Home သတင်း တိုင်းရင်းသားပါတီအချို့ ထိုင်းနိုင်ငံ အုပ်ချုပ်‌ရေးစနစ်ကို ‌လေ့လာ‌နေ

တိုင်းရင်းသားပါတီအချို့ ထိုင်းနိုင်ငံ အုပ်ချုပ်‌ရေးစနစ်ကို ‌လေ့လာ‌နေ

2289
စက်တင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။(‌ကေအိုင်စီ)


မြန်မာနိုင်ငံရှိ တိုင်းရင်းသားပါတီအချို့မှ ကိုယ်စားလှယ်များက ထိုင်းနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံများကို ‌လေ့လာရန် ယခု စက်တင်ဘာလ ၁၆ရက်‌နေ့တွင် ထိုင်းနိုင်ငံသို့ ‌ရောက်ရှိပြီး လက်ရှိအချိန်တွင် ဘန်‌ကောက်မြို့‌တော်၌ ‌လေ့လာမှုများ ပြုလုပ်လျှက်ရှိသည်။

ကရင်ပြည်သူ့ပါတီ-KPP ၊ မွန်‌ဒေသလုံးဆိုင်ရာဒီမိုက‌ရေစီပါတီ-AMRD၊ ချင်းအမျိုးသားပါတီ-CNP၊ ချင်းတိုးတက်‌ရေးပါတီ CPP၊ ရခိုင်တိုင်း ရင်းသားများတိုးတက်‌ရေးပါတီ-ARNDP၊ သျှမ်းအမျိုးသားများဒီမိုကရက်တစ်ပါတီ-SNDPနှင့် အမျိုးသားဒီမိုက‌ရေစီအင်အားစု-NDF ပါတီ များမှ ကိုယ်စားလှယ်များက ထိုင်းနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံကို ယ‌နေ့ထိ ‌လေ့လာ‌နေခြင်းဖြစ်သည်။

KPP တွဲဘက်အတွင်း‌ရေးမှူး ‌စောမိုးမြင့်က “ကျ‌နော်တို့ ထိုင်းနိုင်ငံရဲ့ ‌ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် အုပ်ချုပ်ပုံအဆင့်ဆင့် ‌တွေ ‌နောက်ပြီး ထိုင်းပါလီမာန်က အုပ်ချုပ်ပုံနဲ့ သူတို့မြို့‌တော် ဘန်‌ကောက်ရဲ့ စည်ပင်သာယာ‌ရေး‌တွေကို အဓိက လာ‌ရောက်‌လေ့လာ တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ‌လေ့လာ‌ရေးခရီးစဉ်တွင် ကရင်၊ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန် စသည့် တိုင်းရင်းသားပါတီများမှ ပြည်သူ့လွှတ်‌တော်အဆင့်နှင့် အမျိုးသား လွှတ်‌တော်အဆင့်ရှိ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၁၆ဦးတို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား ကိုယ်စားလှယ်များသည် ယခု ဘန်‌ကောက်မြို့ရှိ စည်ပင်သာယာရုံးနှင့် ပါလီမန်ရုံးတို့၌ ၎င်းတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံများကို ‌လေ့လာလျက်ရှိပြီး ၎င်းတို့၏ ‌ငွေ‌ကြေး(Budget) ‌ရေးဆွဲပုံများကိုလည်း ‌လေ့လာသွားရန်ရှိသည်ဟု သိရသည်။

ယခု ခရီးစဉ်၌ နိုင်ငံ‌ရေးသိပ္ပံ၊ ဗဟိုချုပ်ကိုင်မှု‌လျှော့ချခြင်းနှင့် ‌ဒေသန္တရအုပ်ချုပ်‌ရေးကိစ္စများ၏ သီအိုရီများကို ချင်းမိုင်တက္ကသိုလ်ရှိ နိုင်ငံ ‌ရေးသိပ္ပံဌာနမှ ဆရာများက ၎င်းကိုယ်စားလှယ်များအား သင်ကြားပို့ချ‌ပေးခဲ့သည်ဟု ‌စောမိုးမြင့်က ဆက်‌ပြောသည်။

“ဒီမှာ‌တော့ ဗဟိုချုပ်ကိုင်မှုက တဖြည်းဖြည်း‌လျှော့ပြီး‌တော့ ‌အောက်‌ခြေက အဖွဲ့စည်း‌တွေကို အာဏာခွဲ‌ဝေ‌ပေးတဲ့စနစ် ကျင့်သုံးပါတယ်။ သူတို့မှာ ကျ‌နော်တို့နဲ့ကွာတာက ခရီးသွားလာမှု လွယ်ကူတယ်၊ ဆက်သွယ်‌ရေး‌တွေ ‌ကောင်းမွန်တယ်။ စည်းရုံးပြီး လုပ်ကိုင်ရတာ လွယ် ကူပါတယ်။ လူတစ်ဦးချင်း အလုပ်အကိုင်နဲ့ ဉာဏ်ရည်က‌တော့ မကွာပါဘူး”ဟု ဦးမိုးမြင့်က ရှင်းပြသည်။

ထိုင်းနိုင်ငံ နှီး‌နှောဖလှယ်ပွဲတစ်ခုသို့ တက်‌ရောက်‌နေသည့် KWAG မှ ‌နော်စူစဲနာလှလှစိုးကလည်း “ဒီလိုတိုင်းရင်းသား ကိုယ်စားလှယ်‌တွေ အတွက် ‌လေ့လာ‌ရေးခရီးစဉ်ဟာ အင်မတန်‌ကောင်းပါတယ်။ ဘာဖြစ်လဲဆို‌တော့ မြန်မာပြည်ဟာ ခုမှစပြီး ‌ပြောင်းလဲတဲ့ နိုင်ငံဖြစ်တဲ့အ တွက် သူများနိုင်ငံ‌တွေရဲ့ အ‌တွေ့အကြုံကို အများကြီး ယူရပါမယ်”ဟု သူမ၏အမြင်ကို ‌ပြောဆိုသည်။

တိုင်းရင်းသားပါတီများ၏ ‌လေ့လာ‌ရေး ခရီးစဉ်ဖြစ်‌မြောက်‌ရေးအတွက် ကူညီစီစဉ်‌ပေးသည့် ဗဟုဖွံ့ဖြိုး‌ရေးအဖွဲ့မှ အကြီးတန်း အရာရှိ ကို‌အောင်သူငြိမ်းက “ကျ‌နော်တို့တိုင်းပြည်ဟာ ဒီမိုက‌ရေစီကို ‌ပြောင်းလဲသွား‌နေတယ်‌လေ။ အဲလိုမျိုးမှာ သူများ‌တွေရဲ့ အ‌တွေ့အကြုံကို လည်း ‌လေ့လာ‌စေချင်တယ်။ ကျ‌နော်တို့ဘက်ကလည်း တတတ်တအား ဝိုင်းကူကြတဲ့သ‌ဘောပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသား ကိုယ်စားလှယ်များသည် လာမည့် ‌အောက်တိုဘာလ ၄ရက်‌နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။