Home သတင်း အိမ်မပြန်နိုင်‌သေးသည့် ဘားအံမြို့ ‌ရေ‌ဘေးဒုက္ခသည်များ ကျန်းမာ‌ရေး‌ကောင်းမွန်

အိမ်မပြန်နိုင်‌သေးသည့် ဘားအံမြို့ ‌ရေ‌ဘေးဒုက္ခသည်များ ကျန်းမာ‌ရေး‌ကောင်းမွန်

1690
ဩဂုတ်လ ၄ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (ကရင်သတင်းဌာန)

ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းက သံလွင်မြစ်‌ရေ မြှင့်တက်လာကာ ‌ရေကြီးမှု‌ကြောင့် ယာယီ ကယ်ဆယ်‌ရေးစခန်းများသို့ ‌ပြောင်း‌ရွှေ့‌နေထိုင် ‌နေရသည့် ကရင်ပြည်နယ် ဖားအံမြို့‌ပေါ်ရှိ ရပ်ကွက်အချို့မှ ‌ရေ‌ဘေးဒုက္ခသည်များမှာ ယ‌နေ့အချိန်ထိ အိမ်မပြန်နိုင်‌သေး‌သော်လည်း ကျန်းမာ‌ရေး‌ကောင်းမွန်လျှက်ရှိ‌ကြောင်း ကယ်ဆယ်‌ရေးစခန်းများက ‌ပြောသည်။

ကြား‌တောရ ကယ်ဆယ်‌ရေးစခန်းမှ တာဝန်ရှိသူ မထားထားနွယ်က “‌ရေ‌ဘေးဒုက္ခသည်‌တွေ ကျန်းမာ‌ရေးက ‌ကောင်းပါတယ်။ ဒီမှာက ဆရာဝန်‌တွေ၊ သူနာပြုဆရာမ‌တွေလည်း ရှိ‌နေတယ်‌လေ။ ‌လော‌လောဆယ်‌တော့ သူတို့‌တွေ အိမ်မပြန်နိုင်‌သေးတာ တစ်ခုပါပဲ”ဟု ယ‌နေ့ ‌နေ့လည်ပိုင်းက ကရင်သတင်းဌာနသို့ ‌ပြောသည်။

အဆိုပါ‌ရေ‌ဘေးဒုက္ခသည်များကို ဖားအံမြို့ရှိ ယာယီကယ်ဆယ်‌ရေးစခန်းများတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ရက်‌နေ့၊ မွန်းလွဲပိုင်းကတည်း က ‌နေရာချထား‌ပေးခြင်းဖြစ်ပြီး ၎င်းကြား‌တောရ‌ကျောင်းတွင် အမှတ်(၁)ရပ်ကွက် အုတ်ဖိုမှ လူဦး‌ရေ ၉၉ဦး ယာယီခိုလှုံ‌နေ‌ကြောင်း သိရ သည်။

‌ရေ‌ဘေးဒုက္ခသည်များကို ပြည်နယ်အစိုးရအဖွဲ့နှင့် ကျန်းမာ‌ရေး၊ မီးသတ်နှင့် ကြက်‌ခြေနီအဖွဲ့များ၊ တပ်ဖက်ဆိုင်ရာ အာဏာပိုင်များက ဆန်၊ ဆီ၊ ‌ခေါက်ဆွဲ‌ခြောက်၊ ကြက်ဥနှင့် အဝတ်အထည်များကို မိသားစုအလိုက် ခွဲ‌ဝေလှူဒါန်း‌ပေးသည့်အပြင် မြို့‌ပေါ်ရှိ ‌စေတနာရှင်၊ ရပ်မိ ရပ်ဖများမှလည်း ကူညီ‌ထောက်ပံ့‌ပေး‌ကြောင်း အဆိုပါ တာဝန်ရှိသူမှ ဆက်လက် ‌ပြောကြားသည်။

မထားထားနွယ်က “ကျမတို့ဆီက ဒုက္ခသည်‌တွေကို အမှတ်(၈) အုပ်ချုပ်‌ရေးမှူးက ဒီမနက်မှာ ဆန်ပြုတ်လာတိုက်ပါတယ်။ ‌နောက်ပြီး ဦး‌စောထားလုံနဲ့ အဖွဲ့ကလည်း ‌ခေါက်ဆွဲ‌ခြောက်‌တွေ လာ‌ဝေ‌ပေးပါတယ်”ဟု ‌ပြောဆိုသည်။

ယမန်‌နေ့ထုတ် မြန်မာ့အလင်းစာ၌ သံလွင်မြစ်‌ရေသည် ဇူလိုင်လ ၂၉ရက်‌နေ့မှ စတင်ကာ စိုးရိမ်‌ရေမှတ် ၇၅ဝစင်တီမီတာကို ‌ကျော်လွန်၍ မြှင့်တက်လာမှု‌ကြောင့် မြို့‌ပေါ်ရှိ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)နှင့် ရပ်ကွက်(၅)တို့မှ ‌ရေ‌ဘေးဒုက္ခသည်များကို ယာယီကယ်ဆယ်‌ရေးစခန်း ၇ ခု ဖွင့်လှစ်‌ပေးထားပြီး အိမ်‌ထောင်စု ၇၈၇စုမှ မိသားစုဝင်‌ပေါင်း ၄,၁၇၇ဦးကို ‌ပြောင်း‌ရွှေ့‌နေရာချထား‌ပေးသည်ဟု ‌ဖော်ပြထား‌သော်လည်း အစိုးရအဖွဲ့၏ အချက်အလက် ‌ကောက်ခံမှုအရ ‌ရေ‌ဘေးဒုက္ခသည်များမှာ ယမန်‌နေ့ည‌နေပိုင်းအထိ စုစု‌ပေါင်း ၄,၈၀၀‌ကျော်သွားပြီဖြစ် ‌ကြောင်း သိရသည်။

အဆိုပါသတင်းစာ၌ ဖားအံမြို့ရှိ ကြား‌တောရဘုန်း‌တော်ကြီး‌ကျောင်း၊ မိုးလုံ‌လေလုံ အားကစားရုံ၊ ‌အောင်သံလွင် အားကစားကွင်း၊ ပရဟိ တဘုန်း‌တော်ကြီး‌ကျောင်း၊ ‌ရွှေရင်‌မျှော်‌ကျောင်းတိုက်၊ အမှတ်(၃) အ‌ခြေခံပညာ အထက်တန်း‌ကျောင်း စသည့်ကယ်ဆယ်‌ရေးစခန်း ၇ခု တွင် ‌ရေ‌ဘေးဒုက္ခသည်များကို ‌နေရာချထားသည်ဟု ‌ဖော်ပြထား‌သော်လည်း အမက(၁)မူလွန်၊ အမက(၂)မူလွန်နှင့် အစ္စလာမ်‌ကျောင်း များလည်း ပါဝင်‌သေး‌ကြောင်း ‌ရွှေရင်‌မျှော်ကယ်ဆယ်‌ရေးစခန်းမှ တာဝန်ခံက ‌ပြောသည်။

အမှတ်(၃)ရပ်ကွက်ရှိ ‌မြေနိမ့်ပိုင်းတွင် ‌နေထိုင်သူ ဦး‌စောလွန်းရှိန်က “ကျ‌နော်တို့အိမ်‌အောက်ထပ်မှာ ‌ရေက ခါးလည်‌လောက်ရှိ‌နေပြီ။ အိမ် ကလူ‌တွေအားလုံး အ‌ပေါ်ထပ်မှာပဲ ‌နေလို့ရ‌တော့တယ်။ ဒီ‌နေ့ဟာ စိုးရိမ်‌ရေမှတ် ‌ခေါင်ထိပ်ကို ‌ရောက်မှာမို့ ‌ရေကျဖို့‌တော့ မရှိ‌သေးဘူး”ဟု ဆိုသည်။

လက်ရှိအချိန်တွင် ‌ရေကြီးသည့် ဖားအံမြို့ရှိ ‌မြေနိမ့်ပိုင်းရပ်ကွက်များတွင် ‌လှေများဖြင့် သွားလာ‌နေရ‌သော်လည်း ‌ရေ‌ဘေး‌ကြောင့် ‌သေ ‌ကြေပျက်စီးမှုများ မရှိ‌ကြောင်း သိရသည်။ ဖားအံမြို့သည် သံလွင်မြစ်‌ရေလျှံကာ နှစ်စဉ် ‌ရေကြီး‌လေ့ရှိပြီး ယမန်နှစ်ကလည်း မြို့တွင်းရှိ အထက(၁)‌ကျောင်းကိုပါ ရက်အတန်ကြာ ပိတ်ထားခဲ့ရသည်။

မြန်မာပြည်တွင် ယခုလို မိုးတွင်းရာသီ၌ သံလွင်မြစ်၊ ဧရာဝတီမြစ်၊ စစ်‌တောင်းမြစ်၊ ငဝန်မြစ် အပါအဝင် မြစ်‌ချောင်းအ‌တော်များများမှာ မြစ် ‌ရေလျှံ‌လေ့ရှိပြီး နီးစပ်ရာ မြို့ရွာများမှာ နှစ်စဉ် ‌ရေကြီးမှုနှင့် ကြုံဆုံ‌နေရသည်။