သူ‌တွေကို အများကြီးကူညီ‌ပေးဖို့ လိုပါ‌သေးတယ်။ အထူး သဖြင့် တိုင်းရင်းသား‌ဒေသ ‌တွေမှာပါ။”ဟု မယ်‌တော်‌ဆေးခန်း၏ ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

၎င်းတို့နှင့် ထပ်မံ‌တွေ့ဆုံမှုများရှိပါက အလွတ်သ‌ဘောဖြင့် မဟုတ်ဘဲ တရားဝင်‌တွေ့ဆုံ‌ရေးအတွက် အစီအစဉ် စနစ်တကျ‌ရေးဆွဲကာ အပြန်အလှန်ဆက်သွယ်၍ ‌ဆွေး‌နွေးမည့် ‌ခေါင်းစဉ်၊ ပါဝင်‌ဆွေး‌နွေးမည့် ပုဂ္ဂိုလ်သတ်မှတ် ပြီး ‌တွေ့ဆုံရမည့် အချိန်‌နေရာ သတ်မှတ်ခြင်း၊ သတင်းမီဒီယာများအား မယ်‌တော်‌ဆေးခန်းတွင် ဖိတ်‌ခေါ်‌ပေး ခြင်းနှင့် သတင်းအချက်အလက် ‌ဝေမျှခြင်း စသည့်တို့ ‌ဆောင်ရွက်ရန် လိုအပ်သည်ဟု မယ်‌တော်‌ဆေးခန်းက အစိုးရအား တိုက်တွန်းသည်။

ဆက်လက်၍ ဆရာမ အဲ့သဝါးက “အရင်‌တွေ့ထားတာ ‌နောက်ဆက်တွဲ ဘာမှ မရှိဘူး။ ‌တွေ့ဆိုဖို့ဆိုရင် စနစ်တကျဖြစ်ဖို့ လိုတယ်‌လေ။ ဥပမာ-လာ‌ဆွေး‌နွေးတဲ့သူ ဟာ ဆိုင်ရာ‌ဆွေး‌နွေးမယ့် ပုဂ္ဂိုလ်ဖြစ်ဖို့ လိုတယ်။ ကျန်မား‌ရေးဆိုရင် ကျန်းမာ‌ရေး၊ ဆရာဝန်ဆိုရင် ဆရာဝန်‌ပေါ့”ဟု ဖြည့်စွက်‌ပြောသည်။

မီးရထားဝန်ကြီး(ယခု သမ္မတရုံးဝန်ကြီး)ဦး‌အောင်မင်းဦး‌ဆောင်သည့် အစိုးရငြိမ်းချမ်းကိုစားလှယ်အဖွဲ့သည် မယ်‌တော်‌ဆေးခန်းတည်‌ထောင်ခဲ့သူ ‌ဒေါက်တာစင်သီယာ‌မောင်နှင့် မဲ‌ဆောက်မြို့တွင် ပြီးခဲ့သည့် ဇွန်လ၂၆ရက် ‌နေ့၌ တကြိမ်၊ ဩဂုတ်လ ၅ရက်‌နေ့တွင် ဦး‌အောင်မင်း၏ဇနီး ‌ဒေါက်တာ‌ဝေ‌ဝေသာနှင့်တကြိမ် ‌တွေ့ဆုံခဲ့သည်။