Home သတင်း ‌ကျောင်းကုန်း‌ရေ‌ဘေးကယ်ဆယ်‌ရေး စခန်းများ အ‌ရေး‌ပေါ် အကူအညီ လိုအပ်‌နေ

‌ကျောင်းကုန်း‌ရေ‌ဘေးကယ်ဆယ်‌ရေး စခန်းများ အ‌ရေး‌ပေါ် အကူအညီ လိုအပ်‌နေ

1595
ဩဂုတ်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ဧရာဝတီတိုင်း၊ ‌ကျောင်းကုန်းမြို့အ‌နောက်ဖက်ခြမ်းရှိ ရပ်ကွက်များမှ လူ‌နေအိမ်များ ‌ရေနှစ်မြုပ်လျှက်ရှိပြီး ယာယီ ဖွင့်လှစ်ထား‌သော ကယ် ဆယ်‌ရေးစခန်းများတွင် လက်ရှိအချိန်၌ အ‌ရေး‌ပေါ် အကူအညီများ လိုအပ်လျှက်ရှိသည်ဟု ‌ကျောင်းကုန်းမြို့ အမျိုးသားဒီမိုက‌ရေစီ-NLD ဥက္ကဌက ‌ပြောသည်။

‌ကျောင်းကုန်း NLD ဥက္ကဌ ဦးသိန်းဟန်က “အရင်ကလည်း မိုးတွင်းဆို ‌ရေကြီးပါတယ်။ ဒါ‌ပေမယ့် ဒီ‌လောက်မများသလို ‌ရေပြန်ကျသွား တတ်ပါတယ်။ အခုက ‌ရေပြန်မကျ‌တော့ ကယ်ဆယ်‌ရေးစခန်း‌တွေမှာပဲ သွား‌နေရတယ်‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ရက်‌နေ့မှ စတင်ကာ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့မှု‌ကြောင့် ‌ရေကျသွားခြင်းမရှိသဖြင့် အိမ်‌ထောင်စု ၁၅,၀၀ဝ (တစ်‌သောင်းငါး‌ထောင်)နှင့် လူဦး‌ရေ ၃၅,၀၀ဝ (သုံး‌သောင်းငါး‌ထောင်) ဦးခန့်ရှိသည့် မြို့မ (၁)၊ (၂)နှင့် (၃)ရပ်ကွက်များမှာ ‌ရေနစ်မြှုပ် သွားခဲ့‌ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကယ်ဆယ်‌ရေးစခန်းများအဖြစ် ဘုန်း‌တော်ကြီး‌ကျောင်းများ ၊ မိုးလုံ‌လေလုံ အားကစားကွင်းနှင့် ဓာတ်ဆားဂို‌ဒေါင်များ အပါအဝင် ‌နေရာ ၁၃ခုကို ဖွင့်လှစ်ထားရှိသည်။

‌ရေနစ်မြျုပ်ပြီး စတုတ္ထ‌မြောက်‌နေ့တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှ ပစ္စည်း ၆မျိုးပါ ပစ္စည်းထုပ် ၁၀၀‌ကျော်၊ စစ်တိုင်းမှူးမှ ဆန်အိတ် ၁ဝအိတ်၊ NLD ပါတီမှ ဆန် ၂၇အိတ် ‌ပေးအပ်ကူညီခဲ့‌သော်လည်း ‌နောက်ထပ်ကူညီမှုများ မရရှိ‌သေး‌ကြောင်း သိရသည်။

‌ကျောင်းကုန်းမြို့ခံတစ်ဦးက “တချို့က ‌ရေမမြုပ်တဲ့အိမ်‌တွေကို လိုက်‌တောင်းပြီး ရလာတာ‌တွေနဲ့ချက်စားတာ‌တွေ့ရတယ်။ ‌ရေကိုလည်း မိုး‌ရေခံ‌သောက်ကြပါတယ်။ ကျန်းမာ‌ရေးအတွက်က‌တော့ တုပ်‌ကွေးလိုဖြစ်‌နေတာများပါတယ်။ မြို့နယ်ဆရာဝန်ကြီးနဲ့ ဆရာမ‌တွေက ‌တော့ တစ်‌ခေါက် လာကြည့်ပါတယ်”ဟု ‌ပြောဆိုသည်။

ပုံမှန်အားဖြင့် ‌ကျောင်းကုန်းမြို့တွင် လူမှု‌ရေးကိစ္စများ၌ ကူညီ‌ပေး‌လေ့ရှိသူများကလည်း ၎င်းတို့ကိုယ်တိုင် ‌နေအိမ်များ ‌ရေနှစ်မြုပ်သည့်အ ထဲ ပါဝင်‌နေ‌သော‌ကြောင့် ကူညီကယ်ဆယ်‌ရေး ‌ဆောင်ရွက်ချက်များမှာ အားနည်းမှုများ ဖြစ်‌နေရသည်ဟုလည်း သူက ဆက်‌ပြောသည်။

ယခုလို ‌ရေကြီး၍ ‌နေအိမ်၊ အ‌ဆောက်အဦများ ‌ရေနှစ်မြုပ်မှုဖြစ်‌နေ‌သော်လည်း စာသင်‌ကျောင်းများကို ‌ရေမမြုပ်ပါက မပိတ်ရန် တိုင်းမှုးက ‌ပြောကြားထားသဖြင့် ‌ကျောင်းသူ‌ကျောင်းသားများမှာ ‌ကျောင်းသွားရာတွင် ‌ရေဖြတ်‌ကျော်ကာ သွား‌နေရသလို ကူညီကယ်ဆယ်‌ရေးအ တွက် လာ‌ရောက်မည့်အဖွဲ့များမှာလည်း ယခုအချိန်ထိ မ‌ရောက်ရှိ‌သေး‌ပေ။

ထို့အပြင် ‌ရေနစ်မြျုပ်သဖြင့် ၎င်း‌ဒေသရှိ လယ်ဧက‌ပေါင်း ၇‌သောင်း‌ကျော်မှ စပါးပင်များမှာလည်း ‌ရေဖုံးလွှမ်းကာ ပျက်စီး‌နေပြီးဟု သိရ သည်။