Home သတင်း တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုး‌ရေး BNI ဦးတည်ကြိုပမ်းသွားမည်

တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုး‌ရေး BNI ဦးတည်ကြိုပမ်းသွားမည်

2026
စက်တင်ဘာလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


နိုင်ငံတကာမြန်မာ့သတင်း(BNI)အဖွဲ့ဝင်များက ၎င်းတို့၏ ၁၈ ကြိမ်‌မြောက် ပုံမှန်အစည်းအ‌ဝေးကို စက်တင်ဘာ လ ၁၇ရက်မှ ၁၉ ရက်‌နေ့အထိ ထိုင်း မြန်မာနယ်စပ် တစ်‌နေရာ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားသတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ဦးတည်‌ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါအစည်းအ‌ဝေးပွဲတွင် အဖွဲ့ဝင်‌ပေါင်း(၁၁)ပါဝင်‌သောအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ‌လေ့လာသူအပါ အဝင် (၂၁)ဦး တက်‌ရောက်ခဲ့ကြကာ တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။

အစည်းအ‌ဝေးတွင် BNI ၏ ဖွံ့ဖြိုးတိုးတက်‌ရေး အရာရှိအဖြစ် အသစ်‌ရွေးချယ်ခံရသည့် ကရင်သတင်းဌာန (‌ကေ အိုင်စီ)မှ အယ်ဒီတာ နန်း‌ဖော့‌ဂေက “မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ငြိမ်းချမ်းတဲ့ ဒီမိုက‌ရေစီ ပြည့်ဝတဲ့ အခွင့်အ ‌ရေး၊ တန်း တူညီမျှမှုရှိတဲ့ ပြည်‌ထောင်စုကြီး ဖြစ်ထွန်းမှုအတွက် တိုင်းရင်းသား မီဒီယာ‌တွေဖွံ့ဖြိုးမှုဟာ အလွန် အ‌ရေးကြီးတယ်”ဟု ‌ပြောသည်။

ဆက်လက်၍ အစည်းအ‌ဝေးတွင် BNI အဖွဲ့များအ‌နေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်‌ရောက်အလုပ်လုပ်ပြီး တဖွဲ့ချင်းအလိုက် တိုင်းရင်းသားဘာသာဖြင့် ‌ရေးသားသည့် ဂျာနယ်ထုတ်‌ဝေရန် ‌ဆွေး‌နွေးခဲ့ကြသည်ဟုလည်း နန်း‌ဖော့‌ဂေက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် BNI သည် အခြား‌သော သတင်းမီဒီယာများနှင့် အတူအကွ လက်တွဲ အလုပ်လုပ်လုပ်‌ဆောင်သွားရန် အစည်းအ‌ဝေး၌ သ‌ဘောတူညီဆုံးဖြတ်ခဲ့ကြသလို သတင်းထုတ်ပြန်ချက်တစ်‌စောင်လည်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားဘာသာစကားဖြင့် လွတ်လပ်‌သောသတင်းစာ၊ စာနယ်ဇင်း၊ ‌ရေဒီယို ရုပ်သံ လွှင့်အစီအစဉ်များ ‌ပေါ်ထွန်းဖွံ့ ဖြိုးလာရန်လိုအပ်သည်ဟု ထိုထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

BNI ကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သတင်းမီဒီယာအားဖြင့် လူမျိုးမ‌ရွေး၊ ဘာသာမ‌ရွေး၊ ‌နေရာမ‌ရွေးပဲ လွတ်လပ်သည့် သတင်းမီဒီယာဌာနများဖြင့် စုစည်းထားသည့် မီဒီယာကွန်ယက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

၂၀၀၃ခုနှစ်က BNI ကို စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ကချင်သတင်းဌာန၊ ကရင်သတင်းဌာန၊ ကန္တာ
ရဝတီတိုင်းမ်၊ ခိုနထုန်သတင်းဌာန၊ သျှမ်းသံ‌တော်ဆင့်၊ နိရဉ်စရာသတင်းဌာန၊ လွတ်လပ်‌သော မွန်သတင်း
‌အေဂျင်စီ၊ ‌ရွှေဟသင်္ာသတင်းဌာန၊ သတင်းနှင့် မီဒီယာကွန်ယက်၊ ကုလားတန်သတင်းဌာနနှင့် မဇ္ဈိမသတင်း
ဌာနတို့ ပါဝင်သည်။