Home သတင်း ဩစ‌တြေးလျား၊ မဲလ်ဘမ်းမြို့ ကရင့်ရိုးရာချည်ဖြူဖွဲ့ပွဲတွင် ပရိဿတ် ၈၀ဝနီးပါး ဆင်နွဲ

ဩစ‌တြေးလျား၊ မဲလ်ဘမ်းမြို့ ကရင့်ရိုးရာချည်ဖြူဖွဲ့ပွဲတွင် ပရိဿတ် ၈၀ဝနီးပါး ဆင်နွဲ

1748
ဩဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ဩစ‌တြေးလျားနိုင်ငံ၊ မဲလ်ဘမ်းမြို့တွင် ယမန်‌နေ့က Australia Karen Organization-AKO (Victoria branch) မှ ဦးစီးကျင်းပ‌သော ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲ‌တော်သို့ လူပရိဿတ် ၈၀ဝနီးပါး တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ချည်ဖြူဖွဲ့ပွဲ အခမ်းအနားကို ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘမ်းမြို့ ‌ဝေါ်ရဘီရပ်ကွက်ရှိ Event Centre တွင် စ‌နေ‌နေ့ ‌နေ့လည် (၁၁)နာရီမှ ည‌နေ(၃)နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြရာ မဲလ်ဘမ်းမြို့‌တော်ဝန် အပါအဝင် ဖိတ်ကြားထား‌သော ဧည့်သည်များ၊ နိုင်ငံခြားသားများ၊ ကရင်မိသားစုများနှင့် ဗမာမိသားစုများ လာ‌ရောက်ဆင်နွှဲခဲ့ကြသည်။

“ရိုးရာယဉ်‌ကျေးမှုကို ဆက်လက် ထိန်းသိမ်းတာဟာ အမျိုးသား‌ရေးတာဝန်တရပ်ပဲ ဖြစ်တယ်။ ကရင်တစ်‌ယောက်ဖြစ်ပြီး ဒီလိုလက်ချည် ခြင်းဟာ ငါတို့နဲ့မဆိုင်ပါဘူးဆိုတဲ့ ရိုးရာကို မ‌ထေမဲ့မြင်ပြုခြင်းဟာလည်း မိမိလူမျိုးကို အထင်‌သေးရာ‌ရောက်တယ်”ဟု ‌စောအဲမွီက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ချည်ပွဲ အခမ်းအနားတွင် ကရင့်ရိုးရာ ဝတ်စားဆင်ယင်မှုပြပွဲများ၊ ရိုးရာ‌တေးသီချင်းသီဆိုခြင်းများ၊ ရိုးရာဒုံးအကများ၊ ဝါးညှပ်အက များ၊ ‌တေးသရုပ်‌ဖော်များနှင့် ရိုးရာ‌စောင်း‌ကောက် တီးမှုတ်‌ဖျော်‌ဖြေခြင်းများ ပါဝင်သည်။

AKO ဗဟို‌ကော်မတီဝင် ‌စောသိန်းစုက ကရင်လူမျိုးများသည် မွန်ဂိုကုန်းမြင့်မှ‌နေ၍ ဂိုဘီသဲကန္တာရသို့ သဲမုန်တိုင်းများကြားမှ ထိတ်လန့် ‌ကြောက်ရွံ့စွာ ‌ရွှေ့‌ပြောင်းထွက်ခွာလာခဲ့ကြပြီး ပြန်ဆုံ‌တွေ့ချိန်၌ တဦးကိုတဦး မှတ်မိ‌စေခြင်းငှာ လက်တွင် ချည်ဖြူထုံးဖွဲ့ချည်‌နှောင်သည့် အမှတ်အသား ပြုခဲ့ကြခြင်းဖြစ်‌ကြောင်း ချည်ဖြူဖွဲ့ရခြင်း၏ အနှစ်သာရကို ‌ပြောကြားခဲ့သည်။

၎င်းအပြင် လူမျိုးတိုင်းတွင် သမိုင်း၊ စာ‌ပေ၊ ယဉ်‌ကျေးမှု၊ ဘာသာစကားနှင့် ဓ‌လေ့ထုံးတမ်းဟူ‌သော အချက် (၅)ချက်နှင့် ကိုက်ညီသင့် သည့်အ‌ပေါ် ကရင်လူမျိုးများသည် မည်သည့်အရပ်‌ဒေသသို့ ‌ရောက်သည်ဖြစ်‌စေ လူမျိုးချစ်စိတ်နှင့် ယဉ်‌ကျေးမှုကို ‌လေးစားနားလည် ထိန်းသိမ်းတတ်‌စေရန်အတွက် ဩစ‌တြေးလျား လူမှုအသိုင်းအဝိုင်းကြား၌ မိမိယဉ်‌ကျေးမှုကို ထုတ်‌ဖော်ဖလှယ်‌သော ရည်ရွယ်ချက်ဖြင့် စဉ်လာမပျက် ကျင်းပရခြင်းဖြစ်သည်ဟု သူက ဆက်‌ပြောသည်။။

AKO ဗစ်တိုးရီးယားဌာနခွဲ ဥက္ကဌ ‌စောသာ‌တောက “ရိုးရာလက်ချည်ပွဲကို ဘာသာ‌ရေးရှု‌ထောင့်တခုထဲက ‌ဇောင်း‌ပေးမကြည့်ဘဲ အမျိုး သား‌ရေး လက္ခဏာတရပ်အ‌နေနဲ့ ထိန်းသိမ်းသွားရမှာဖြစ်တယ်။ ကရင့်ရိုးရာ‌တော်‌တော်များများဟာ မပြုစု မထိန်းသိမ်းတာ‌တွေ‌ကြောင့် တိမ်မြုပ်‌ပျောက်ကွယ်သွားခဲ့တယ်။ အခုလို နှစ်‌ပေါင်းရာ‌ထောင်ချီ လက်ဆင့်ကမ်းလာတဲ့ ရိုးရာအ‌မွေအနှစ်ကို မိမိတို့‌ခေတ်ကာလမှာ လူငယ်‌တွေကို တဆင့်ပြန်လည်မျှ‌ဝေပြီး အနာဂတ်ကို သယ်‌ဆောင်သွားရမယ့် တာဝန်ရှိပါတယ်”ဟု အခမ်းအနားတွင် မှာကြားခဲ့သည်။

AKO ဗစ်တိုးရီးယားဌာနခွဲသည် ကရင်အမျိုးသား နိုင်ငံ‌ရေး၊ စာ‌ပေ၊ ယဉ်‌ကျေးမှု ဓ‌လေ့ထုံးစံများကို ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရင်း မျိုးဆက်သစ်ကရင်လူငယ်များသို့ လက်ဆင့်ကမ်းလာခဲ့ရာ ယခုဆိုလျှင် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာပွဲမှာ (၁၆)ကြိမ်‌မြောက်ရှိပြီးဖြစ်သည်။