Home သတင်း အစိုးရနှင့် PNLO ယခုအပတ် အတွင်း ‌တွေ့ဆုံမည်

အစိုးရနှင့် PNLO ယခုအပတ် အတွင်း ‌တွေ့ဆုံမည်

1483
ဩဂုတ်လ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


ရထားဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်‌မြောက် ‌ရေးအဖွဲ့ချုပ် (PNLO)တို့ ရှမ်းပြည်နယ်၊ ‌တောင်ကြီးမြို့တွင် ယခု ရက်သတ္တပတ်အတွင်း ‌တွေ့ဆုံကြမည်ဟု အဖွဲ့ဥက္ကဌက ‌ပြောသည်။

PNLO ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဒီတပတ်အတွင်းပဲ ‌တွေ့မှာဖြစ်တယ်။ ‌တောင်ကြီးမှာ ‌တွေ့မယ်။ ကျ‌နော်တို့ ဒီတခါ အပစ်အခတ် ရပ်စဲ‌ရေးအတွက် ပဏာမအဆင့်အ‌နေနဲ့ အဆင်‌ပြေနိုင်‌အောင် ‌ဆွေး‌နွေးကြဖို့ ရှိတယ်။ ‌နောက်ပြီး‌တော့ အချက် ၇ချက်‌လောက်ကိုလည်း ‌ဆွေး‌နွေးဖို့ ပြင်ဆင်ထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ‌တွေ့ဆုံရာတွင် PNLO အတွင်း‌ရေးမှူး ခွန်မြင့်ထွန်း ဦး‌ဆောင်သည့် ယခင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး အဖွဲ့ဝင် ၇ဦးနှင့် တပ်မှူး ၃ဦး ထပ်မံ ဖြည့်ဆည်းထားသည့် ဆယ်ဦးကိုယ်စားလှယ်နှင့် ရထားဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်‌သော အစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စား လှယ်အဖွဲ့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့လည်း ပါဝင်မည်ဟု ဥက္ကဌ ဦးခွန်ဥက္ကာက ‌ပြောသည်။

“ကျ‌နော်တို့ဘက်က‌တော့ ‌ဆွေး‌နွေးဖို့ ပြင်ဆင်ထားတာ‌တွေကို ‌ဆွေး‌နွေးသွားမှာ‌ပေါ့။ ဒါ‌ပေမယ့် အဲဒါကလည်း နှစ်ဦးနှစ်ဖက် သ‌ဘောတူမှ ဖြစ်မှာ ‌ပြေလည်‌အောင် ‌ဆွေး‌နွေးရမှာ‌ပေါ့”ဟု ၎င်းက ‌ပြောသည်။

PNLO သည် ဇူလိုင်လ ၂၇ရက်‌နေ့က ဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့တို့နှင့် ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် အလွတ်သ‌ဘော ‌တွေ့ဆုံခဲ့ကြသည်။

၎င်း‌တွေ့ဆုံပွဲတွင် အပစ်အခတ်ရပ်စဲ‌ရေး၊ နယ်‌မြေကိစ္စနှင့် PNLO တပ်ဖွဲ့ဝင်များ အ‌ခြေချ ‌နေထိုင်နိုင်‌ရေး စသည့်အချက်များ ‌ဆွေး‌နွေးခဲ့ကြ ‌သော်လည်း တစုံတရာ ‌ပြေလည်မှု မရရှိခဲ့‌ပေ။

ထို့အတွက်‌ကြောင့် ဇူလိုင်လ‌နောက်ဆုံးအပတ်မှာပင် PNLO အတွင်း‌ရေးမှူး ဦးခွန်မြင့်ထွန်း ဦး‌ဆောင်သည့်အဖွဲ့နှင့် ဝန်ကြီးဦး‌အောင်မင်းတို့ ရန်ကုန်မြို့တွင် ထပ်မံ ‌တွေ့ဆုံခဲ့ကြပြီး အပစ်ခတ်ရပ်စဲ‌ရေးနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးရန် ယခုတခါ ဆက်လက် ‌တွေ့ဆုံကြမည် ဖြစ်သည်။