Home သတင်း ဖားအံဆက်ဆံ‌ရေးရုံး ‌ကေအဲန် အယ်လ်‌အေ အ‌နေဖြင့် ဖွင့်လှစ်မည်

ဖားအံဆက်ဆံ‌ရေးရုံး ‌ကေအဲန် အယ်လ်‌အေ အ‌နေဖြင့် ဖွင့်လှစ်မည်

1848
စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ကရင်ပြည်နယ် မြို့‌တော်ဖားအံ၌ စက်တင်ဘာလ ၂၉ရက်‌နေ့တွင် ဖွင့်လှစ်သွားမည့် ဆက်ဆံ‌ရေးရုံးမှာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) အ‌နေဖြင့်သာဖြစ်‌ကြောင်း တပ်ဖက်‌ခေါင်း‌ဆောင် တစ်ဦးက ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောသည်။

“ဖားအံမှာဖွင့်မဲ့ ရုံးက ‌ကေအဲန်ယူ ဗဟိုအ‌နေနဲ့ မဟုတ်ပါဘူး။ စစ်ဦးစီးချုပ်က သွားဖွင့်မှာမို့ KNLA အ‌နေနဲ့ဖွင့်တဲ့ ဆက်ဆံ‌ရေးရုံးပါ။ အခု ချိန်ဟာ အပစ်အခတ်ရပ်စဲ‌ရေးအတွက် ယုံကြည်မှု တည်‌ဆောက်‌နေတဲ့ကာလမို့ အပြန်အလှန် ယုံကြည်ပြီးမှသာ နိုင်ငံ‌ရေးစကားကို စားပွဲ ‌ပေါ်မှာ ‌ဆွေး‌နွေးသွားမယ် ဆိုတဲ့သ‌ဘောပါ”ဟု ရုံးဖွင့်ပွဲကို ကိုယ်တိုင်သွား‌ရောက်ခဲ့သူ အဆိုပါ တပ်ဖက်‌ခေါင်း‌ဆောင်က ‌ပြောသည်။

အဆိုပါရုံးဖွင့်လှစ်ရန် သွား‌ရောက်သူများထဲတွင် ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအလုပ်အမှု‌ဆောင်များအဖြစ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ပဒို‌စော‌ဒေးဗစ်‌ထောနှင့် ပဒို‌စော‌ရောဂျာခင်တို့ ပါဝင်ကြပြီး ပဒို‌စောကွယ်ထူးဝင်း၊ ပဒို‌စော‌ရွှေ‌မောင်း၊ ဗိုလ်မှူးချုပ် ‌ဂျော်နီတို့နှင့်အတူ အခြားအရပ်ဖက်၊ တပ်ဖက်‌ခေါင်း‌ဆောင် ၃၁ဦးမှာ ယ‌နေ့မနက်တွင် မြဝတီမြို့မှ ဖားအံမြို့သို့ ထွက်ခွာသွားပြီဖြစ်သည်။

မြဝတီရှိ စစ်ဖက်‌ရေးရာ လုံခြုံ‌ရေးအဖွဲ့(စရဖ) အဖွဲ့ဝင်တစ်ဦးက “ဒီမနက်‌စော‌စောပဲ ‌ကေအဲန်ယူ လူကြီး‌တွေ အ‌တော်များများ ဖားအံကို ဆင်းသွားပါတယ်။ လူဦး‌ရေနဲ့ အမည် အတိအကျကို ကျ‌နော်တို့ ‌မေးမြန်းညှိနှိုင်း‌နေဆဲမို့ ‌လော‌လောဆယ် မ‌ပြောနိုင်‌သေးပါဘူး”ဟု ယ‌နေ့ ‌နေ့လည်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ယခုလ ၃ရက်နှင့် ၄ရက်‌နေ့များက ‌ကေအဲန်ယူ အတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်နှင့် အစိုးရ သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်းတို့ ဦး‌ဆောင်‌သော အစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ နှစ်ဖက် လိုက်နာရမည့် ကျင့် ဝတ်စည်းကမ်းများကို မူအားဖြင့် ‌ဆွေး‌နွေးသ‌ဘောတူခဲ့ကြသည်။

သို့‌သော်လည်း ဆက်ဆံ‌ရေးရုံးဖွင့်လှစ်မည့် ‌ကေအဲန်ယူ အရပ်ဖက်၊ တပ်ဖက်‌ခေါင်း‌ဆောင်အချို့က နှစ်ဖက် လိုက်နာရမည့်ကျင့်ဝတ်ဆိုင် ရာများ၊ နိုင်ငံ‌ရေးစကားဝိုင်းများကို ‌နောက်ပိုင်းမှသာ ‌ဆွေး‌နွေးသင့်‌ကြောင်း အမြင်ရှိကြသည်ဟု နီးစပ်သူများက ‌ပြောသည်။

ဖားအံမြို့သို့ ထွက်ခွာသွားသူများအနက် ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်အချို့ ပါဝင်သွားခဲ့သလို ကရင်ဒုက္ခသည်‌ကော်မတီနှင့် ဒုက္ခ သည်စခန်း‌ကော်မတီဝင် အချို့လည်း ရုံးဖွင့်ပွဲကို သွား‌ရောက်ခဲ့သည်ဟု သိရသည်။

ထို့အတွက် ယ‌နေ့ပြုလုပ်သည့် ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်များ အစည်းအ‌ဝေးတွင် လူစုံတက်‌ရောက်နိုင်မည် မဟုတ်‌သော်လည်း လုပ်ထုံးလုပ်နည်းအရ လူဦး‌ရေ ထက်ဝက်‌ကျော်လျှင် အစည်းအ‌ဝေးဖြစ်‌မြောက်နိုင်‌ကြောင်း အမည်မ‌ဖော်လိုသူ KNLA တပ်မှူးတစ်ဦးက ‌ပြောသည်။

“အခု ဖားအံဆင်းသွားတဲ့အထဲမှာ အီးစီ(ဗဟိုအလုပ်အမှု‌ဆောင်)က သုံးဦးပါ‌နေတာ‌တော့ ဟုတ်ပါတယ်။ အီးစီအားလုံးက ၁၁ဦးရှိတယ်ဆို ‌တော့ ၆ဦးပြည့်ရင်ပဲ အစည်းအ‌ဝေးက အထ‌မြောက်ပါတယ်”ဟု အဆိုပါ KNLA တပ်မှူးက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံးသည် ယခုနှစ် ဇန်နဝါရီလ ၁၂ရက်‌နေ့က အစိုးရနှင့် လက်မှတ်‌ရေးထိုးခဲ့သည့် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲ‌ရေး သ‌ဘောတူညီချက်များထဲတွင် ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်သွားရန်ပါရှိပြီး ဧပြီလမှစ၍ ယခုအချိန်ထိ ‌ကျောက်ကြီး၊ ထားဝယ်၊ ဘုရား သုံးဆူ၊ မြဝတီမြို့များတွင် ဆက်ဆံ‌ရေးရုံးများ ဖွင့်လှစ်ပြီးစီးခဲ့ရာ ယခု ဖွင့်လှစ်မည့် ဖားအံမြို့ ဆက်ဆံ‌ရေးရုံးမှာ ပဉ်စမ‌မြောက် ဖြစ်သည်။

ဖားအံမြို့တွင် ဖွင့်လှစ်မည့် KNLA ဆက်ဆံ‌ရေးရုံးသို့ အစိုးရဘက်မှ ပြည်‌ထောင်စုအဆင့် မည်သူတက်‌ရောက်မည်ကိုသိရန် ပြည်နယ်ဝန် ကြီးချုပ်၊ နယ်စပ်‌ရေးရာ လုံခြုံ‌ရေးဝန်ကြီးများထံ ယ‌နေ့ ဆက်သွယ်ရာ ဖုန်းလိုင်းမ‌ကောင်း၍ ‌ဖြေကြားချက် မရရှိခဲ့‌ပေ။