Home သတင်း ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲ‌ရေး PNLO သ‌ဘောတူ လက်မှတ်ထိုး

ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲ‌ရေး PNLO သ‌ဘောတူ လက်မှတ်ထိုး

1989
ဩဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်-PNLO နှင့် အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့ ယ‌နေ့ ရှမ်းပြည်နယ်၊ ‌တောင်ကြီးမြို့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေး ခဲ့ကြပြီး ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူညီ လက်မှတ်‌ရေးထိုးခဲ့ကြသည်။

ထို‌တွေ့ဆုံပွဲတွင် PNLO သည် ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူ လက်မှတ်‌ရေးခဲ့ပြီး ပြည်‌ထောင်စုအဆင့် ဆက်လက် ‌ဆွေး‌နွေးရန်အတွက် အကြို ညှိနှိုင်း‌ဆွေး‌နွေးပွဲကိုလည်း သ‌ဘောတူညီမှု ရရှိခဲ့သည်ဟု PNLO ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ‌ကော်မတီအဖွဲ့ ‌ခေါင်း‌ဆောင် ခွန်မြင့်ထွန်းက ‌ပြောသည်။

ခွန်မြင့်ထွန်းက “‌ဆွေး‌နွေးပွဲက နှစ်ဆင့်ပါ။ ပထမတဆင့်က‌တော့ ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်း‌ပေးတဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်‌ရေးအဖွဲ့နဲ့ ကျ‌နော်တို့ သ‌ဘောတူညီမှုတစ်ခု ရရှိတယ်။ ‌နောက်တခုက ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီနဲ့ PNLO ကြားမှာ ပြုလုပ်တဲ့ ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးပွဲ‌တွေအတွက် အကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲ အဲဒီ ၂ခုကို ကျ‌နော်တို့ သ‌ဘောတူ လက်မှတ်ထိုးခဲ့ကြတယ်”ဟု ဆိုသည်။

ပြည်နယ်အစိုးရနှင့် သ‌ဘောတူညီမှုရရှိခဲ့သည့်အချက်များမှာ (၁)၂၀၁၂၊ ဩဂုတ်လ ၂၅ရက်‌နေ့မှစ၍ နှစ်ဖက်ပစ်ခတ်မှု ရပ်ဆိုင်းရန် (၂) နှစ်ဖက်သ‌ဘောတူညီမှု ရရှိထားသည့် သတ်မှတ်‌နေရာတွင်သာ ‌နေထိုင်ရန် (၃)သတ်မှတ်‌နေရာမှအပ တခြား‌ဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန် (၄)ဆက်ဆံ‌ရေးရုံးကို နှစ်ဘက်သ‌ဘောတူထားသည့်‌နေရာတွင် လက်နက်မပါပဲ ထားရှိရန်နှင့် (၅) ပြည်‌ထောင်စုအ ဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့နှင့် ‌ဆွေး‌နွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်း‌ပေးရန်နှင့် ဩဂုတ်လ ၂၅ ရက်‌နေ့မှစပြီး ၃လ မ‌ကျော်သည့်ကာလမှာ ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးပွဲစတင်နိုင်ရန် စသည့်အချက် ၅ချက်ကို သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြသည်။

‌တွေ့ဆုံပွဲတွင် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်း‌ရေးလုပ်ငန်း‌ကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦး‌အောင်မင်းနှင့် အမှတ်(၂)လျှပ်စစ် ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးခင်‌မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦး‌ဆောင်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အမျိုးသား လွှတ်‌တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် အပါအဝင် ကိုယ်စားလှယ်နှစ်ဦး တက်‌ရောက်ကြသည်။

ပြည်နယ်အဆင့် လက်မှတ်‌ရေးထိုးရာတွင် PNLO ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်သူရိန်၊ ဗိုလ်မှူးခွန်စဲထိုနှင့် ဗိုလ်မှူး ခွန်‌ကျော်ထင်တို့ ပါဝင်ပြီး အစိုးရဘက်မှ ရှမ်းပြည်နယ် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးအဖွဲ့ ရှမ်းပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌အောင်သူ ဦး‌ဆောင်သည့်အဖွဲ့တို့ ပါဝင်ပြီး အသိသက်‌သေအဖြစ် ခွန်မြင့်ထွန်း၊ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ဆရာခွန်အိုးတို့ ပါဝင်လက်မှတ်‌ရေး ထိုးခဲ့သည်ဟု သိရသည်။

ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်-PNLO သည် ရဟန်းသံဃာ‌တော်များ အပါအဝင် ပအိုဝ်းလူငယ်များ၊ အမျိုးသမီးအဖွဲ့များ၊ အလုပ်သမားအဖွဲ့များနှင့် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့များ ပူး‌ပေါင်းပြီး ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလက ထိုင်းမြန်မာ နယ်စပ်တ‌နေရာတွင် ညီလာခံ ကျင်းပ၍ ပြန်လည် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။