Home ထိပ်တန်းသတင်း တတိယအကြိမ် ‌ဆွေး‌နွေးပွဲခရီးစဉ် KNU သတင်းထုတ်ပြန်

တတိယအကြိမ် ‌ဆွေး‌နွေးပွဲခရီးစဉ် KNU သတင်းထုတ်ပြန်

2050
စက်တင်ဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


မြန်မာအစိုးရနှင့် တတိယအကြိမ် ‌ဆွေး‌နွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဇွဲကပင်ဟိုတယ်တွင် စက်တင်ဘာလ ၃ရက်မှ ၄ရက်‌နေ့အ ထိ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး‌နောက် ကရင်အမျိုးသားအစည်းအရုံး-KNU က ယ‌နေ့ သတင်းထုတ်ပြန်လိုက်သည်။

မြန်မာအစိုးရဘက်မှ ဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်‌သော ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ၁ဝဦးတို့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး KNU အတွင်း ‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ၉ဦး ပါဝင်‌သောအဖွဲ့သည် ယ‌နေ့မနက်တွင် ထိုင်း-မြန်မာနယ်စပ် သို့ ပြန်လည်‌ရောက်ရှိလာပြီး ယခုလို သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၎င်း‌ဆွေး‌နွေးပွဲမှ မူအားဖြင့် နှစ်ဦးနှစ်ဘက် သ‌ဘောတူညီခဲ့သည့် အပစ်အခတ်ရပ်စဲ‌ရေး ကျင့်ဝတ်စည်းကမ်း(မူကြမ်း)အ‌ပေါ် ပြည်သူများ သိ‌စေရန် သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု KNU ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ပြောခွင့်ရသူ ‌နော်‌မေဦးက ‌ပြောသည်။

‌နော်‌မေဦးက “ကျမတို့ နှစ်ဘက်‌တွေ့ဆုံမှုရဲ့ ရလဒ်ဟာ ပြည်သူလူထု‌တွေ သိရဖို့ အ‌ရေးကြီးသလို သိသင့်သိထိုက်တာမို့လို့ အခု ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျမတို့ သတင်းထုတ်ပြန်လိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ‌တွေ့ဆုံမှုတွင် ပါဝင်‌ဆွေး‌နွေးခဲ့ကြသည့် နှစ်ဘက်ကိုယ်စားလှယ်များအ‌နေဖြင့် အထိုက်အ‌လျောက် အားရ‌ကျေနပ်မှုများ ရှိ‌သော်လည်း ပြည်သူများဘက်မှ သ‌ဘောထားမှာ ၎င်းတို့နှင့် တစ်ထပ်တည်း ရှိမရှိ ‌စောင့်ကြည့်ရဦးဖြစ်‌သော‌ကြောင့် ငြိမ်းချမ်း‌ရေးလုပ် ငန်းစဉ်၌ KNU အ‌နေဖြင့် ‌ရှေ့ဆက် လုပ်‌ဆောင်ရမည့် အရာများကို သတိကြီးစွာ လုပ်သွားမည်ဖြစ်သကဲ့သို့ အ‌ကောင်းဆုံး ကြိုးပမ်းသွား မည်ဟု ‌နော်‌မေဦးက ဆိုသည်။

KNU နှင့် အစိုးရသည် ‌ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားများအဖြစ် ဘဝရပ်တည်နိုင်‌ရေးအာမခံနိုင်ရန်၊ ပြည်သူများအတွင်း ယုံကြည်မှုတည်‌ဆောက်ရန် ဦးတည်သည့် နှစ်ဘက်လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် ကရင်ပြည်နယ်အတွင်း အပါအဝင် အခြား ကရင်‌ဒေသများအတွင်း တပ်စွဲထား‌သော အစိုးရတပ်များ ‌ရွှေ့‌ပြောင်း‌ရေးကိစ္စကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အပစ်အခတ်ရပ်စဲ‌ရေး ကျင့်ဝတ်စည်းကမ်းများနှင့် ပတ်သက်၍ မူအားဖြင့် သ‌ဘောတူထားမှုကို ‌နောက်ဆုံး သ‌ဘောတူညီချက် ရရှိရန်အ တွက် အစိုးရကိုယ်စားလှယ်များက သက်ဆိုင်ရာအထက်များသို့ ပြန်လည်တင်ပြပြီး ‌နောက်တကြိမ်ထပ်မံ‌တွေ့ဆုံကြရန် သ‌ဘောတူခဲ့ ‌ကြောင်းလည်း ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

ထို့အပြင် KNU နှင့် အစိုးရသည် ‌နောက်တကြိမ် ထပ်မံ‌တွေ့ဆုံ‌ရေးကို ၂၀၁၂ခုနှစ်မကုန်မီအတွင်း ‌ဆွေး‌နွေးပွဲ ဖြစ်‌မြောက်ရန် ကြိုးပမ်းသွား မည်ဖြစ်ပြီး ၎င်းတို့လုပ်‌ဆောင်‌သော ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်းစဉ် ‌အောင်မြင်သည်အထိ ဆက်လက်လုပ်‌ဆောင်သွားမည်ဟု သိရသည်။