Home သတင်း အချက် ၆ချက်ပါ နိုင်ငံ‌ရေး လုပ်ငန်းစဉ်တိုင်းရင်းသားလူမျိုးများ ညီလာခံမှ ချမှတ်

အချက် ၆ချက်ပါ နိုင်ငံ‌ရေး လုပ်ငန်းစဉ်တိုင်းရင်းသားလူမျိုးများ ညီလာခံမှ ချမှတ်

1247
စက်တင်ဘာလ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်တွင်းပြည်ပနိုင်ငံ‌ရေး ပုဂ္ဂိုလ်များနှင့် လူထုအ‌ခြေပြုအဖွဲ့အစည်းများ ပါဝင် သည့် ညီလာခံကြီးတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၄ရက်မှ ၁၆ရက်‌နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းရင်းသားများ၏ ငြိမ်းချမ်း‌ရေးဆိုင်ရာ နိုင်ငံ‌ရေးလုပ်ငန်းစဉ် အချက် ၆ချက်ကို ချမှတ်ခဲ့သည်။

မြန်မာအစိုးရမှ ထုတ်ပြန်ထားသည့် အချက် ၈ချက်ပါ ပြည်‌ထောင်စုအဆင့် နိုင်ငံ‌ရေးလုပ်ငန်းစဉ်များသည် စစ်မှန်သည့် ငြိမ်းချမ်း‌ဖော်‌ဆောင်နိုင်မည်မဟုတ်သဖြင့် ညီလာခံကို တက်‌ရောက်ခဲ့သည့် ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် သျှမ်း စသည့် အဖွဲ့အစည်းနှင့် ‌ခေါင်း‌ဆောင်များက ယင်းလုပ်ငန်းစဉ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းအချက်များထဲတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံ‌ရေးပါတီ၊ အမျိုးသမီးနှင့် လူငယ်စသည့် လူမှုအ‌ခြေပြု အဖွဲ့အစည်းတို့ ‌တွေ့ဆုံ‌ဆွေးကြပြီး နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲဆိုင်ရာ မူ‌ဘောင်များ ချမှတ်ရန်၊ ချမှတ်ထားသည့် အချက်များ ကို အစိုးရကိုယ်စားလှယ်များနှင့် ‌ဆွေး‌နွေးရန်၊ ယင်းမူ‌ဘောင်သ‌ဘောထားများကို ပြည်နယ်နှင့် တိုင်း‌ဒေသအလိုက် ရှင်းလင်းညှိနှိုင်း သ‌ဘောထားရယူသွားရန်နှင့် ပင်လုံကဲ့သို့ ညီလာခံ ‌ခေါ်ယူသွားရန် စသည်တို့ ပါဝင်သည်။

ယင်းညီလာခံ၏ ‌ပြောခွင့်ရပုဂ္ဂိုလ် ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်-PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီညီ လာခံက‌နေ အခု ကျ‌နော်တို့ ချမှတ်ထားတဲ့အတိုင်း အဆင့်တဆင့်ချင်း တိုင်ပင်ပြီး ဆက်လက်လုပ်‌ဆောင်သွားမှာ ဖြစ် ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တို့၏ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် အချို့အဖွဲ့သည် ပြည်‌ထောင်စုအ ဆင့်၊ ပြည်နယ်အဆင့်သို့ ‌ရောက်‌သော်လည်း အချို့အဖွဲ့မှာ ဘယ်အဆင့်မှ မရှိ‌သေးသည့်အတွက် ‌ရှေ့ဆက် လုပ် ‌ဆောင်ရမည့် လုပ်ငန်းစဉ်များတွင် မည်သို့ လုပ်‌ဆောင်ရမည်ကို လက်နက်ကိုင်အဖွဲ့အပြင် ကျန်အင်အားစုများကိုပါ ညီလာခံ၌ ထိုသို့ ပါဝင်‌ဆွေး‌နွေး‌စေခဲ့ခြင်းသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

အဆိုပါ အချက် ၆ချက်ပါ လုပ်ငန်းစဉ်ကို အ‌ကောင်အထည်‌ဖော်ရန် အဆင့် ၃ဆင့်ပါ‌သော ငြိမ်းချမ်း‌ရေးစီမံချက်ကို လည်း ညီလာခံတွင် တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုညီလာခံသို့ ပြည်တွင်း၊ ပြည်ပနှင့် နိုင်ငံတကာ‌ရောက် တိုင်းရင်းသားအစုအဖွဲ့‌ပေါင်းစုံမှ ကိုယ်စားလှယ်‌ပေါင်း ၁၃ဝ ‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြကာ တိကျခိုင်မာ‌သော ‌ရှေ့လုပ်ငန်းစဉ်ကို ချမှတ်နိုင်ခဲ့ကြပြီး‌နောက် ညီလာခံမှ ၂၀၁၂ခုနှစ် တိုင်းရင်းသားလူမျိုးများညီလာခံ၏ ထုတ်ပြန်ချက်ဟူ၍ ‌ကြေညာချက်တစ်‌စောင်လည်း ထုတ်ပြန်ခဲ့သည်။

‌ကြေညာချက်တွင် ငြိမ်းချမ်း‌ရေးကာလအတွင်း ယုံကြည်မှုတည်‌ဆောက်နိုင်‌ရေးအတွက် အစိုးရသည် မြန်မာတနိုင်ငံ လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲ‌ရေးကို တရားဝင် ထုတ်ပြန်‌ကြေညာ‌ပေးရန် ၎င်းညီလာခံမှ ‌တောင်းဆို‌ကြောင်း လည်း ထည့်သွင်းထားသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဦးသိန်းစိန်အစိုးရနဲ့ သူ့ရဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့‌တွေကို တဖွဲ့ကို‌ချော့၊ တဖွဲ့ကို တိုက်ဆိုတဲ့ မူမဟုတ်ဘဲနဲ့ အားလုံးဖိတ်‌ခေါ်ပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ ‌စေတနာ မှန်မှန်နဲ့ လုပ်မယ်ဆိုရင် ‌အောင်မြင်မှုရမှာပဲ”ဟု ဖြည့်စွက်‌ပြောသည်။

ထိုင်းနိုင်ငံအတွင်း ပြည်တွင်း၊ ပြည်ပနှင့် နိုင်ငံတကာ‌ရောက် တိုင်းရင်းသားအစုအဖွဲ့‌ပေါင်းစုံမှ ကိုယ်စားလှယ်များ တက်‌ရောက်၍ ပြုလုပ်‌သော ယခု တိုင်းရင်းသားလူမျိုးများညီလာခံသည် ပထမဆုံးအကြိမ်ဖြစ်သည်။

လက်ရှိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား နိုင်ငံ‌ရေးလုပ်ငန်း စဉ်သည် ‌စေ့စပ်‌ဆွေး‌နွေးမှု အဆင့် သာ ရှိ‌သေး‌သော‌ကြောင့် တိုင်းရင်းသားလူမျိုး‌ပေါင်းစုံ လူတန်းစားအသီးသီးနှင့် လူထုအ‌ခြေပြုအဖွဲ့အစည်း အသီးသီး တို့ ပါဝင်‌သော ယခုညီလာခံတွင် တတိုင်းပြည်လုံးအသွင်‌ဆောင်သည့် တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်း‌ရေးလုပ် ငန်းစဉ်များကို ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ညီလာခံ၏ ထုတ်ပြန်ချက်က ဆိုသည်။