Home သတင်း ‌ကော့‌သောင်းအာဏာပိုင်တို့ ‌ဒေသခံ ဘိုးဘွားပိုင်‌မြေသိမ်းဆည်း‌ရောင်းချ

‌ကော့‌သောင်းအာဏာပိုင်တို့ ‌ဒေသခံ ဘိုးဘွားပိုင်‌မြေသိမ်းဆည်း‌ရောင်းချ

2126
ဩဂုတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ ‌ကော့‌သောင်းမြို့၊ သီရိမြိုင်ရပ်ကွက် ကွင်းအမှတ်၂၄၊ ဦးဉာဏ်စိန်ပိုင် ‌မြေဧက၈.၂၄ဧကကို မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးနှင့်‌ကြေးတိုင်နှင့် ‌မြေစာရင်းဦးစီးဌာနတို့ ပူး‌ပေါင်းပြီး သိမ်းဆည်း‌ရောင်းချခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ထို‌မြေကွက်ကို မြို့အာဏာပိုင်များက ၎င်းတို့ ယခင်ကတည်းက သိမ်းဆည်းထားမည့် ‌မြေကွက်ဖြစ်သည်ဟုဆိုပြီး ယခုအခါ အကွက်ရိုက် ‌ရောင်းချကာ အိမ်ယာများပါ ‌ဆောက်လုပ်‌နေပြီးဖြစ်သည်ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ တနသင်္ာရီတိုင်း စည်းရုံး‌ရေးမှူး ဦးသန်းထွန်း က ‌ပြောသည်။

ဦးသိန်းထွန်းက “ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ ‌ကြေးတိုင်နဲ့ ‌မြေစာရင်းဦးစီးဌာနတို့ ‌ပေါင်းပြီး‌တော့ ‌ရောင်းချထားတဲ့‌မြေကွက်မှာ အိမ် ယာ‌တွေဘာ‌တွေ ‌ဆောက်‌နေတာ။ ဒါကို ဦးဉာဏ်စိန်က သူ့မှာ သက်‌သေအ‌ထောက်အထား စုံစုံလင်လင်နဲ့ ကျ‌နော်တို့ဆီမှာ လာတိုင် တယ်”ဟု ‌ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ယခင် စစ်အစိုးရလက်ထက်ကတည်းက အာဏာပိုင် အဆင့်ဆင့်ကို ဦးဉာဏ်စိန်က တိုင်ကြားခဲ့‌သော်လည်း ယ‌နေ့အချိန်ထိ တစုံတရာ ‌ဆောင်ရွက်‌ပေးခြင်းမရှိသည့်အတွက် ဒီမိုကရက်တစ်ပါတီ(မြန်မာ)ထံသို့ လာ‌ရောက်တိုင်ကြားရခြင်းဖြစ်ပြီး
၎င်းပါတီအ‌နေနှင့်လည်း သိမ်းဆည်းခံရသည့် ဘိုးဘွားပိုင်‌မြေ ပြန်လည်ရရှိနိုင်‌အောင် သမ္မတထံ‌ရောက်သည်အထိ အဆင့်ဆင့် တင်ပြ ‌ပေးသွားမည်ဟု ဆိုသည်။

ဆက်လက်၍ ဦးသန်းထွန်းက “ဦးဉာဏ်စိန်မှာ အဲဒီ‌မြေကို သူပိုင်ဆိုင်‌ကြောင်းကို သက်‌သေအ‌ထောက်အထား အစုံအလင်ရှိတယ်။ ကျ‌နော်တို့တင်မှာက သမ္မတ၊ တိုင်းဝန်ကြီးချုပ်၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်‌ရေးမှူး စစ်ဗျူဟာ ခရိုင်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့ အဆင့်ဆင့် တင် ‌ပေးသွားမှာ‌တောင် အဆင်မ‌ပြေဘူးဆိုရင် ILO ကို ‌ခေါ်ချလာမယ်”ဟု ဖြည့်စွက်‌ပြောသည်။

ယင်း‌မြေကွက်များကို ဦးဉာဏ်စိန်က ၁၉၅၇-၅၈ခုနှစ်၌ ‌ကော့‌သောင်း‌ကျေးရွာ၊ မလိဝမ်းမြို့ ‌မြေအခွန်‌တော်ရုံးတွင် အခွန်‌ပေး‌ဆောင်ကာ ဦးပိုင်‌မြေအဖြစ်လည်း ‌လျှောက်ထားခဲ့ပြီး ၁၉၅၈ခုနှစ်၊ ဇူလိုင်လ ၂ရက်‌နေ့တွင် ဦးပိုင်‌မြေ ‌လျှောက်ထားချက် ကျလာခဲ့သည်။

၁၉၉၇ခုနှစ်မှာပင် ‌ကော့‌သောင်းမြို့ပြလမ်း ပြုပြင်မည်ဆိုပြီး အက်တမန်ကုမ္ပဏီ(သူ‌ဌေးကျွန်း ဟိုတယ်ကုမ္ပဏီ) က လာ‌ရောက်ပြုပြင်‌ပေး ရာ စက်ယန္တရားနှင့် အလုပ်သမားတန်းလျားများ ယာယီထားရှိရန် ထို‌မြေကွက်ကို ဦးဉာဏ်စိန်၏ ခွင့်ပြုချက်ဖြင့် အသုံးပြုလာခဲ့သည်။

သို့‌သော် လမ်းပြုပြင်‌ရေး ပြီးစီးသွားသည့် ၁၉၉၈ခုနှစ်တွင် အက်တမင်းကုမ္ပဏီက ပြန်လည်ထွက်ခွာသွား‌သော်လည်း ကုမ္ပဏီမှ အလုပ် သမားခ မ‌ပေးဟုဆို၍ အလုပ်သမားများ ထွက်ခွာသွားခြင်းမရှိပဲ ယ‌နေ့အထိ ‌နေထိုင်‌နေဆဲဖြစ်သည်။

၎င်းအပြင် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ စစ်တပ်နှင့် ပူး‌ပေါင်းပြီး ‌ကော့‌သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်တွင် မြို့ပြတိုးတက်‌ရေးဆိုကာ ‌မြေ ၃ဧကခန့် သိမ်းယူခဲ့သလို ကျန်ရှိ‌မြေ ၅ဧကခန့်ကို မြို့အာဏာပိုင်များ အပါအဝင် ယခင် အက်တမင်းကုမ္ပဏီ တာဝန်ခံ ဦးညွှန့်လှိုင်တို့ ပူး‌ပေါင်းသိမ်းဆည်းကာ အကွက်ရိုက် ပြန်လည်‌ရောင်းစား‌နေကြ‌ကြောင်း ဦးသန်းထွန်းက ‌ပြောသည်။