Home သတင်း ကချင်ကို ထိုးစစ်မရပ်ပါက အစိုးရနှင့် ထိ‌တွေ့ဆက်ဆံမှု အားလုံး ဆိုင်းငံ့ရန် ENCတိုက်တွန်း

ကချင်ကို ထိုးစစ်မရပ်ပါက အစိုးရနှင့် ထိ‌တွေ့ဆက်ဆံမှု အားလုံး ဆိုင်းငံ့ရန် ENCတိုက်တွန်း

1414
စက်တင်ဘာလ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

မြန်မာအစိုးရသည် ကချင်‌ဒေသကို ဆက်လက် ထိုးစစ်ဆင်ပါက လက်ရှိ အပစ်ရပ်တိုင်းရင်းသား အဖွဲ့များအ‌နေဖြင့် ထိ‌တွေ့ဆက်ဆံမှုအား လုံး ဆိုင်းငံ့ရန် တိုင်းရင်းသားလူမျိုးများ‌ကောင်စီ(ပြည်‌ထောင်စုမြန်မာနိုင်ငံ) -ENC က တိုက်တွန်းလိုက်သည်။

ENC က ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာ၌ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်မှ ၁၂ရက်‌နေ့အထိ ပြုလုပ်သည့် ၎င်းတို့၏ တတိယသက် တမ်း၊ တတိယအကြိမ် နှစ်ပတ်လည်‌ကောင်စီ စုံညီအစည်းအ‌ဝေးပြီး‌နောက် ယမန်‌နေ့က ထိုသို့ ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက် ခြင်း ဖြစ်သည်။

ENC ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌ဒေါက်တာ‌ရွှေခါးရ်က “အပစ်အခတ်ရပ်စဲ‌ရေးကို ဖျက်ဆီးဖို့ မရည်ရွယ်ပါဘူး။ အပစ်ရပ်တိုင်းရင်း သားအဖွဲ့‌တွေအ‌နေနဲ့ အစိုးရကို ‌တွေ့ဆုံစကား‌ပြောတာ၊ အလွတ်သ‌ဘောနဲ့ တရားဝင်သ‌ဘော ‌တွေ့ဆုံတာ‌တွေ ဆိုင်းငံ့‌ပေးဖို့ တိုက်တွန်း တာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကချင်‌ဒေသကို ထိုးစစ်မဆင်ရန် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် နှစ်ကြိမ်အမိန့်ထုတ်ခဲ့‌သော်လည်း စစ်တပ်က မလိုက်နာ၍ ဆက် လက် ဖြစ်ပွား‌နေသည့် ယင်းတိုက်ပွဲများ‌ကြောင့် လက်ရှိ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌သော စစ်‌ပြေးဒုက္ခသည် ၉‌သောင်း‌ကျော်အတွက် နိုင်ငံ တကာမှ‌ပေး‌သော အ‌ထောက်အပံ့များကို အစိုးရက ဟန့်တားခဲ့မှုများကို ရှုတ်ချ‌ကြောင်းလည်း ENC ‌ကြေညာချက်တွင် ပါရှိသည်။

“ရှင်းရှင်း‌ပြောရရင် ကျ‌နော်တို့်အစိုးရက နှစ်ခုရှိ‌နေတယ်။ အခု အပစ်အခတ်ရပ်စဲ‌ရေးက ပြည်‌ထောင်စုအစိုးရနဲ့ လုပ်ပြီး‌တော့ စစ်တပ်က အဲဒါကို ‌ကောင်း‌ကောင်း မလိုက်နာခဲ့ဘူးဆိုတာ အဓိကအ‌ကြောင်းအရာတစ်ခုပဲ ဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ENC က မြန်မာနိုင်ငံတွင် ပင်လုံကဲ့သို့‌သော ညီလာခံအပါအဝင် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုဖြစ်စဉ်၏ “မူ‌ဘောင်” (Frame-work) များကို အစိုးရနှင့် တိုင်းရင်းသားလူမျိုးတို့အကြား နှစ်ဦးနှစ်ဖက် ညှိနှိုင်းရန်လိုအပ်‌ကြောင်းလည်း ‌ကြေညာချက်က ဆိုသည်။

‌ဒေါက်တာ‌ရွှေခါးရ်က “framework လုပ်ဖို့ ကျ‌နော်တို့ တတ်နိုင်တဲ့ဘက်က ညှိပြီး‌တော့ အတူတကွ လုပ်‌ဆောင်သွားမယ်။ တိုင်းရင်းသား ‌တွေဘက်ကလည်း framework ထွက်လာ‌အောင် ကျ‌နော်တို့ ကူညီ‌ပေးသွားမယ်”ဟု ‌ပြောသည်။

ယခု ပြီးစီးခဲ့သည့် ENC ၏ တတိယအကြိမ် နှစ်ပတ်လည်‌ကောင်စီ စုံညီအစည်းအ‌ဝေးပွဲတွင် အလှည့်ကျ ဥက္ကဌအဖြစ် ဆက်လက် ‌ဆောင်ရွက်သွားရန် ‌ဒေါက်တာဆလိုင်းလျန်မှုန်းဆာ‌ခေါင်းအား ‌ရွေးချယ်လိုက်ပြီး ၎င်းအစည်းအ‌ဝေးပွဲသည် ကရင်နီ(ကယား)မှအပ ကျန်တိုင်းရင်းသားအဖွဲ့‌ပေါင်းစုံများ တက်‌ရောက်‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

Ethnic Nationalities Council (Union of Burma)‌ခေါ် တိုင်းရင်းသားလူမျိုးများ‌ကောင်စီ (ပြည်‌ထောင်စုမြန်မာနိုင်ငံ)ကို မြန်မာနိုင်ငံရှိ ပြည်နယ် ၇ခုမှ ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် သျှမ်း တိုင်းရင်းသားလူမျိုးများကို အ‌ခြေခံ၍ ၂၀၀၄ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။