Home သတင်း ‌သောင်ရင်းမြစ်‌ရေကြီးမှု‌ကြောင့် မြ ဝတီမြို့အိမ်‌ခြေ ၃ဝနီးပါး ‌ရေနစ်မြုပ်

‌သောင်ရင်းမြစ်‌ရေကြီးမှု‌ကြောင့် မြ ဝတီမြို့အိမ်‌ခြေ ၃ဝနီးပါး ‌ရေနစ်မြုပ်

1745
ဩဂုတ်လ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီမြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီး ယ‌နေ့နံနက်က စတင်၍ ‌သောင်ရင်းမြစ်‌ရေကြီးထွားလာမှု‌ကြောင့် လူ‌နေအိမ်‌ခြေ ‌ပေါင်း ၄ဝနီးပါးခန့် ‌ရေနစ်မြုပ်သွား‌ကြောင်း မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦးမြင့်တင်က ‌ပြောသည်။

ဦးမြင့်တင်က “မိုးကလည်းအရမ်းရွာ‌တော့ ‌ရေနည်းနည်းကြီးတယ်။ အိမ်သုံး‌လေးဆယ်‌လောက်မှာ ‌ရေ ၂‌ပေ‌လောက်တက်တယ်။ ဒါ‌ပေ မယ့် ဘာပြဿနာမှမရှိပါဘူး။ သဘာဝ‌ဘေးအန္တရာယ် ကာကွယ်‌ရေးအတွက် ‌ကော်မတီနဲ့ အားလုံးက လုပ်‌နေပါတယ်”ဟု ‌ပြောသည်။

ယခုလ ပထမအပတ်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းလာ‌နေသဖြင့် ယ‌နေ့နံနက် ၆နာရီခွဲခန့်တွင် မြဝတီမြို့ထဲသို့ ‌ရေ စတင် ဝင်‌ရောက်ခဲ့ ပြီး ‌သောင်ရင်းမြစ်ကမ်းနားတစ်‌လျှောက်ရှိ အိမ်အားလုံးနီးပါးမှာ ‌ရေမြုပ်သွားပြီဖြစ်‌ကြောင်း မြဝတီမြို့မှ ကုန်သည်အမျိုးသမီးတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီမနက်မှာ ‌ရေ‌တော်‌တော်တက်လာတာ။ အခုတစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်‌နေပြီ။ ပစ္စည်း‌မျောတဲ့သူက‌မျောနဲ့ တချို့အိမ်‌တွေ ဆို အိမ်‌ခေါင်မိုးပါ မြုပ်‌နေပြီ”ဟု ယ‌နေ့ ‌နေ့လည်ပိုင်းက ‌ပြောသည်။

မြဝတီမြို့ အမှတ်(၅)ရပ်ကွက်‌အောက်ပိုင်းတွင် ‌နေထိုင်ကြသည့်အထဲမှ ‌ရေမနှစ်မြုပ်‌သေးဘဲ ကုန်းပိုင်းကျသည့် ‌ဈေးရုံအတွင်းရှိ ကယ် ဆယ်‌ရေးစခန်းသို့ ‌ပြောင်း‌ရွှေ့‌နေရပြီး ‌ရေနစ်မြုပ်သွားသည့် အိမ်များအတွက် လိုက်လံကယ်ဆယ်‌ပေး ‌နေရ‌ကြောင်းလည်း သူမက ဆက် ‌ပြောသည်။

ရပ်ကွက်‌ပေါင်း ငါးခုရှိသည့် မြဝတီမြို့တွင် ရပ်ကွက်အမှတ် (၁)မှ (၃)အထိမှာ ‌သောင်ရင်းမြစ်ကမ်းနံ‌ဘေး၌ တည်ရှိသဖြင့် ၎င်း‌နေရာများ တွင် ‌ရေကြီးမှုမှာ ပိုမို ဆိုးဝါးလျှက်ရှိသည်။

သို့‌သော် ယခုလို ‌ရေကြီးမှု‌ကြောင့် မြို့‌နေလူထုအတွင်း လူ‌သေဆုံးမှု၊ ‌ပျောက်ဆုံးမှု တစ်ဦးတစ်‌ယောက်မျှ မရှိသလို ပစ္စည်းဆုံးရှုံးမှုများ မရှိ ‌ကြောင်းလည်း မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦးမြင့်တင်၏ ‌ပြောပြချက်အရ သိရသည်။

အလားတူ မြဝတီမြို့တစ်ဖက်ကမ်းရှိ မဲ‌ဆောက်ကမ်းနား‌ဈေးတွင် ‌ရေနစ်မြုပ်‌နေပြီး မြို့ထဲရှိ‌နေရာတစ်ချို့တွင် ‌ရေကြီးမှုဖြစ်ပွား‌နေသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စတင်ပြီး သံလွင်မြစ်‌ရေလျှံတက်မှု‌ကြောင့် ကရင်ပြည်နယ်တွင် ဖားအံမြို့သာမက လှိုင်းဘွဲ၊ ကမ‌မောင်း၊ ‌ရွှေဂွန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်လည်း ‌ရေကြီးလျက်ရှိသည်။