Home သတင်း လိုက်နာရမည့်ကျင့်ဝတ်များ ဆက်လက်‌ဆွေး‌နွေးရန် အစိုးရအဖွဲ့နှင့် ‌ကေအဲန်ယူ အလွတ်သ‌ဘော ‌တွေ့ဆုံ

လိုက်နာရမည့်ကျင့်ဝတ်များ ဆက်လက်‌ဆွေး‌နွေးရန် အစိုးရအဖွဲ့နှင့် ‌ကေအဲန်ယူ အလွတ်သ‌ဘော ‌တွေ့ဆုံ

1681
ဩဂုတ်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ (ကရင်သတင်းဌာန)

‌ကေအဲန်ယူနှင့် မြန်မာအစိုးရအဖွဲ့သည် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု‌နောက်ပိုင်း လိုက်နာရမည့် ကျင့်ဝတ်များကို ကရင်ပြည် နယ်၊ ဖားအံမြို့တွင် ဩဂုတ်လ ၂၇ရက်‌နေ့မှစ၍ သုံးရက်ကြာ ဆက်လက် ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ‌အေးချမ်းဖြိုးဧည့်ရိပ်သာတွင် ယ‌နေ့ အလွတ်သ‌ဘော ‌တွေ့ဆုံ‌ပြောဆိုခဲ့ကြသည်။

ယ‌နေ့ ပြုလုပ်သည့် အလွတ်သ‌ဘော ‌ဆွေး‌နွေးပွဲတွင် ‌ပြောဆိုခဲ့ကြ ‌ဆွေး‌နွေးပွဲတွင် ပါဝင်သူ ‌နော်‌မေဦး “ကျမတို့ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ‌ဆွေး‌နွေးပွဲမှာ သ‌ဘောတူ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း နှစ်ဘက် လက်နက်ကိုင်အဖွဲ့‌တွေ လိုက်နာရမဲ့ ကျင့်ဝတ်‌တွေနဲ့ ပတ်သက်ပြီး ‌တော့ ‌ဆွေး‌နွေးမယ်”ဟု ကရင်သတင်းဌာနသို့ ‌ပြောသည်။

၎င်းအပြင် တတိယအကြိမ် ‌ကေအဲန်ယူနှင့် မြန်မာအစိုးရ ထပ်မံ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် တပ်အ‌ရွှေ့အ‌ပြောင်းနှင့် တပ်ရုပ်သိမ်း‌ရေးကိစ္စ များကိုလည်း အဓိကအားဖြင့် ‌ဆွေး‌နွေးသွားမည်ဖြစ်သည်ဟုလည်း ‌နော်‌မေဦးက ဆက်လက်‌ပြောဆိုသည်။

“အဓိကက‌တော့ ဒုတိယအကြိမ် ‌ဆွေး‌နွေးပွဲရဲ့ ‌နောက်ဆက်တွဲဖြစ်တဲ့ နှစ်ဘက်တပ်‌တွေလိုက်နာရမဲ့ ကျင့်ဝတ်‌တွေနဲ့ ဒီတပ်အ‌ရွှေ့အ ‌ပြောင်း တပ်ရုပ်သိမ်း‌ရေး‌တွေကို ‌ဆွေး‌နွေးဖို့ဖြစ်တယ်”ဟု ဆိုသည်။

‌နေ့လည် ၁၁နာရီ‌ကျော်မှစတင်၍ ၂နာရီ‌ကျော်ကြာ ပြုလုပ်ခဲ့သည့် ယ‌နေ့ ‌တွေ့ဆုံပွဲတွင် ‌ကေအဲန်ယူဘက်မှ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာ စိန်၊ ပဒို‌စော‌သောသီဘွဲ၊ ‌နော်‌မေဦးနှင့် ‌စော‌အောင်ဝင်း‌ရွှေတို့ တက်‌ရောက်ခဲ့ကြပြီး အစိုးရဘက်မှ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့ ဥက္ကဌ မီးရထားဝန်ကြီးဦး‌အောင်မင်း၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီးဌာန ပြည်‌ထောင်စုဝန် ကြီး ဦးစိုးသိန်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်းတို့ ပါဝင်‌ဆွေး‌နွေးခဲ့ကြသည်။

ထို့အပြင် မြန်မာအီးဂရက်မှ ကုမ္ပဏီမှ ‌ဒေါက်တာ‌ကျော်ရင်လှိုင်၊ ဦးလှ‌မောင်‌ရွှေ၊ ဦးတင်‌မောင်သန်း၊ ထားဝယ်မင်းသမီး ကုမ္ပဏီမှ ဦး‌ငွေစိုး၊ ဦးကိုကို‌မောင်နှင့် ဇနီး မစုတို့က ငြိမ်းချမ်း‌ရေး အကျိုး‌ဆောင်များအဖြစ် ယ‌နေ့ ‌တွေ့ဆုံပွဲတွင် ပါဝင်ခဲ့ကြသည်။

ယင်း‌နောက် ယ‌နေ့ မွန်းလွဲ ၁နာရီတွင် ဝန်ကြီးဦး‌အောင်မင်းနှင့်အတူ ပါလာသည့် ဇနီး ‌ဒေါက်တာ‌ဝေ‌ဝေသာနှင့် မန္တ‌လေး‌ဆေးတက္ကသိုလ် မှ ‌ဒေါက်တာ‌ေ‌စောကလယ်ခူ့၊ မြဝတီ‌ဆေးရုံမှ ‌ဒေါက်တာခင်‌မောင်မြင့်နှင့် ‌ဒေါက်တာဇင်လတ်‌မောင်တို့သည် မဲ‌ဆောက်မြို့သို့လာ‌ရောက် ကာ ‌ဒေါက်တာစင်သီယာ‌မောင် ဦး‌ဆောင်သည့် မယ်‌တော်‌ဆေးခန်းအဖွဲ့နှင့် တစ်နာရီခွဲကြာ လာ‌ရောက်‌တွေ့ဆုံခဲ့သည်။

အဆိုပါ ‌တွေ့ဆုံမှုတွင် အ‌ရေး‌ပေါ်လူနာ ပို့‌ဆောင်‌ရေးကိစ္စ၊ ကျန်းမာ‌ရေးလုပ်သားများ အသိအမှတ်ပြုမှုကိစ္စနှင့် ‌မွေးမှတ်တမ်းရှိသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည့်ကိစ္စများကို အဓိကထား ‌ဆွေး‌နွေးခဲ့သည်ဟု အမည်မ‌ဖော်လိုသူ ဝါရင့်ကျန်းမာ‌ရေးတာဝန်ခံတစ်ဦးက ကရင်သတင်းဌာနသို့ ‌ပြောသည်။

“အဓိက အဲဒီသုံးချက်ကိုပဲ ‌ဆွေး‌နွေးသွားတာပါ။ အ‌ရေး‌ပေါ်လူနာဆိုရင်လည်း အထူးသဖြင့် ‌မွေးလူနာ‌တွေ‌ပေါ့။ ‌နောက်ပြီး ‌ဒေါက်တာ‌ဝေ ‌ဝေသာက မယ်‌တော်‌ဆေးခန်းအတွက် ဘတ်‌ငွေ တစ်သိန်း အလှူ‌ငွေ‌ပေးခဲ့‌သေးတယ်”ဟု ၎င်းကျန်းမာ‌ရေးဝန်ထမ်းက ‌ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ရက်‌နေ့က ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းနှင့် ဦးခင်ရီတို့သည် ‌ဒေါက်တာစင်သီယာ‌မောင်နှင့် မဲ‌ဆောက်မြို့တွင် ‌တွေ့ဆုံခဲ့ပြီး မယ်‌တော်‌ဆေးခန်းကို ‌လေ့လာကြည့်ရှုကာ ဘတ်‌ငွေ တစ်သိန်းခွဲ လှူဒါန်းခဲ့‌သေးသည်။

‌ကေအဲန်ယူနှင့် မြန်မာအစိုးရသည် ယခုနှစ် ဇန်နဝါရီလ ၁၂ရက်‌နေ့က ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေးကို ကရင်ပြည်နယ်၊ ဖားအံ မြို့တွင်လည်း‌ကောင်း၊ ဧပြီလ ၆ရက်‌နေ့တွင် ပြည်‌ထောင်စုအဆင့် အပစ်အခတ်ရပ်စဲ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ရန်ကုန်မြို့၊ စီဒိုးနားဟို တယ်တွင်လည်း‌ကောင်း ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။