Home သတင်း မြန်မာစစ်တပ် တိုက်ခိုက်မှု ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်ဟု RCSS/SSA ဆို

မြန်မာစစ်တပ် တိုက်ခိုက်မှု ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်ဟု RCSS/SSA ဆို

1543
ဩဂုတ်လ ၁၅ ရက်၊ ၂၀၁၂ ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ (RCSS/SSA) အုပ်ချုပ်မှုနယ်‌မြေခံအတွင်း အစိုးရစစ်တပ် ဝင်‌ရောက်တိုက်ခိုက်ခြင်း‌ကြောင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာတွင် အဟန့်အတားဖြစ်‌စေသည်ဟု RCSS/SSA က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

သို့‌သော် အစိုးရစစ်တပ်ဘက်က နယ်‌မြေ‌ကျော်ပစ်ခတ်မှုသည် ငြိမ်းချမ်း‌ရေးကို ‌နောက်ပြန်ဆုတ်‌နေသည့် အ‌ခြေအ‌နေဟူ၍ မထင်မြင်ဘဲ အစိုးရထိပ်တန်း‌ခေါင်း‌ဆောင်များနှင့် သာမန်ပုံစံဖြင့် ဆက်ဆံ‌နေ‌သေးသည်ဟု ဗိုလ်မှူးစိုင်း‌လောဝ်ဆိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

သျှမ်းပြည်နယ် တန့်ဆန်းမြို့အ‌နောက်ဘက်က မိုင်ပန်ရှိ ‌နောက်ဆုံးဖြစ်ပွား‌နေ‌သော ဩဂုတ်လ (၁၁)ရက်‌နေ့က အစိုးရစစ်တပ်မှ တမင် ဝင်‌ရောက်ကာ တိုက်ခိုက်ခြင်းဖြစ်‌ကြောင်းနှင့် သျှမ်းပြည်‌တောင်ပိုင်း၏ လက်ရှိအ‌ခြေအ‌နေမှာ အပစ်အခပ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ် မထိုးခင်ကာလက ပုံစံအတိုင်းပင်ဖြစ်‌ကြောင်း RCSS/SSA က ဆိုသည်။

ဗိုလ်မှူးစိုင်း‌လောဝ်ဆိုင်းက “ကျ‌နော်တို့နယ်‌မြေ‌ဒေသအတွင်းမှာဆိုရင် ဒီလိုမျိုး ခဏခဏဖြစ်ပွား‌လေ့ရှိတယ်။ ဒီလို မိနစ်ပိုင်းတိုက်ပွဲတို့‌ပေါ့။ အဲဒါ‌ကြောင့် အရင်ကလိုပဲ အပစ်အခပ်ရပ်စဲ‌ရေး မဟုတ်သလိုပဲ‌ပေါ့‌နော်”ဟု ဆိုသည်။

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးတွင် အ‌ရေးကြီး‌နေသည်ကို RCSS/SSA မှ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီ ဒု-ဥက္ကဌ ဦး‌အောင်မင်း၊ သမ္မတ ဦးသိန်းစိန်ထံသို့ တင်ပြ၍ ၎င်းတို့နယ်‌မြေအတွင်း ဖြစ်ပျက်‌နေ‌သော ပြဿနာများကို ‌ဖြေရှင်း‌ပေးရန် ‌တောင်းဆိုထား‌သော်လည်း တစုံတရာ ‌ကျေနပ်‌လောက်သည့် တုန့်ပြန်မှုမျိုး မရရှိ‌သေး‌ကြောင်း သူက ဆက်‌ပြောသည်။

ဩဂုတ်လ ၁၂ရက်‌နေ့က မြန်မာနိုင်ငံ ဒုတိယ သမ္မတ ‌ဒေါက်တာစိုင်း‌မောက်ခမ်းက လက်ရှိတွင် ထိရှလွယ်ရှ‌သော အ‌ခြေအ‌နေဖြစ်‌သော ‌ကြောင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်နိုင်‌ရေးမှာ သ‌ဘောတူလက်မှတ်ထိုးရုံဖြင့် ငြိမ်းချမ်း‌ရေးရပြီဟု မဆိုနိုင်‌သေး‌ကြောင်း ပြည်‌ထောင်စု ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ် ‌ကော်မတီအစည်းအ‌ဝေးပွဲတွင် ထည့်သွင်း‌ပြောဆိုသွားခဲ့သည်။