Home သတင်း ‌ကော့‌သောင်း NLD ရုံးကို ပါတီဝင်တချို့ ဆန္ဒပြ

‌ကော့‌သောင်း NLD ရုံးကို ပါတီဝင်တချို့ ဆန္ဒပြ

1956
ဩဂုတ်လ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


တနသင်္ာရီတိုင်း‌ဒေသကြီး ‌ကော့‌သောင်းမြို့ အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD တွင် ခရိုင်/မြို့နယ် ညီလာခံကျင်းပ‌ရေး ‌ကော်မရှင်ဖွဲ့ စည်းခဲ့ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သူ ပါတီဝင်တချို့က ယ‌နေ့ မွန်းလွှဲပိုင်း၌ ပါတီရုံး‌ရှေ့တွင် ဆန္ဒပြကြသည်။

တနသင်္ာရီတိုင်း‌ဒေသကြီး NLD အ‌နေဖြင့် ပါတီညီလာခံ ကျင်းပ‌ရေး‌ကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုက‌ရေစီနည်းလမ်းမကျဟုဆိုပြီး မ‌ကျေ နပ်မှုများ ဖြစ်ပွားခဲ့ရာမှ ယင်းကဲ့သို့ ဆန္ဒပြခြင်းဖြစ်‌ကြောင်း ‌ကော့‌သောင်းမြို့နယ် NLD ဥက္ကဌ ဦးမြင့်‌မောင်က ‌ပြောသည်။

ဦးမြင့်‌မောင်က “ဒီညီလာခံလုပ်တဲ့‌နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဘဲ သူတို့လိုလားတဲ့ လူ‌လောက်နဲ့ပဲ ဖွဲ့ခဲ့ပြီး‌တော့ အ‌ကောင်အထည် ‌ဖေါ်တဲ့အ‌ပေါ် မ‌ကျေနပ်ဘူး။ အဖွဲ့ဝင်‌ဟောင်း‌တွေ ၉ဝပြည့်နှစ်က လုပ်လာတဲ့ လူ‌ဟောင်း‌တွေ မပါဘူး။ အဖွဲ့ဝင်‌တောင် မကျ‌သေးဘူးဗျာ။ ‌ဖေါင်တင်ထားတဲ့သူ‌တွေနဲ့ အဲဒီလူ‌တွေနဲ့ ဖွဲ့စည်းတယ်”ဟု ‌ပြောဆိုသည်။

ယင်းဆန္ဒပြပွဲကို ‌ကော့‌သောင်းမြို့နယ် NLD မှ ဦးမျိုးလွင်က ဦး‌ဆောင်ပြီး ပါတီဝင်အင်အား ၅ဝဦးဝန်းကျင် ပါဝင်သည်ဟု သိရသည်။

သို့‌သော် တနသာင်္ရီတိုင်း‌ဒေသကြီး ညီလာခံကျင်းပ‌ရေး‌ကော်မရှင်အဖွဲ့ဝင် ဦးမြင့်‌မောင်‌မောင်က ဗဟိုဌာနချုပ်၏ တာဝန်‌ပေးချက်အရ ဒီမို က‌ရေစီနည်းလမ်းကျကျနှင့် ‌ကော်မရှင်အဖွဲ့ဝင်များကို ‌ရွေးချယ်ခဲ့‌ကြောင်း ‌ပြောသည်။

“သူတို့က ‌ကော်မရှင်အဖွဲ့ဝင် ‌ရွေးတဲ့‌နေရာမှာ ဒီ ခရိုင်နဲ့ မြို့နယ် ‌ရွေးချယ်တဲ့အပိုင်းမှာ ဒီမိုက‌ရေစီနည်းလမ်းကျ အများကို ချပြချင်းမရှိဘဲ ဆိုပြီး‌တော့ သူတို့က ဆန္ဒပြတဲ့သ‌ဘောပါ။ သူတို့စာတမ်းမှာလည်း အဲဒါကို ‌ရေးထားတဲ့အရာ‌တွေပဲ”ဟု ဦးမြင့်‌မောင်‌မောင်က ‌ပြောသည်။

အလားတူ ဧရာဝတီတိုင်း‌ဒေသကြီး ‌မြောင်းမြမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ညီလာခံ ကျင်းပ‌ရေး ‌ကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုက‌ရေစီနည်းလမ်းမကျဟုဆိုပြီး ပါတီဝင်အချို့ ဆန္ဒပြမှုတစ်ရပ်လည်း ယခုလ၏ မကြာ‌သေးမီ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့‌သေးသည်။

‌ကော့‌သောင်းခရိုင်/မြို့နယ် ‌ကော်မရှင်ကို အဖွဲ့ဝင် ၁၅ဦးစီဖြင့် ဖွဲ့စည်းခဲ့ပြီး ခရိုင်‌ကော်မရှင် ဥက္ကဌ‌နေရာကို ‌ရှေ့‌နေ ဦးခင်‌ဇော်နှင့် မြို့နယ် ‌ကော်မရှင်‌နေရာအတွက် ဦး‌အောင်‌ရွှေတို့ကို ‌ရွေးချယ်ထားသည်ဟု သိရသည်။