Home သတင်း ‌ဟောင်သ‌ရောမြစ်တွင်းမှ ‌လှေများကို KKO-DKBA မှ ဂိတ်‌ကြေး‌ကောက်ခံမှု များလွန်းဟု ‌ဒေသခံ‌ပြောဆို

‌ဟောင်သ‌ရောမြစ်တွင်းမှ ‌လှေများကို KKO-DKBA မှ ဂိတ်‌ကြေး‌ကောက်ခံမှု များလွန်းဟု ‌ဒေသခံ‌ပြောဆို

2466
ဩဂုတ်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ နန်း‌ဖော့‌ဂေ (ကရင်သတင်းဌာန)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ ‌ဟောင်သ‌ရောမြစ် အတွင်း သွားလာ‌နေသည့် ‌လှေများကို KKO-DKBA အဖွဲ့က အသွားအပြန် ဂိတ်‌ကြေးနှင့် နှစ်စဉ် လိုင်စင်‌ကြေးများကို အဆမတန် ‌တောင်းခံ‌နေ‌ကြောင်း မြစ်‌ကြောင်းအတွင်း သွားလာ‌နေသည့် ‌ဒေသခံများ၏ ‌ပြောပြ ချက်အရ သိရသည်။

‌ဒေသခံတစ်ဦးက “ကျိုက်ဒုံမြို့နယ်ခွဲက ‌ဟောင်သ‌ရော‌ချောင်းမှာ KKO, DKBA ဂိတ်‌တွေက ‌လှေတစ်စီးကို အသွား ငါး‌ထောင်(ကျပ်)၊ အပြန် ငါး‌ထောင် ‌တောင်းတယ်။ ကျိုက်ဒုံမြို့ထဲမှာ ဆိုရင်‌တော့ BGF ရယ်၊ အစိုးရတပ်ရယ်၊ ဒီ‌ကေဘီ‌အေရယ်ပါတဲ့ အဖွဲ့စုံဆိုတာက အသွားအပြန်အတွက် ကျပ် ၆‌ထောင် ‌တောင်းပြန်‌ရော”ဟု ကရင်သတင်းဌာနသို့ ‌ပြောဆိုသည်။

‌ဟောင်သ‌ရောမြစ်အတွင်း ‌နေ့စဉ် သွားလာ‌နေသည့် ‌လှေကြီး‌လှေငယ်အစီး ၂ဝခန့်မှာ ကျိုက်ဒုံမြို့တွင်းနှင့် ကြိတ်‌ကျေးရွာ၊ ပိုင်ခလိုင်ဒုံ ‌ကျေးရွာ၊ သရက်‌တော‌ကျေးရွာ၊ ‌မြောက်ကြာအင်း၊ ‌တောင်ကြာအင်း စသည့်ရွာများ၌ ဂိတ်‌ကြေးများကို ‌ပေး‌ဆောင်ကြရခြင်းဖြစ်သည်ဟု အဆိုပါ‌ဒေသခံက ဆက်‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများမှ လူထုမှာ ၎င်းတို့ခြံထွက် ဒူးရင်းသီး၊ ကွမ်းသီးများကို ‌ကော့ကရိတ်မြို့‌ပေါ်သို့ သွား‌ရောက် ‌ရောင်းချပြီးအပြန်တွင် ရွာသို့ ကုန်ပစ္စည်းများ ပြန်ဝယ်ယူလာခဲ့ကြသည်။ ယခုလို မိုးရာသီ၌ ကားလမ်းသွားလာ၍ မရ‌တော့ဘဲ ‌ဟောင်သ ‌ရောမြစ်အတိုင်း ‌လှေများဖြင့် ‌နေ့စဉ် သွားလာ‌နေကြရာ ယခုလို ဂိတ်‌ကြေးများ ‌တောင်းခံမှု‌ကြောင့် လူထုမှာ အခက်အခဲ ဖြစ်ကြရသည်။

အမည်မ‌ဖော်လိုသူ ‌တောင်ကြာအင်းရွာသားတစ်ဦးက “ကုန်ကူးတာ အမြတ်က ရတာမှနည်းနည်းပဲ။ ‌ပေး‌နေရတာ‌တွေက များလွန်း‌တော့ မခံနိုင်ဘူး။ ဘယ်မှလည်း မတိုင်ရဲဘူး ဖြစ်‌နေတယ်။ ဒီဂိတ်‌တွေ မရှိ‌တော့ရင် ကျ‌နော်တို့အတွက် ‌ကောင်းမယ်”ဟု ‌ပြောသည်။

အဆိုပါဂိတ်‌ကြေးများအပြင် သရက်‌တော‌ကျေးရွာရှိ DKBA ကလို့ထူးလားဂိတ်မှ ‌လှေတစ်စင်းသွားလာခွင့် လိုင်စင်အဖြစ် ကျပ် ၇‌သောင်း ကိုလည်း တနှစ်စာအတွက် ‌တောင်းခံလျှက်ရှိပြီး မ‌ပေး‌ဆောင်နိုင်သည့်‌လှေများကို သွားလာခွင့်မပြုဟု ‌ပြောဆို‌နေကြ‌သော်လည်း ‌ဒေသခံ များအ‌နေဖြင့် ဂိတ်‌ကြေး‌ကောက်ခံသည့် အဖွဲ့၏ တပ်ရင်းနံပါတ်၊ တပ်မှူးအမည်များကိုမူ တပ်အပ်‌ပြောဆိုနိုင်ခြင်း မရှိ‌ပေ။

ထိုကိစ္စနှင့်ပတ်သက်၍ KKO အဖွဲ့သို့ ကရင်သတင်းဌာနမှ ဆက်သွယ်‌မေးမြန်းရာ KKO အတွင်း‌ရေးမှူး ‌စောဂုဏ်‌အောင်က “ကျ‌နော်တို့ အရင်က ‌ကောက်ခံဖူးပါတယ်။ ဒါ‌ပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ရက် တပ်မှူးများညီလာခံမှာ မ‌ကောက်ခံဖို့ ညွှန်ကြားလိုက်‌တော့ မ‌ကောက် ‌တော့ပါဘူး။ တကယ်လို့ ‌ကောက်‌သေးတယ်ဆိုရင် လူထုအ‌နေနဲ့ တပ်ရင်း၊ တပ်မှူးအမည်‌တွေ အတိအကျ ‌ပြောလာ‌ပေး‌စေချင်ပါတယ်” ဟု ပြန်လည်‌ဖြေဆိုသည်။

ထို‌ဒေသတွင် ကရင်အမျိုးသားအစည်းအရုံး-KNU လည်း အ‌ခြေစိုက် လှုပ်ရှား‌နေသဖြင့် ဂိတ်‌ကြေး‌ကောက်ခံမှုရှိမရှိ ကရင်သတင်းဌာနက ‌မေးမြန်းရာ “KNU က‌တော့ ဒီ‌ချောင်းရိုးတစ်‌လျှောက်မှာ တစ်ဂိတ်ပဲရှိတယ်။ သူတို့က အရင်ကတည်းက နဂိုနှုန်းအတိုင်း တစ်‌ထောင်၊ နှစ် ‌ထောင် ပုံမှန် ‌ကောက်တယ်။ ‌လှေ‌ပေါ်မှာ ကုန်မပါဘူးဆိုရင် သူတို့ကို ရှင်းပြ‌ပြောဆိုလို့ ရတယ်”ဟု အဆိုပါရွာသားက ‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့နယ်တွင် လက်နက်ကိုင်အဖွဲ့များအဖြစ် အစိုးရစစ်တပ်နှင့် ၎င်းတို့လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်များ၊ ဒီမိုက‌ရေစီအ ‌ခြေပြု ကရင်အမျိုးသားတပ်မ‌တော်-DKBA နှင့် ၎င်း၏နိုင်ငံ‌ရေးဦး‌ဆောင်အဖွဲ့ ကလို့ထူး‌ဘောကရင်အဖွဲ့အစည်း-KKO အဖွဲ့များနှင့် KNU အဖွဲ့ဝင်များ အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိသည်။