Home သတင်း မြဝတီမြို့နယ်၊ ‌ပေါ‌လော‌ကျေးရွာတွင် NLD ယာယီရုံးခွဲ ဖွင့်လှစ်

မြဝတီမြို့နယ်၊ ‌ပေါ‌လော‌ကျေးရွာတွင် NLD ယာယီရုံးခွဲ ဖွင့်လှစ်

1615
ဩဂုတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

‌ဒေသခံပြည်သူများ စည်းလုံးညီညွတ်မှုရှိ‌စေရန်အတွက် ရည်ရွယ်၍ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLDက ၎င်းတို့၏ ယာယီရုံးခွဲတခုကို ကရင်ပြည်နယ် မြဝတီမြို့ နယ်ရှိ ‌ပေါ‌လော‌ကျေးရွာ၌ ယ‌နေ့နံနက်က ဖွင့်လှစ်ခဲ့‌ကြောင်း သိရသည်။

ဘာသာမတူ၊ လူမျိုးမတူသည့် ကွဲပြားမှုများရှိ‌နေသည့် ‌ပေါ‌လော‌ကျေးရွာအတွင်းရှိ ‌ဒေသခံများ စည်းလုံးညီညွှတ်ပြီး အမြင်ကျယ်လာ‌စေ ရန်နှင့် ‌ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်‌စေရန်‌ရှေ့ဆက်လုပ်‌ဆောင်သွားလိုသဖြင့် ယခုလိုဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း ‌ဝှေ့ရှမ်း‌ကျေးရွာ NLD ရုံး မှ တာဝန်ခံ ဦးတင်လှိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦးတင်လှိုင်က “ဒီ‌နေရာကိုလည်း လူသူအ‌ရောက်အ‌ပေါက် နည်းတယ်‌လေ။ ဒါ‌ကြောင့် မသိနားမလည်တာမျိုး‌တွေလည်း မရှိ‌အောင် တိုင်း ရင်းသားအားလုံး စည်းစည်းလုံးလုံးနဲ့ ‌နေထိုင်သွား‌စေချင်တယ်”ဟု ‌ပြောသည်။

ယ‌နေ့နံနက်တွင် သံဃာ‌တော်ငါးပါးအား အာရုံဆွမ်း ကပ်လှူပူ‌ဇော်ကြပြီး ၉နာရီအချိန်တွင် မြဝတီမြို့နယ် NLD ဥက္ကဌ ဦးစိန်ဗိုလ်မှ ‌ပေါ ‌လော NLD ယာယီရုံးခွဲကို လာ‌ရောက်ဖွင့်လှစ်‌ပေးခဲ့ရာ စုစု‌ပေါင်းလူပရိဿတ် ၂၅ဝဦးခန့် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

အခမ်းအနား တက်‌ရောက်သည့် မြဝတီမြို့နယ် NLD ဥက္ကဌ ဦးစိန်ဗိုလ်က “NLD အဖွဲ့ဝင်‌တွေအ‌နေနဲ့လည်း စည်းလုံးကြပြီး လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရှိ‌ရေး စု‌ပေါင်း ကြိုးစားသွားကြဖို့ လိုပါတယ်”ဟု အမှာစကား ‌ပြောကြားခဲ့သည်။

ထို့အပြင် ၎င်း၏အိမ်တွင် ရုံးဖွင့်လှစ်ခံခဲ့သည့် အိမ်ပိုင်ရှင် ဦး‌သောင်းတင်ကလည်း ‌ကျေးဇူးတင်စကား‌ပြောကြားခဲ့ပြီး ရုံးဖွင့်ပွဲ အခမ်းအနား သို့ တက်‌ရောက်လာခဲ့သည့် NLD အဖွဲ့ဝင်များနှင့် ‌ဒေသခံလူထုများကို ‌ကျွေး‌မွေးဧည့်ခံခဲ့သည်။

မြဝတီမြို့နယ်အတွင်း ‌ဝှေ့ရှမ်း‌ကျေးရွာ၌လည်း မကြာ‌သေးမီကာလက NLD ရုံးဖွင့်လှစ်ခဲ့ပြီး ယခုအခါ ၎င်းနှင့် နီးစပ်သည့် ‌ကျေးရွာများဖြစ် ‌သော ‌ပေါ‌လော‌ကျေးရွာအုပ်စုရှိ သံပုရာရွာနှင့် ဘုရား‌ခြေ‌တော်ရွာ နှစ်ရွာအတွက် ရည်ရွယ်ပြီး ‌ပေါ‌လောတွင် NLD ရုံး ဆက်လက် ဖွင့်လှစ် ရခြင်းဖြစ်သည်ဟု ဦးတင်လှိုင်က ‌ပြောသည်။