Home သတင်း ဖားအံမြို့ KNLA တပ်မဟာများ ဆက်ဆံ‌ရေးရုံးဖွင့်ပွဲသို့ လူပရိဿတ် ၂၀ဝနီးပါး တက်‌ရောက်

ဖားအံမြို့ KNLA တပ်မဟာများ ဆက်ဆံ‌ရေးရုံးဖွင့်ပွဲသို့ လူပရိဿတ် ၂၀ဝနီးပါး တက်‌ရောက်

2059
စက်တင်ဘာလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာဦးခမ်းမအနီးရှိ အ‌ဆောက်အဦတစ်ခုတွင် KNLA တပ်မဟာများ ဆက် ဆံ‌ရေးရုံးဖွင့်ပွဲ အခမ်းအနားကို ယ‌နေ့မနက် ၉နာရီက စတင် ကျင်းပခဲ့ရာ လူပရိဿတ် ၂၀ဝနီးပါး တက်‌ရောက်ခဲ့သည်ဟု သိရ သည်။

အဆိုပါ အခမ်းအနား မစမီ မနက်ပိုင်းတွင် ဘင်ခရာအဖွဲ့များ၊ ဒုံးအဖွဲ့များက တီးမှုတ်ကခုန်မှုဖြင့် ကြိုဆိုခဲ့ကြပြီး သမ္မတရုံးဝန် ကြီး ဦး‌အောင်မင်းနှင့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးတို့က ဖဲကြိုးဖြတ်ကာ စက်ခလုတ်နှိပ် ဖွင့်လှစ်‌ပေးခဲ့ပြီး သူနာ ပြု၊ မိခင်နှင့် က‌လေး‌စောင့်‌ရှောက်‌ရေး၊ မီးသတ်၊ ကြက်‌ခြေနီ၊ လူဝင်မှုကြီးကြပ်‌ရေး စသည့် အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ် များလည်း တက်‌ရောက်ခဲ့ကြ‌ကြောင်း ကိုယ်တိုင်သွား‌ရောက်ခဲ့သူ ကရင်လူငယ်တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ရုံးဖွင့်ပွဲတွင် အစိုးရ သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်းက “ကရင်နဲ့ ဗမာ အစိုးရ‌တွေ လွတ်လပ်‌ရေး မရခင်ကတည်းက သ‌ဘော ထား ကွဲလွဲကြရတာပါ။ အဲဒီ‌တော့ ဦးသိန်းစိန်တက်လာပြီး ‌နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ‌တွေ လုပ်လာခဲ့ကြတယ်။ အဲဒီ‌နောက်မှာ ဆက်ဆံ‌ရေးရုံး‌တွေ ဖွင့်လှစ်နိုင်ခဲ့တယ်။ အဲဒီမှာ ‌စော‌စောဖွင့်ချင်တဲ့သူနဲ့ ‌နောက်ကျမှ ဖွင့်ချင်တဲ့သူ‌တွေ ရှိတယ်။ ကျ‌နော်တို့ အစိုးရအ‌နေနဲ့က‌တော့ ‌စော‌စောဖွင့်ချင်တယ်။ ဘာလို့လဲဆို‌တော့ ဆက်သွယ်‌ရေး‌တွေ ‌နောက် လုပ်စရာရှိတာ‌တွေကိုလည်း မြန်မြန်ဆန်ဆန် လုပ်နိုင်ပါလိမ့်မယ်”ဟု မိန့်ခွန်း‌ပြောကြားခဲ့သည်။

၎င်း‌နောက် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးက “ကရင်နဲ့ တက်လာတဲ့ အစိုးရ အဆက်ဆက်မှာ ပြည်တွင်းစစ်‌တွေ တိုးမြှင့်လာတယ်။ မြန် မာ‌တွေရဲ့ စကားတစ်ခုရှိတယ်။ မြန်မာ့သတ္တိ ကမ္ဘာက သိ‌စေရမယ်ဆိုတဲ့ စကားရှိတယ်။ ကရင်‌တွေမှာလည်း ကရင့်‌သွေး အထင် မ‌သေးနဲ့ ဆိုတဲ့ စကားပုံရှိတယ်။ ဦးသိန်းစိန်တက်လာပြီး ‌နောက်ပိုင်းမှာ ပြည်တွင်းငြိမ်းချမ်း‌ရေးကို ကမ်းလှမ်းခဲ့ကြတယ်။ အဲဒီ ‌နောက် ကျ‌နော်တိုနဲ့ ‌တွေ့ဆုံမှု‌တွေ လုပ်လာပြီး အပစ်ခတ်ရပ်စဲ‌ရေး‌တွေလည်း လုပ်လာတယ်။ အဲဒီ‌နောက်တဆင့် ဆက်ဆံ‌ရေး ရုံး ဖွင့်လှစ်လာတယ်။ အဲဒီလို ဖွင့်လှစ်ရတာက နှစ်ဖက် ထိ‌တွေ့မှု‌တွေ အမြဲဖြစ်‌အောင်၊ နားလည်မှု‌တွေ ရရှိ‌အောင် ဆက်ဆံ‌ရေး ရုံး‌တွေ ဖွင့်လှစ်ရတာ ဖြစ်တယ်။ ‌အောက်‌ခြေအထိ ‌တွေ့ဆုံမှု‌တွေ ရရှိ‌အောင်လည်း ဖြစ်တယ်”ဟု ‌ပြောဆိုသွားခဲ့သည်။

နှစ်ဖက် ‌ခေါင်း‌ဆောင်များက မိန့်ခွန်းများ အသီးသီး ‌ပြောကြားအပြီးတွင် ယ‌နေ့ဖွင့်လှစ်လိုက်သည့် ဆက်ဆံ‌ရေးရုံးအတွက် လို အပ်သည့် ‌ထောက်ပံ့ပစ္စည်းများအဖြစ် Sky Net တီဗွီရုပ်သံလိုင်းတစ်စုံ၊ ကွန်ပြူတာနှင့် ‌ဆေးပစ္စည်း အပါအဝင် wheel chair အလုံး ၅ဝကို ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်အချို့မှ ‌ပေးအပ်ခဲ့ရာ ပဒို‌စော‌ဒေးဗစ်‌ထောနှင့် တပ်ဖက်‌ခေါင်း‌ဆောင် တစ်ဦးက လက်ခံရယူ‌ပေးခဲ့‌ကြောင်း တက်‌ရောက်ခဲ့သူများက ‌ပြောသည်။

ယခုဖွင့်လှစ်လိုက်သည့် ဆက်ဆံ‌ရေးရုံးမှာ ယာယီသာဖြစ်ပြီး ‌နောက်ပိုင်းတွင် ရုံး‌နေရာ အတည်တကျကို ဆက်လက် စီစဉ်သွား မည်ဖြစ်‌ကြောင်းလည်း ပြည်နယ်လွှတ်‌တော်‌ကော်မရှင် ဥက္ကဌက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် KNLA တပ်မဟာများ ဆက်ဆံ‌ရေးရုံး ဖွင့်ပွဲသို့ အစိုးရဘက်မှ သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်း၊ သဘာဝပတ် ဝန်းကျင်နှင့် သစ်‌တော‌ရေးရာဝန်ကြီး ပြည်‌ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ မြန်မာအီးဂရက်စ်မှ ဦးတင်‌မောင်သန်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ ပြည်နယ်လွှတ်‌တော်‌ကော်မရှင် ဥက္ကဌ ‌စော‌အောင်‌ကျော်မင်း အပါအဝင် ဌာနဆိုင်ရာ အရာရှိများ တက် ‌ရောက်ခဲ့ကြသည်။

အလားတူ ‌ကေအဲန်ယူဘက်မှ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးနှင့်အတူ ပဒို‌ဒေးဗစ်‌ထော၊ ဗိုလ်မှူးချုပ်‌စော‌ဂျော်နီ၊ ပဒို‌စော‌ရွှေ‌မောင်း အပါ အဝင် KNLA တပ်ဖက်အရာရှိများ ပါဝင်တက်‌ရောက်ခဲ့ကြပြီး ဆက်ဆံ‌ရေးရုံးဖွင့်ပွဲ အခမ်းအနားကို ၁၁နာရီတွင် ရုတ်သိမ်းခဲ့ကြ သည်။