Home အယ်ဒီတာ့အာဘော် ‌စေတနာမှန်နဲ့ ဟန်ချက်ညီစွာ ‌လျှောက်လှမ်းကြမယ်ဆိုရင်

‌စေတနာမှန်နဲ့ ဟန်ချက်ညီစွာ ‌လျှောက်လှမ်းကြမယ်ဆိုရင်

1553
အယ်ဒီတာ့အာ‌ဘော်

နိုင်ငံတိုးတက်‌ကောင်းမွန်‌ရေးအတွက် အချိန်နှင့်အမျှ ‌ပြောင်းလဲမှုကို ‌ဖော်‌ဆောင်‌နေသည် တွင် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဝန်ကြီး ၉ဦးနှင့် အမျိုးသမီးပါဝင်‌သော ဒုဝန်ကြီး ၁၅ဦးကို ‌ပြောင်းလဲခန့်အပ်သည့် အမိန့်ညွှန်ကြားချက်ကို ဩဂုတ်လ ၂၇ရက်တွင် ထုတ်ပြန်ခဲ့ သည်။ အလားတူ ဩဂုတ် ၂၈ရက်တွင်လည်း ‌ဆောက်လုပ်‌ရေး၊ အမှတ်-၁ လျှပ်စစ်စွမ်းအားဝန်ကြီးနှင့် ပြည်‌ထောင်စု စာရင်းစစ်ချုပ်များ ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုပြီး နိုင်ငံခြား‌ရေးဝန်ကြီးဌာနမှ ဦးသန့်‌ကျော်၊ ဦးဇင်‌ယော်နှင့် ဘဏ္ဍာ‌ရေးနဲ့ အခွန်ဝန်ကြီးဌာနမှ ‌ဒေါက်တာ ‌မောင်‌မောင်သိမ်းတို့ကို ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်‌ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို‌နေ့တစ်ရက်တည်းပင် ယခင် စစ်အစိုးရ၏ စစ်‌ထောက်လှမ်း‌ရေးအဖွဲ့မှ အမည်မည်း(Black List)စာရင်း ထည့်သွင်းမှတ်ယူထားသူ လူ ပုဂ္ဂိုလ် ၆၁၆၅ဦးအနက် ၂၀၈၂ဦးကို စာရင်းမှ ပယ်ဖျက်လိုက်‌ကြောင်း လက်ရှိ မြန်မာအစိုးရ၏ သမ္မတရုံး ပြန်ကြား‌ရေးဌာနတွင် ‌ကြော်ငြာ ထားသည်။ ယင်း‌ကြော်ငြာအရ အမည်မည်းစာရင်း ပယ်ဖျက်ခံရသူများအနက် နိုင်ငံခြားသား ၉၃၅ဦးနှင့် မြန်မာနိုင်ငံသား ၁၁၄၇ဦးတို့ ပါဝင်ပြီး ၎င်းစာရင်းပါ ပုဂ္ဂိုလ်အချို့မှာ ပယ်ဖျက်ခြင်းမ‌ကြေညာခင်ကတည်းက မြန်မာပြည်သို့ ပြန်သွားသူများ၊ ဝင်ထွက်‌နေသူများ ဖြစ်‌နေ သည်။

သမ္မတသည် ၎င်း၏ အစိုးရသက်တမ်း ၂နှစ်တာကာလအတွင်း စစ်အစိုးရ‌ဟောင်း လုပ်‌ဆောင်ခဲ့သည့် လုပ်ရပ်များကို တဖြည်းဖြည်းချင်း ခဝါချကာ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးကို ‌ရှေးရှု၍ ‌စေတနာမှန်ဖြင့် လုပ်‌ဆောင်‌နေသည်ဆိုပါက ကြိုဆိုလက်ခံသင့်‌ပေသည်။ နှစ် ‌ပေါင်းများစွာ ပျက်စီးပြိုလဲ‌နေခဲ့သည့် တိုင်းပြည်၏ အုပ်ချုပ်‌ရေး၊ တရားစီရင်‌ရေးနှင့် ဥပ‌ဒေပြု‌ရေး အခန်းကဏ္ဍတိုင်းကို သင်ပုန်းကားချနိုင် ‌ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်‌ရေး ပထမ အစ‌ခြေလှမ်းများကို တဆင့်ချင်း တက်လှမ်းခြင်းမှာ သင့်‌လျော်မှန်ကန်‌ပေသည်။

သို့‌သော် ဘက်‌ပေါင်းစုံမျှတစွာ ‌တွေး‌ခေါ်‌မျှော်ကြည့်မည်ဆိုပါက ‌ကျောင်းသူ‌ကျောင်းသား၊ အရပ်သား၊ သံဃာများကို တရားဥပ‌ဒေကင်းမဲ့ စွာ သတ်ဖြတ်ခဲ့သူများကိုလည်း အမည်မည်းစာရင်းတွင် ထည့်သွင်းထားမှု ရှိမရှိကိုလည်း ပြည်သူပြည်သားများ သိရှိရန် ထုတ်ပြန်ကာ ပယ်ဖျက်သင့်သည်ကို ပယ်ဖျက်၊ အ‌ရေးယူသင့်သည်ကို အ‌ရေးယူမှုများ လုပ်‌ဆောင်သင့်‌ပေသည်။ သို့မှသာ ဥပ‌ဒေစိုးမိုး၍ တရားမျှတမှု ရှိ‌သော နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲမှု လုပ်‌ဆောင်ချက်မှာ ထင်သာမြင်သာ ရှိနိုင်မည် ဖြစ်သည်။

၎င်းအပြင် ကချင်နှင့် သျှမ်းပြည်နယ်အတွင်း ဖြစ်ပွား‌နေ‌သော ရတက်မ‌အေးနိုင်‌သေးသည့် စစ်‌ရေးစစ်ရာများနှင့် တစ်ဆက်တည်း ကချင် ဒုက္ခသည်များကို တရုတ်အစိုးရမှ ပြန်လည်ပို့‌ဆောင်‌နေခြင်း၊ သျှမ်းဒုက္ခသည်များအား ပြန်လည်ပို့‌ဆောင်ရန် စစ်တမ်း‌ကောက်ယူခြင်းများ ရှိသလို ထိုင်း-မြန်မာနယ်စပ်မှ ကရင်ဒုက္ခသည်များကို ယခုနှစ်အကုန် ‌နေရပ်ပြန်ပို့မည်ဟု ‌ကောလဟလများလည်း ထွက်‌ပေါ်‌နေသည်။ မိမိတိုင်းသူပြည်သား အချင်းချင်းကြား တိုက်ပွဲဆင်နွဲ‌နေ‌သော မြန်မာ့တပ်မ‌တော်အ‌နေဖြင့်လည်း ‌ခေါက်ရိုးကျိုး‌နေ‌သော လူထုနှိပ်စက်‌ရေး စစ်အာ ဏာရှင်လုပ်ရပ်ကို ပယ်ဖျက်၊ ‌ဖျောက်ဖျက်ပစ်ကာ ‌ခေတ်မှီဖွံ့ဖြိုးတိုးတက်‌သော ဒီမိုက‌ရေစီစနစ်ကို ‌လျှောက်လှမ်းချီတက်‌နေသည့်ကာလ တွင် အ‌ကောင်းဘက်ကို ဦးတည်၍ စိတ်‌ရောကိုယ်ပါ တွဲလက်ညီညီ ပါဝင်လုပ်‌ဆောင်ရမည်ဖြစ်သည်။

နိုင်ငံသူ နိုင်ငံသားတိုင်းသည် မိမိရပ်ရွာ၊ မြို့နယ်၊ နိုင်ငံ တိုးတက်သာယာ‌ရေးအတွက် တစ်ဦး‌ကောင်း တစ်‌ယောက်‌ကောင်းစီ ပါဝင်ရင်း မိမိ သမိုင်းကို မိမိကိုယ်တိုင် ‌ရေးသား‌နေကြသည်။ သို့အတွက်‌ကြောင့် ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်၏ “‌ခေတ်ဝန်ကိုထမ်း၍ ‌ခေတ်လမ်းကို‌လျှောက်” ဟူ‌သောစကားအတိုင်း သမ္မတ ဦးသိန်းစိန်မှစ၍ အတိုက်အခံ အဖွဲ့အစည်းများ အပါအဝင် အ‌ခြေခံလူထုအဆုံး တိုင်းပြည်အကျိုး လိုလိုလားလား သယ်ပိုးထမ်း‌ဆောင်သူများကလည်း မိမိတို့၏ ‌ခေတ်သမိုင်းကို မယိမ်းမယိုင်ဘဲ အဖက်ဖက်မှ ဟန်ချက် ညီညီ ‌လျှောက်လှမ်းကြ‌စေချင်ပါသည်။