Home သတင်း ဖလုံ-စ‌ဝေါ်ပါတီ၏ ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌ရေး ရက်တိုသင်တန်း ပြီးစီး

ဖလုံ-စ‌ဝေါ်ပါတီ၏ ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌ရေး ရက်တိုသင်တန်း ပြီးစီး

2157
စက်တင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)


ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေး (Peace Building) ရက်တိုသင်တန်းဆင်းပွဲကို ဘားအံမြို့ အမှတ်(၉)ရပ်ကွက်၊ ငု‌ရွှေဝါလမ်း‌တောင့်နှင့် အင်ကြင်း(၂)လမ်း‌တောင့်ရှိ ဖလုံ-စ‌ဝေါ်ပါတီရုံး၌ ယ‌နေ့ည‌နေ(၆)နာရီက ကျင်းပပြီးစီးသွားခဲ့ သည်။

ယခုကာလသည် ငြိမ်းချမ်း‌ရေးကာလ ‌ဆွေး‌နွေး‌နေချိန်ဖြစ်ပြီး ပြည်သူများအ‌နေနှင့်လည်း မိမိတို့၏ အခန်းကဏ္ဍတွင် ပါဝင်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေး ရက်တိုသင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဖလုံ-စ‌ဝေါ်ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး စဘီ ကျင်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်ပြည်နယ်မှာဆိုရင် ငြိမ်းချမ်း‌ရေးကို ‌တော်‌တော်‌လေး ခရီးသွား‌နေပြီးဆို‌တော့ ပါတီဝင်‌တွေအ‌နေနဲ့ ‌နောက် ပြည်သူလူထု‌တွေ‌ပေါ့ ‌နော် သိထားဖို့လိုတယ်။ လိုအပ်ရင် လိုအပ်သလို ဝိုင်းဝန်းပြီး‌တော့ ကူညီ‌ဆောင်ရွက်‌ပေးလို့ရ‌အောင်ပါ”ဟု သူက ဆိုသည်။

စက်တင်ဘာလ ၁၇ရက်‌နေ့တွင် စတင်ခဲ့သည့် ၎င်းသင်တန်းတွင် ရန်ကုန်မှ သင်တန်းဆရာ ၂ဦးက ကရင်ပြည်နယ်ရှိ မြို့နယ်များနှင့် မွန် ပြည်နယ် ကျိုက်မ‌ရောမြို့နယ်မှ သင်တန်းသူသင်တန်းသား‌ပေါင်း ၂၅ဦးအား ငြိမ်းချမ်း‌ရေးကိစ္စနှင့် ပတ်သက်သည့် ဘာသာရပ်ကို သင် ကြားပို့ချ‌ပေးခဲ့ခြင်း ဖြစ်သည်။

ယ‌နေ့ပြုလုပ်သည့် ၎င်းတို့၏ သင်တန်းဆင်းပွဲကို ပြည်သူ့လွှတ်‌တော်အမတ်များဖြစ်‌သော PSDP ပါတီ ဥက္ကဌ ‌စောသိန်း‌အောင်၊ နန်း‌စေး အွာ၊ အမျိုးသားလွှတ်‌တော်အမတ် ‌စော‌အောင်‌ကျော်နိုင်နှင့် ကျန်ပါတီဝင် အလုပ်အမှု‌ဆောင်များလည်း တက်‌ရောက်ခဲ့ကြသည်။

ဤသင်တန်းမှ သင်တန်းသူသင်တန်းသားများက တက်‌ရောက်သင်ကြားပြီး ရလာ‌သော အကျိုးရလဒ်ကို မိမိတို့၏ နယ်‌မြေ‌ဒေသအတွင်း လူမှု‌ရေးကိစ္စ၌‌သော်လည်း‌ကောင်း ပြန်လည် ‌ဆွေး‌နွေးရာတွင် ‌ပြောရဲဆိုရဲ ရှိလာနိုင်မည်ဟု ယုံကြည်‌ကြောင်း စဘီကျင်ဦးက ‌ပြောသည်။

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီသည် ၂၀၁ဝခုနှစ်တွင် ‌ခေါင်း‌ဆောင်မှုသင်တန်းနှင့် အမျိုးသမီးစွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ် ပြုလုပ်ခဲ့‌သော်လည်း ယခုလို ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေးသင်တန်းကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။