Home သတင်း အပြန်အလှန် ဖလှယ်မှုများ လုပ်‌ဆောင်သွားရန် KNU နှင့် ၈၈ မျိုးဆက်အဖွဲ့ ‌ဆွေး‌နွေးဖြစ်ခဲ့

အပြန်အလှန် ဖလှယ်မှုများ လုပ်‌ဆောင်သွားရန် KNU နှင့် ၈၈ မျိုးဆက်အဖွဲ့ ‌ဆွေး‌နွေးဖြစ်ခဲ့

2070
ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တိုင်းရင်းသား‌ဒေသ အ‌ခြေအ‌နေများကို သတင်းဖလှယ်မှုများ ပူး‌ပေါင်းလုပ်‌ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ၈၈မျိုး ဆက်‌ကျောင်းသားအဖွဲ့မှ နှစ်ဖက်‌ခေါင်း‌ဆောင်များ ပြီးခဲ့သည့် ရက်အနည်းငယ်က ‌တွေ့ဆုံရာတွင် ‌ဆွေး‌နွေး‌ပြောဆိုဖြစ်ခဲ့ကြသည်။

ဩဂုတ်လ ၁၂ရက်‌နေ့က ကရင်ပြည်နယ်၊ KNU ဒူးပလာယာခရိုင်နယ်‌မြေ ‌ကော့ကရိတ်မြို့နယ်၊ သုံးဆယ့်သုံးဆူရွာတွင် ကျင်းပခဲ့သည့် ၆၂ကြိမ်‌မြောက် ကရင်အာဇာနည်‌နေ့သို့ ၈၈မျိုးဆက်‌ကျောင်းသားအဖွဲ့မှ ကို‌ဌေးကြွယ်၊ ကိုမြ‌အေး၊ ကို‌ဇေယျာမင်းတို့ တက်‌ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် KNU ဗဟိုမှ ပဒို‌စောသမိန်ထွန်း အပါအဝင် KNU ‌ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒို‌စော‌မောထူးနှင့် ကျန်အဖွဲ့ဝင် များ ‌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

KNU ဘက်မှ မလုပ်‌ဆောင်နိုင်သည့် ကိစ္စရပ်များကို ၈၈အဖွဲ့များဘက်က လုပ်ကိုင်‌ပေးပြီး ၎င်းတို့မလုပ်‌ဆောင်နိုင်သည့် ကိစ္စရပ်များလည်း လုပ်‌ဆောင်‌ပေးကာ အပြန်အလှန် ဖလှယ်ခြင်းများ ပြုလုပ်သွားရန် တိုင်ပင်‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း KNU စည်းရုံး‌ရေးဌာန ဒုတာဝန်ခံ ပဒို ‌စောသမိန်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောသမိန်ထွန်းက “အစိုးရရဲ့ က‌မောက်ကမ လုပ်ပုံ‌တွေကို ကျ‌နော်တို့နယ်‌မြေထဲမှာရှိခဲ့ရင် သူတို့ကို ကျ‌နော်တို့က အကျိုးအ‌ကြောင်းနဲ့ ခိုင်ခိုင်လုံလုံ ရှင်းပြမယ်။ အဲ့ဒါကို သူတို့က မီဒီယာက‌နေတဆင့် ဒါမှမဟုတ် အစိုးရနဲ့ နီးစပ်တဲ့ဌာန‌တွေက‌နေ လုပ်‌ပေးဖို့‌ပေါ့‌နော်။ သူတို့ ဘက်ကလည်း တခြားတိုင်းရင်းသားလူမျိုးစု‌တွေနဲ့ ဆက်စပ်တဲ့ကိစ္စ‌တွေ နယ်စပ်ရဲ့ ဖွံ့ဖြိုး‌ရေးလုပ်ငန်း‌တွေမှာ သူတို့က အ‌ခြေအ‌နေ မသိ တဲ့အတွက် ကျ‌နော်တို့က ကူညီ‌ပေးမှာ‌ပေါ့”ဟု ‌ပြောသည်။

၎င်း‌တွေ့ဆုံမှုတွင် ၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင်များဘက်ကလည်း အားတက်သ‌ရောရှိပြီး နှစ်ဖက် ‌ဆွေး‌နွေးခဲ့သည့် အ‌ကြောင်း အရာများကို KNU ဗဟိုဌာနသို့ အသိ‌ပေး တင်ပြသွားမည်ဖြစ်သလို ထိုမှတဆင့် ဗဟိုမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်လုပ် ‌ဆောင်သွားကြမည်ဟု ‌စောသမိန်ထွန်းက ဆက်‌ပြောသည်။

လက်ရှိ KNU နှင့် အစိုးရတို့အကြား ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ကိစ္စများ အပါအဝင် ယခု ‌ဆွေး‌နွေး‌နေသည့်အဆင့်မှာ အပစ်အခတ် ရပ်စဲ ‌ရေးအပိုင်း၌သာ ရှိ‌နေ‌သေးသဖြင့် ထိုအဆင့် ခိုင်မာမှသာလျှင် နိုင်ငံ‌ရေးအပိုင်း လုပ်‌ဆောင်သွားနိုင်မည်ဟု ၈၈‌ခေါင်း‌ဆောင်များအား ၎င်း က ဆက်လက် ရှင်းပြခဲ့သည်။

၈၈မျိုးဆက်‌ကျောင်းသားများအ‌နေဖြင့် ကရင်အမျိုးသားအာဇာနည်‌နေ့ လာ‌ရောက်ဆင်နွဲခြင်းနှင့် KNU နှင့် ‌တွေ့ဆုံခြင်းမှာ ယခုတကြိမ် သည် ပထမဆုံးအကြိမ်ဖြစ်သည်။