Home ထိပ်တန်းသတင်း ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အကူအညီများစွာ လိုအပ်‌နေ‌သေး

ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အကူအညီများစွာ လိုအပ်‌နေ‌သေး

2063
စက်တင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


မြန်မာအစိုးရနှင့် KIA တို့အကြား တနှစ်‌ကျော်ကြာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး‌နောက် ဒုက္ခသည်အ‌ရေအတွက် အဆမတန် များပြား လာပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်းတို့‌ကြောင့် ဒုက္ခသည်များမှာ အစားအ‌သောက်၊ ‌နေရာထိုင်ခင်းနှင့် ‌ဆေးဝါး ‌ထောက်ပံ့မှု အကူ အညီများစွာ လိုအပ်လျှက်ရှိ‌ကြောင်း ဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့်အဖွဲ့များ၏ ‌ပြောပြချက်အရ သိရသည်။

ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ မွန်း‌နေလီက “ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်‌တွေကို အကူအညီ‌ပေးတဲ့ အဖွဲ့အ စည်း‌တွေက‌နေ အကူအညီများ လုံးဝ ရပ်ဆိုင်းလိုက်တဲ့‌နောက်ပိုင်းမှာ အဓိကဖြစ်တဲ့ စား‌သောက်ကုန်‌တွေ ဝယ်ခြမ်းဖို့အတွက်‌တောင်မှ အခက်အခဲရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

တိုက်ပွဲ‌ကြောင့် ထွက်‌ပြေးလာရ‌သော ကချင်ဒုက္ခသည်များကို ကမ္ဘာ့ကုလသမဂ္ဂ-UN နှင့် အ‌မေရိကန်ပြည်‌ထောင်စု-USA တို့အ‌နေဖြင့် ဒုက္ခသည်များအား လိုအပ်‌သော အကူအညီများ‌ပေးမည်ဟု သတင်းထွက်‌ပေါ်လာပြီး‌နောက်ပိုင်း လတ်တ‌လောတွင် ကူညီ‌ထောက်ပံ့‌ပေး ‌နေသည့် အဖွဲ့အစည်းများက အကူအညီများ လုံးဝ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။

လက်ရှိ ကချင်ပြည်နယ်၊ ဖားကန့်မြို့‌ပေါ်တွင် ဒုက္ခသည်စခန်း‌ပေါင်း ၃၀‌ကျော်ရှိပြီး ဒုက္ခသည် စုစု‌ပေါင်း တစ်‌သောင်းဝန်းကျင်ရှိကာ မြို့ ‌ပေါ်ရှိ ‌စေတနာရှင်များ၊ ဘာသာ‌ရေးအသင်းအဖွဲ့များမှ ‌ကျွေး‌မွေး‌စောင့်‌ရှောက်ထားလျှက်ရှိ‌သော်လည်း ‌ရေရှည်အတွက်မူ အခက်အခဲများ စွာ ရှိလာနိုင်‌ကြောင်း ဖားကန့်မြို့ခံများက ‌ပြောဆို‌နေကြသည်။

ထို့အပြင် ကချင်‌ဒေသရှိ ဒုက္ခသည်စခန်းများ၌ ‌နေထိုင်‌သော ဒုက္ခသည်များနှင့် က‌လေးသူငယ်များမှာ အာဟာရချို့တဲ့မှုများ‌ကြောင့် ဝမ်း ပျက်ဝမ်း‌လျှော၊ တုပ်‌ကွေး၊ ငှက်ဖျား စသည့်‌ရောဂါများ ဖြစ်ပွားလျှက်ရှိပြီး ‌ဆေးဝါးမလုံ‌လောက်မှုမရှိ‌သော‌ကြောင့် သက်ကြီးရွယ်အိုများနှင့် က‌လေးသူငယ်များအတွက် ကျန်းမာ‌ရေးအ‌ခြေအ‌နေ စိုးရိမ်‌နေရသည်ဟု KWAT က ဆိုသည်။

အလားတူ ပူတာအိုနှင့် မချမ်း‌ဘောမြို့နယ်များတွင် ဇူလိုင်လကတည်းက ဆန်ပြတ်လပ်မှု‌ကြောင့် ဆန်တအိတ်လျှင် မြန်မာကျပ်‌ငွေ ၈‌သောင်းမှ ၁သိန်းအထိ ‌ဈေးတက်သွားပြီး မြို့‌ပေါ်နှင့် အချို့‌ကျေးရွားများရှိ ‌ငွေ‌ကြေးမတတ်နိုင်သူများအ‌နေဖြင့် မျှစ်၊ ငှက်‌ပျောဖူး၊ ငှက်‌ပျောအူများကို ချက်ပြုတ်စား‌သောက်‌နေရသည့် အ‌ခြေအ‌နေအထိ ရင်ဆိုင်‌နေရသည်။

လက်ရှိ တရုတ်ပြည်နယ်စပ် ကချင်ပြည်နယ်၊ မိုင်ဂျာယန်‌ဒေသရှိ ဒုက္ခသည်က‌လေးငယ် တစ်‌သောင်း‌ကျော်အတွက် ဆရာဆရာမများ၊ သင်‌ထောက်ကူပစ္စည်းများလုံ‌လောက်မှုအပါအဝင် အခြားလိုအပ်ချက်များစွာ ရှိ‌နေ‌ကြောင်းလည်း KWAT က ‌ပြောသည်။

ကချင်ပြည်နယ်တွင် ယခင် ၂၀၁၁ခုနှစ်၊ ဇွန်လမှ ယခုအချိန်ထိ မြန်မာစစ်တပ်နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA တို့၏ တိုက်ပွဲ များ‌ကြောင့် ‌နေရပ်စွန့်ခွာထွက်‌ပြေးခဲ့ရသူ ဒုက္ခသည်‌ပေါင်းတစ်သိန်း ဝန်းကျင်ခန့်ရှိလာပြီဟု ဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့် အဖွဲ့များ က ‌ပြောဆို‌နေကြသည်။