Home သတင်း မဲ‌ဆောက်မြို့ရှိ မြန်မာအလုပ်သမား ၈ဦး အလုပ်ဖြုတ်ခံရ၍ အမှုဖွင့်

မဲ‌ဆောက်မြို့ရှိ မြန်မာအလုပ်သမား ၈ဦး အလုပ်ဖြုတ်ခံရ၍ အမှုဖွင့်

2839
ဩဂုတ်လ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ မယ့်‌တော်တိုက်ရပ်ကွက်ရှိ ဒီဒီသိုး‌မွှေးထည်စက်ရုံ၏ အလုပ်ရှင်သည် ၎င်းစက်ရုံမှ မြန်မာအလုပ်သမား ၈ဦးကို အ‌ကြောင်းမဲ့ အလုပ်ဖြုတ်ခဲ့၍ အလုပ်ဖြုတ်ခံရသူ အလုပ်သမားများက အလုပ်သမားများလူမှုဖူလုံ‌ရေးနှင့် အလုပ်သမားကာကွယ်‌ရေးရုံး (ဆဝပ်ဒီကန်)သို့ ယ‌နေ့မနက်တွင် အမှုဖွင့်ထားသည်။

ဆဝပ်ဒီကန်တွင် နစ်နာ‌ကြေးရရှိရန် အမှုဖွင့်ထားသူများမှာ ကိုလင်း ‌ခေါ် ရဲမင်းပိုင်၊ နိုင်လင်း ‌ခေါ် အဖင်း၊ ‌အောင်သူ၊ စိုးသူ၊ မင်းမင်း၊ ‌ကျော် ဟိန်း၊ ဇင်မိုးဦးနှင့် မျိုးလှိုင်တို့ဖြစ်ပြီး လုပ်အားခ တိုး‌ပေး‌ရေး ‌တောင်းဆိုပြီး‌နောက် ဩဂုတ်လ ၁ဝရက်‌နေ့တွင် ထိုသို့ အလုပ်ဖြုတ်ခံရခြင်း ဖြစ်‌ကြောင်း ကိုလင်းက ယခုလို ‌ပြောသည်။

“အလုပ်ရှင်က ကျ‌နော်တို့ ၈‌ယောက်ကို ‌ရွေးထုတ်ပြီး အလုပ်ထုတ်လိုက်တယ်။ ဘာဖြစ်လို့ထုတ်လဲ စာ‌ရေးမကို ‌မေးကြည့်တယ်။ ‌နောက် ဆဝပ်ဒီကန်က‌နေတဆင့် ကျ‌နော်တို့ ‌ခေါ်တယ်။ မလာနိုင်ဘူး။ ‌နောက်ဆုံးစာ‌ရေးမက အလုပ်ပြန်ဝင်လို့ မရဘူးလို့ ‌ပြောတဲ့အတွက် ဆဝပ် ဒီကန်ကိုလာပြီး ကျ‌နော်တို့ရဲ့ ရပိုင်ခွင့်ကို ‌တောင်းဆိုတာပါ”ဟု အလုပ်ဖြုတ်ခံရသူများထဲမှ ကိုလင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အလုပ်ရှင်မှ အထည် တစ်ဒါဇင်လျှင် ပုံမှန်လုပ်အားခ ထိုင်း‌ငွေ ၂၀၂ဘတ်‌ပေးရာမှ ၃၂ဝဘတ်အထိ တိုး‌ပေးရန် ဩဂုတ်လ ၈ရက်မတိုင်မီ ဒီဒီစက်ရုံအလုပ်သမားအားလုံးက ‌တောင်းဆိုခဲ့ကြ‌သော်လည်း ၎င်းတို့သာ အလုပ်ဖြုတ်ခံရသည်ကို နားမလည်‌ကြောင်း သူက ဆက်‌ပြော သည်။

အလုပ်သမားအ‌ရေးကို လိုက်လံ‌ဆောင်ရွက်‌ပေး‌နေသည့် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ (JACBA) တာဝန်ခံ ကိုမိုး ကြိုးက “ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်‌ရေးဥပ‌ဒေ (BE – 2541)အရ လုပ်သက်အလိုက် နစ်နာ‌ကြေးရပိုင်ခွင့်ရှိတယ်။ အခု ဥပ‌ဒေနဲ့ ဆုံးဖြတ်မယ်ဆိုရင် ဒီအမှုကို သူတို့(အမှုဖွင့် အလုပ်သမား‌တွေ)နိုင်လိမ့်မယ်။”ဟု ‌ထောက်ပြသည်။

အလုပ်ဖြုတ်ခံရသူများသည် အလုပ်သမား ၂၀၀‌ကျော်ရှိသည့် ဒီဒီသိုး‌မွှေးစက်ရုံ၌ လုပ်သက် ၈လမှ ၁၃နှစ်အထိရှိသူများဖြစ်ပြီး အလုပ်သ မားပတ်စ်ပို့(နိုင်ငံကူးလက်မှတ်) ရှိထားသူများဖြစ်‌သော်လည်း မိတ္တူကိုသာ ကိုင်‌ဆောင်ခွင့်‌ပေးထားကာ ပတ်စ်ပို့မူရင်းကိုမူ အလုပ်ရှင်က သိမ်းထား‌ကြောင်း သိရသည်။

ကိုလင်းက “ကျ‌နော်တို့ကိုထုတ်တုန်းက လုပ်သက်အ‌ပေါ် မူတည်ပြီး လစာ‌ငွေရှင်း‌ပေးတယ်။ ကျ‌နော်တို့က နားမလည်ဘူး‌ပေါ့။ ‌နောက် အလုပ်က ထွက်မယ်ဆိုရင် လုပ်သက်အ‌ပေါ် မူတည်ပြီး အဲဒီပတ်စ်ပို့ကို ပြန်‌ရွေးရမယ်လို့ အလုပ်ရှင်က ‌ပြောတယ်”ဟု ‌ပြောဆိုသည်။

ဒီဒီသိုး‌မွှေးစက်ရုံမှ ထုတ်လုပ်သည့် အဝတ်အထည် ကုန်ကြမ်းများကို ကုန်‌ချောအဖြစ် ဘန်‌ကောက်မြို့သို့ ပို့‌ဆောင်ရသည်ဟု ၎င်းစက် ရုံအလုပ်သမားများက ဆိုသည်။ လက်ရှိ မဲ‌ဆောက်မြို့တွင် စက်ရုံအလုပ်ရုံ ၂၀၀‌ကျော်ရှိ‌သော်လည်း ထိုင်းနိုင်ငံက သတ်မှတ်ထားသည့် တစ်‌နေ့တာ လုပ်အားခ ထိုင်း‌ငွေ ၂၂၆ဘတ်နှုန်းဖြင့် ရရှိ‌သော အလုပ်ရုံမှာ တီ‌ကေဖက်ရှင်း၊ လီ‌ဖောင်း၊ ‌တော့‌ဖောင်းနှင့် အမ်အဲပဲ စက်ရုံ ၄ရုံသာ ရှိသည်။

ပြီးခဲ့သည့် ‌မေလက မဲ‌ဆောက်မြို့ S.D Fashion ကုမ္ပဏီလီမိတက် ချန်ပီယံ သိုး‌မွှေးအထည်စက်ရုံမှ အလုပ်သမားအား ကြီးကြပ်သူ တရုတ်နိုင်ငံသား ယန်ချန်း‌ဝေ(Yan Chang Wai)ကို အလုပ်ရှင်က အ‌ကြောင်းမဲ့ အလုပ်ဖြုတ်ခဲ့ရာ ဆဝပ်ဒီကန်သို့ အမှုဖွင့်တိုင်ကြားပြီး ‌နောက် နစ်နာ‌ကြေး‌ငွေ ၃၃,၁၆၇ဘတ် ရရှိခဲ့သည်။