Home သတင်း အကျဉ်းသား ၅၁၄ ဦး လွတ်‌ပေးမှု သမ္မတဦးသိန်းစိန်၏ နိုင်ငံခြားခရီးစဉ် ချီးမွမ်းခံရန်ဟု AAPP ရှုမြင်

အကျဉ်းသား ၅၁၄ ဦး လွတ်‌ပေးမှု သမ္မတဦးသိန်းစိန်၏ နိုင်ငံခြားခရီးစဉ် ချီးမွမ်းခံရန်ဟု AAPP ရှုမြင်

1929
စက်တင်ဘာလ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)


မြန်မာနိုင်ငံ အကျဉ်း‌ထောင်အသီးသီးမှ အကျဉ်းသား ၅၁၄ဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပ‌ဒေ ပုဒ်မ-၄၀၁(၁) အရ ယ‌နေ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်‌ပေးမှုတွင် သမ္မတဦးသိန်းစိန် နိုင်ငံခြားခရီးစဉ် ချီးမွမ်းခြင်းခံရရန် ဖြစ်သည်ဟု နိုင်ငံ‌ရေးအကျဉ်းသား များ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း-မြန်မာနိုင်ငံ(AAPP)က ‌ပြောသည်။

သမ္မတ ဦးသိန်းစိန် နိုင်ငံခြားခရီးစဉ်အဖြစ် မနက်ဖြန် စက်တင်ဘာလ ၁၈ရက်‌နေ့တွင် တရုတ်နိုင်ငံသို့ စတင် သွား‌ရောက် မည်ဖြစ်ပြီး ထိုမှတဆင့် အ‌မေရိကန်ပြည်‌ထောင်စုသို့ ခရီးဆက်မည်ဖြစ်သည်။

AAPP တွဲဖက်အတွင်း‌ရေးမှူး ကိုဘိုကြည်က “သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံခြားမှာ စကား‌ပြောရမယ်‌လေ။ သူချီးမွမ်းခံရဖို့ လွတ်‌ပေးတဲ့ပုံစံမျိုး။ တကယ်တမ်း ရိုးသားတယ်ဆိုလို့ရှိရင် နိုင်ငံ‌ရေးအကျဉ်းသား‌တွေကို ချွင်းချက်မရှိ လွှတ်‌ပေးရင် အမျိုး သားပြန်လည်သင့်မြ‌ရေးအတွက် တကယ့်ကို ‌ခြေလှမ်း‌ကောင်းပါ”ဟု ‌ပြောသည်။

ကိုဘိုကြည်က ဆက်လက်၍ မြန်မာအစိုးရသည် နိုင်ငံ‌ရေးကို အမြတ်ထုတ်၍ အကျဉ်းသားများအား ဓါးစားခံအဖြစ် အသုံးချ ကာ မလိုအပ်ပါက လွှတ်‌ပေးပြီး လိုအပ်ပါက ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိသည်ဟု ‌ပြောဆိုသည်။

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်(ယ‌နေ့)တွင် နိုင်ငံ‌ရေးအကျဉ်းသားများနှင့် နိုင်ငံခြားသားအပါအဝင် အကျဉ်းသားများ ၅၁၄ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်‌ပေးလိုက်သည်ဟု အစိုးရ ပြန်ကြား‌ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ‌ဖော်ပြ ထားသည်။

သို့‌သော် လွှတ်‌ပေးလိုက်သည့် အကျဉ်းသားများထဲတွင် နိုင်ငံ‌ရေးအကျဉ်းသားနှင့် နိုင်ငံခြားသားအကျဉ်းသား အ‌ရေအ တွက် မည်မျှပါသည်ကို မသိရ‌သေး‌ပေ။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲအလွန် ဦးသိန်းစိန်အစိုးရတက်လာပြီး‌နောက် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်အ ဖြစ်၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၃ရက်‌နေ့တွင် အကျဉ်းသား ၆,၆၅၆ဦး။ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီ ၁၃ရက်‌နေ့တွင် အကျဉ်းသား ၆၅၁ဦးနှင့် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၃ရက်‌နေ့တွင် အကျဉ်းသား ၈၃ ဦးတို့ကို လွတ်‌ပေးခဲ့ပြီး ဖြစ်သည်။