Home သတင်း လွတ်‌မြောက်လာသည့် အကျဉ်းသားများထဲတွင် ကရင် ၁၉ဦး ပါဝင်

လွတ်‌မြောက်လာသည့် အကျဉ်းသားများထဲတွင် ကရင် ၁၉ဦး ပါဝင်

2189
စက်တင်ဘာလ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)


မြန်မာနိုင်ငံ အကျဉ်း‌ထောင်အသီးသီးမှ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပ‌ဒေ ပုဒ်မ-၄၀၁(၁)အရ ယမန်‌နေ့က လွတ်‌မြောက်လာသည့် အကျဉ်းသား ၅၁၄ဦးအနက် ကရင်အကျဉ်းသား ၁၉ဦး ပါဝင်သည်ဟု နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း-မြန်မာနိုင်ငံ(AAPP) ၏ ဝက်ဘ်ဆိုက်တွင် ယ‌နေ့ ‌ဖော်ပြထားသည်။

၎င်း၁၉ဦးမှာဦးမြင့်လှိုင်၊ ‌နော်တဲဟဲ(ခ)‌နော်ခဲဟဲ၊ ‌စော‌အောင်နိုင်ဦး(ခ)‌စောပလီး၊ ‌စောချစ်လှ၊ ‌စောလှစိန်၊ ‌စောက လယ်‌စေးဒို့၊ ‌စောခုဝါး၊ ‌စောကိုကို‌အောင်၊ ‌စော‌ကျော်ထူး၊ ‌စောလာလထူး၊ ‌စော‌လေးဒို့၊ ‌စောလို၊ ‌စောမဲဒို့၊ ‌စောမုရီထူး၊ ‌စောမျိုးမြင့်၊ ‌စောထွန်းနိုင်ဦး၊ ‌စောရင်လှ (ခ) ‌စော‌အေးလှ၊ တင်ဦး (ခ) စိုးသီး (ခ) ဖိုးသီးနှင့် ဝင်းလှိုင်တို့ ဖြစ်ကြသည်။

AAPP အတွင်း‌ရေးမှူး ကိုတိတ်နိုင်က “ကရင်တိုင်းရင်းသား‌တွေ မြန်မာ့နိုင်ငံ‌ရေးမှာ ဝင်‌ရောက်လှုပ်ရှား‌နေပြီး‌တော့ အဖမ်းခံရတဲ့ လူ‌တွေ‌ပေါ့ ‌နော်။ အဲ့လိုမျိုးလူ‌တွေကို ကျ‌နော်တို့ စာရင်းထဲမှာ ထည့်ထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ AAPP အ‌နေဖြင့် ကရင်အကျဉ်းသားများဖြစ်‌ကြောင်းကို ၎င်းအကျဉ်းသားတို့၏ မိသားစုထံမှ အဓိက ဆက်သွယ်သည့်ကွန် ယက်မှတဆင့် သိရသည်ဟု ၎င်းက ဆက်‌ပြောသည်။

ပြန်လည်လွတ်‌မြောက်လာသည့် ကရင်အကျဉ်းသားများသည် မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မဖြစ်‌သော ပုဒ်မ-၁၇/၁ ဖြင့် ဖမ်းဆီးအကျဉ်းကျခံရသူများဖြစ်ကြပြီး အနည်းဆုံး ၂နှစ်မှ အများဆုံး ၅၆နှစ်အထိ မြန်မာအစိုးရ၏ အကျဉ်းချခြင်းခံရသူများလည်းဖြစ် ‌ကြောင်း AAPP ဝက်ဘ်ဆိုက်တွင် ‌ဖော်ပြပါရှိသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် စစ်မှန်‌သော အမျိုးသားပြန်လည်သင့်မြတ်‌ရေး လုပ်‌ဆောင်ရာတွင် အကျဉ်းသားများကို အကြိမ် ကြိမ် လွှတ်‌ပေးပြီးဖြစ်‌သော်လည်း လက်ရှိ နိုင်ငံ‌ရေးအကျဉ်းသား ၈၀ဝဦး‌ကျော် ကျန်‌နေ‌သေးသည့်အတွက် ၎င်းတို့ကို အမြန်ဆုံးလွှတ်‌ပေး ရန်လည်း AAPP မှ မြန်မာအစိုးရအား တိုက်တွန်း‌ကြောင်း ကိုတိတ်နိုင်က ‌ပြောသည်။