Home သတင်း သျှမ်းပြည်‌တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ‌မြေဧက ၁၀ဝ ‌ကျော် တက်လမ်းကုမ္ပဏီ အဓမ္မသိမ်းယူ‌နေ

သျှမ်းပြည်‌တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ‌မြေဧက ၁၀ဝ ‌ကျော် တက်လမ်းကုမ္ပဏီ အဓမ္မသိမ်းယူ‌နေ

2148
စက်တင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

သျှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲ‌ကျေးရွာအုပ်စုအတွင်းရှိ ‌ခေါင်းမိုင်း‌ကျေးရွာ၏ ဘိုးဘွားပိုင်ယာ‌မြေဧက‌ပေါင်း ၁၂ဝကို တက်လမ်းကုမ္ပဏီမှ အတင်းအဓမ္မသိမ်းယူ‌နေ‌ကြောင်း ထို‌ဒေသမှလာသည့် သတင်းများအရ သိရသည်။

ယခုနှစ်ဆန်းပိုင်းမှစတင်၍ တက်လမ်းကုမ္ပဏီသည် ‌ခေါင်းမိုင်း‌ကျေးရွာရှိ ယာ‌မြေဧက ၃၀ဝ သိမ်းယူရန် သျှမ်းပြည်နယ် သစ်‌တောဦးစီးဌာနသို့ စာတင်ထားခဲ့ရာ ဇွန်လအတွင်းမှ သိမ်းယူခွင့်ရရှိခဲ့ပြီး ‌မြေစာရင်းဦးစီးဌာနနှင့်ပူး‌ပေါင်းကာ စတင် သိမ်းယူခဲ့ခြင်းသည်ဟု ဖယ်ခုံမြို့နယ်ရှိ လယ်ယာ‌မြေအ‌ရေး လိုက်လံ‌ဆောင်ရွက်‌ပေး‌နေသူ ကယန်းမျိုးဆက်သစ်လူငယ် (KNGY)မှ အတွင်း‌ရေးမှူး ခွန်းဘီထူးက ‌ပြောသည်။

ခွန်းဘီထူးက “သူတို့(တက်လမ်းကုမ္ပဏီ)က သစ်မာပင်စိုက်မယ်ဆိုပြီး အဲဒီ‌မြေ‌တွေကို ခွင့်ပြုချက်ရပြီးကတည်းက စသိမ်း ‌နေတာ။ ပြီးခဲ့တဲ့လ ၂၁ရက်တုန်းက သက်ဆိုင်ရာက တာဝန်ရှိသူ‌တွေ‌ကော ကုမ္ပဏီက လူ‌တွေနဲ့ ‌ဒေသခံ‌တွေပါ ‌ဆွေး‌နွေး ကြတယ်။ ‌ဒေသခံ‌တွေက မ‌ပေးနိုင်တဲ့အတွက် ကယန်းတိုင်းရင်းသားဝန်ကြီးလည်း မသိမ်းဖို့ တားတယ်။ ဂရုမစိုက်ဘဲ သိမ်းယူ‌နေကြပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယာ‌မြေများသိမ်းယူရန် သက်ဆိုင်ရာအစိုးရမှ ‌ဒေသခံပြည်သူလူထုထံ တစ်စုံတစ်ရာအ‌ကြောင်းကြားခြင်းမျိုးမရှိသည့် အပြင် ထို‌ဒေသရှိ ယာ‌မြေတစ်ဧကလျှင် ကာလ‌ပေါက်‌ဈေးအရ မြန်မာကျပ်‌ငွေ သုံးသိန်းဝန်းကျင်ရှိ‌သော်လည်း ယခု သိမ်းယူမှုတွင် ‌လျှော်‌ကြေး‌ပေး‌ဆောင်သည့် သ‌ဘောမျိုးမဟုတ်‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ယခင် မိုးဗြဲ‌ရေကာတာစီမံကိန်း‌ကြောင့် ဖယ်ခုံမြို့နယ်အနီးရှိ ‌ကျေးရွာများမှ ယာ‌မြေနှင့်လယ်‌မြေများကို သိမ်းယူခံရပြီး ‌နောက် လယ်‌မြေများရှားပါးလာသကဲ့သို့ ‌ဒေသခံများ လုပ်ကိုင်စား‌သောက်ရန် အခက်အခဲများရှိလာသည့်အပြင် ယခုလို အတင်းအဓမ္မ ယာ‌မြေသိမ်းယူမှုအ‌ပေါ် ‌ဒေသခံများကလည်း မ‌ကျေမနပ်ကြ‌ကြောင်း KNGY က ဆိုသည်။

ခွန်းဘီထူးက “၁၉၆၀ဝန်းကျင်‌လောက်ကလည်း ဖယ်ခုံမြို့မှာ ‌ရေအားလျှပ်စစ်ရဖို့ဆိုပြီး မိုးဗြဲ‌ရေကာတာကြီးကို ကာ လိုက်တယ်။ မြို့နယ်မှာရှိတဲ့ လယ်‌မြေ‌တွေက ဖယ်‌ပေးပြီးပြီ။ အခုတက်လာတဲ့ အစိုးရလက်ထက်မှာလည်း ဒီ‌မြေ‌တွေကို သိမ်း ခွင့်‌ပေးတယ်ဆိုတာ ရွာခံ‌တွေ၊ မြို့ခံ‌တွေ ဘာနဲ့ လုပ်ကိုင်စား‌သောက်ရ‌တော့မလဲ”ဟု ဆက်‌ပြောသည်။

တက်လမ်းကုမ္ပဏီ၏ ယာ‌မြေအတင်းအဓမ္မ သိမ်းယူမှုများကို ‌ဒေသခံများက လွှတ်‌တော်အမတ်များ၊ ကယန်းတိုင်းရင်းသား ဝန်ကြီးများအပါအဝင် ဗဟိုအစိုးရတာဝန်ရှိသူများကလည်း မသိရှိကြပဲ ယာ‌မြေသိမ်းယူခွင့်ကို သျှမ်းပြည်နယ် သစ်‌တော ဦးစီးဌာနက ကုမ္ပဏီနှင့် တိုက်ရိုက်လုပ်‌ဆောင်ခြင်းမျိုးသာ ဖြစ်‌ကြောင်း သိရသည်။

လက်ရှိ ‌ဒေသခံယာ‌မြေပိုင်ရှင်များက တက်လမ်းကုမ္ပဏီကို တားဆီး၍ မရပါက ဆန္ဒပြကြ‌တော့မည် ဖြစ်‌ကြောင်း၊ ထိုမှ တဆင့် ဥပ‌ဒေအရ တရားစွဲ ဆက်လက် စွဲဆိုသွားကြမည်ဖြစ်‌ကြောင်း KNGY က ဆိုသည်။ ‌ခေါင်းမိုင်‌ဒေသခံများသည် အဓိကအားဖြင့် ပဲ၊ ‌ပြောင်းနှင့် နှစ်ရှည်သီးနှံအဖြစ် ငှက်‌ပျောအမျိုးမျိုးကို စိုက်ပျိုးကာ အသက် ‌မွေးဝမ်း‌ကြောင်းပြုကြသည်။