Home သတင်း ကား‌တောင်းခံမှု‌ကြောင့် ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးနှင့် အစိုးရစစ်တပ် တင်းမာမှုဖြစ်ပွားခဲ့

ကား‌တောင်းခံမှု‌ကြောင့် ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးနှင့် အစိုးရစစ်တပ် တင်းမာမှုဖြစ်ပွားခဲ့

1714
စက်တင်ဘာလ ၇ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့နယ်ရှိ ဆင်ဖြူတိုင်‌ကျေးရွာမှ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးကို ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက်‌နေ့က မြန်မာအစိုးရ စစ်တပ်အရာရှိမှ ‌သေနတ်ဖြင့်ခြိမ်း‌ခြောက်ခဲ့မှု‌ကြောင့် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ထားဝယ်မြို့နယ်ရှိ နည်းှဗျူဟာ(၃)မှူး ‌ရှေ့တန်း ‌ခြေမြန်တပ်ရင်း(၄၀၂)မှ ဗိုလ်မှူး‌နေမျိုး‌အောင်သည် အမိုရွာသို့ တပ်အ‌ပြောင်းအလဲ ပြုလုပ် ရန်အတွက် ဆင်ဖြူတိုင်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ဦး‌စော‌လေး‌အောင်အား ‌ခေါ်‌တွေ့ပြီး ကားများ စီစဉ်ခိုင်းသည်ကို မလုပ်‌ဆောင်နိုင်သည့်အ ‌ပေါ် အချင်းများခဲ့ပြီး ‌သေနတ်ထုတ်ကာ ခြိမ်း‌ခြောက်ခဲ့ရာမှ ယင်းသို့ တင်းမာမှု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ‌ဒေသခံတစ်ဦးက “အရင်တုန်းကလည်း ရှိခဲ့ဘူးတယ်။ အဲဒီတုန်းက ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌တွေနဲ့ နားလည်မှုရှိ ‌တော့ အဆင်‌ပြေတာ‌ပေါ့။ အခု ကြာလာ‌တော့ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးလည်း သည်းမခံနိုင်‌တော့ဘူး။ အဲဒါနဲ့ တစ်‌ယောက်တစ်ခွန်း စကား များပြီး အခုလို ထဖြစ်တာပဲ”ဟု ‌ပြောသည်။

အဆိုပါ အစိုးရတပ်ရင်းမှာ အမှတ်(၈) စစ်ဆင်‌ရေးကွပ်ကဲမှု‌အောက်ရှိ ‌ရှေ့တန်း နည်းှဗျူဟာ(၃)မှူး ဗိုလ်မှူးကြီးကြည်စိုး လက်‌အောက်ခံ တပ်ရင်းဖြစ်ပြီး ယခင်က ရွာသားများအ‌ပေါ် အတင်းအဓမ္မ ခိုင်း‌စေခြင်းနှင့် ခရီးသည်တင်ကားများကိုလည်း အခ‌ကြေး‌ငွေမ‌ပေးဘဲ ‌ချောဆွဲ ခြင်းများ ရှိခဲ့သည်။

သို့‌သော် ယခုဖြစ်စဉ်တွင် အဓမ္မခိုင်း‌စေခြင်းနှင့် ‌ပေါ်တာဆွဲခြင်းမျိုး မရှိဘဲ တပ်အ‌ပြောင်းအ‌ရွှေ့အတွက် ကားစီစဉ်‌ပေးရန်သာ ‌ကျေးရွာအုပ် ချုပ်‌ရေးမှူးထံ အကူအညီ‌တောင်းခြင်းဖြစ်ပြီး အ‌ချေအတင်ဖြစ်မှုများ‌ကြောင့်သာ တင်းမာသွားခဲ့ခြင်းဖြစ်‌ကြောင်း ‌ဒေသခံများက ဆိုသည်။

အဆိုပါ‌ဒေသခံကပင် “အခု‌တော့ အဆင်‌ပြေသွားပါပြီ။ အုပ်ချုပ်‌ရေးမှူးက ရွာထဲက ကား‌တွေနဲ့ပဲ သူတို့လိုရာ ပို့‌ပေးလိုက်ရတယ်”ဟု ‌ပြော သည်။

မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲထား‌သော်လည်း မြို့နှင့် အလှမ်း‌ဝေး‌သော အချို့ တိုင်းရင်းသား‌ဒေသများရှိ ‌ဒေသခံများအား မတရားခိုင်း‌စေခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း စသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ပြုလုပ်‌နေဆဲ ဖြစ်သည်။

တင်းမာမှုဖြစ်ပွားသည့် စက်တင်ဘာလ ၃ရက်‌နေ့သည် အစိုးရနှင့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်များ ဖားအံမြို့တွင် တတိယအ ကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေချိန်ဖြစ်ရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ မဲဝိုင်‌ကျေးရွာအုပ်စုရှိ အစိုးရတပ်မှ စစ်သည်များက မိမိတို့ မကြာခင် ပြန်ရ‌တော့မည်ဟု ပြီးခဲ့သည့်နှစ်ရက်က ရွာသားများအား ‌ပြောဆို‌ကြောင်း သိရသည်။