Home သတင်း ‌တောင်က‌လေးဆရာ‌တော် ဩစ‌တြေးလျား သာသနာပြုခရီးစဉ်ပြီးစီး

‌တောင်က‌လေးဆရာ‌တော် ဩစ‌တြေးလျား သာသနာပြုခရီးစဉ်ပြီးစီး

1778
ဩဂုတ်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ဩစ‌တြေးလျားနိုင်ငံသို့ ‌ရောက်ရှိ‌နေသည့် ကရင်ပြည်နယ်ရှိ ‌တောင်က‌လေး ဆရာ‌တော် ဦးပညာသာမိ၏ ဗုဒ္ဓဘာသာ သာသနာပြုခရီးစဉ် မှာ ယ‌နေ့ပြီးဆုံးသွားပြီဖြစ်၍ ထိုင်းနိုင်ငံသို့ ယ‌နေ့ ထွက်ခွာမည်ဖြစ်‌ကြောင်း ဆရာ‌တော်က ‌ကေအိုင်စီသို့ မိန့်ကြားလိုက်သည်။

ဆရာ‌တော်က “ဩစ‌တြေးလျား သာသနာပြုခရီးစဉ်က အထိုက်အ‌လျောက် လုပ်‌ဆောင်နိုင်ခဲ့တယ်။ ရန်ကုန်က ‌ရွှေတိဂုံလို ပုံစံမျိုး ‌စေတီ တည်ဖို့အတွက် ‌တောင်‌စောင်းတစ်‌နေရာက ‌မြေ‌နေရာ ၁၇ဧက‌လောက် စကားဆိုင်ထားပြီးပြီ”ဟု ‌ကေအိုင်စီသို့ မြွက်ကြား‌ပြောဆိုသည်။

ယင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဩစ‌တြေးလျားနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ် ‌ဝေါ်ရဘီ ‌ကောင်ဆယ်(Council)များ၊ ‌ရှေ့‌နေများနှင့် ‌မြေ‌နေရာကိစ္စ၊ ဘာသာ‌ရေး အ‌ဆောက်အဦ ‌ဆောက်လုပ်ရန် ‌ပြောဆို‌ဆွေး‌နွေးထားသလို ကုန်ကျစရိတ်အတွက် ဩစ‌တြေးလျား‌ရောက် ဆရာ‌တော်၏ ဒကာ၊ ဒကာမများကလည်း အလှူ‌ငွေ ထည့်ဝင်မည်ဟု ‌ပြောဆို‌ကြောင်း သိရသည်။

“ဆရာ‌တော်က သာမညဆရာ‌တော်ရဲ့ ‌ဆောင်ပုဒ်က ဥုံ မပြင်းနဲ့၊ ခုလည်း မပြင်းနဲ့ ‌နောင်လည်းမပြင်းနဲ့တဲ့။ ဦးပညာသာမိ ‌ဆောင်ပုဒ်က ဥုံ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်တဲ့။”ဟု ဆစ်ဒနီ‌ရောက် ကရင်အမျိုးသား ‌စော‌ကျော်ခွီးက ‌ပြောသည်။

ဆရာ‌တော် ဦးပညာသာမိသည် ဩစ‌တြေးလျားနိုင်ငံသို့ ဇူလိုင်လ ၃ဝရက်‌နေ့ကတည်းက Victoria ပြည်နယ် Melbourne မြို့သို့ ကြွ ‌ရောက်ခဲ့ပြီး‌နောက် ‌ကော့ဆားဗား(Coffs Harbour) နှင့် ဆစ်ဒနီ(Sydney)မြို့များရှိ ကရင်ဒကာ၊ ဒကာမများနှင့် ‌တွေ့ဆုံကာ ဝါဆို သဃင်္န်းကပ်လှူပွဲများ ပြုလုပ်ခဲ့‌သေးသည်။

ဆရာ‌တော်နှင့်အတူ ရန်ကုန်မှ ဒကာ ကိုစည်သူကလည်း အခြံအရံအဖြစ် လိုက်ပါလာပြီး ဩဂုတ်လ ၁၉ရက်(ယ‌နေ့)တွင် ဩစ‌တြေးလျား မှ ထိုင်းနိုင်ငံသို့ ပြန်လည်ကြွချီကာ ဘန်‌ကောက်မြို့၌ တစ်ပတ်ကြာ သီတင်းသုံးဦးမည်ဟု သိရသည်။