Home သတင်း ‌ကော့ကရိတ် ကြာအင်းဆိပ်ကြီး‌ဒေသများတွင် ‌ရေကြီး၍ လယ်‌မြေဧက ‌ထောင်နှင့်ချီ ပျက်စီး

‌ကော့ကရိတ် ကြာအင်းဆိပ်ကြီး‌ဒေသများတွင် ‌ရေကြီး၍ လယ်‌မြေဧက ‌ထောင်နှင့်ချီ ပျက်စီး

2147
ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များရှိ ‌ကျေးရွာ အ‌တော်များများတွင် မိုးများကာ ‌ရေကြီး၍ ‌တောင်သူများ စိုက်ပျိုးထား‌သော လယ်‌မြေဧက‌ပေါင်း ‌ထောင်နှင့်ချီ၍ ပျက်စီးဆုံးရှုံးလျှက်ရှိ‌ကြောင်း ‌ဒေသခံလယ်သမားများ၏ ‌ပြောပြချက်အရ သိရ သည်။

‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ဟောင်သ‌ရောမြစ်တစ်‌လျှောက်ရှိ ဘုရားငုတ်တို၊ ‌သေးခွယ်‌ကော၊ ‌ယော်တဘဲ စသည့် ‌ကျေးရွာအုပ်စုတစ် ဝိုက်တွင် လယ်ဧက ၁၅၀ဝပျက်စီးသလို အစွန်းမှ အံ‌ကောင်အထိ လယ်ဧက‌ပေါင်း ၂၀၀၀၊ နန်း‌ရွှေမှုန်၊ ရွာတန်းရှည်မှ တ‌နေမူး၊ ‌ကောမူး ရွာများအထိမူ လယ်ဧက ၄၀၀ဝ ‌ရေလွှမ်းကာ စပါးပင်များ ပျက်စီးခဲ့ရသည်ဟု ‌ဒေသခံတစ်ဦးက အခုလို ‌ပြောသည်။

“လယ်ထဲက စပါးပင်အကုန်လုံးကို ကိုင်းဖျားအထိ ‌ရေဖုံးသွားတာ။ ဒီ‌နေ့အထိ ‌ရေက မ‌လျော့ကျ‌သေး‌တော့ စပါးပင်‌တွေလည်း ‌ရေ‌ပေါ်ကို မ‌ပေါ်လာနိုင်‌သေးဘူး”ဟု ၎င်း‌ဒေသခံက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွင်းက‌လေးမှ လန်းဖားအထိ လယ်ဧက ၂၀၀ဝ ‌ရေလွှမ်းမှု‌ကြောင့် ပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက်‌နေ့ကတည်းက ထို‌ဒေသများတွင် ‌ရေကြီးလာခဲ့ပြီးကတည်းက ယခုအချိန်ထိ ‌ရေကျသွားခြင်း မရှိ‌သေးဘဲ မိုးများ ဆက်တိုက် ရွာသွန်း‌နေသည့်အ‌ပေါ် ‌ဒေသခံလယ်သမားများမှာ လယ်ယာလုပ်ငန်းကို မည်သို့မျှ ဆက်လက် လုပ်‌ဆောင်နိုင်ခြင်း မရှိဘဲ ဖြစ်‌နေရသည်။

‌ကော့ကရိတ်မြို့နယ်မှ လယ်သမားတစ်ဦးက “စပါးက‌တော့ ‌ရေ‌အောက်မှာ ဆယ်ရက်‌လောက်အထိပဲ ခံတယ်။ ဒီထက်‌ကျော်ရင် စပါးပင် ‌တွေက ‌သေကုန်၊ ပျက်ကုန်‌လောက်ပြီ။ ခု‌နေ ‌ရေကျသွားတယ်ဆိုလည်း မျိုးစပါးက မရှိ‌တော့ဘူး။ ‌ရေကြီးလို့ ပျက်စီးကုန်ပြီ”ဟု ဆိုသည်။

ယခင်နှစ်က မိုးတွင်းကာလ ‌ရေကြီးမှုရှိ‌သော်လည်း ယခုနှစ်‌လောက် အ‌ခြေအ‌နေ ဆိုးဝါးခြင်းမရှိဟု သိရသည်။