Home သတင်း ဖားအံမြို့ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲ‌တော်သို့ KNU ပထမဆုံးအကြိမ် ပါဝင်ဆင်နွဲခဲ့

ဖားအံမြို့ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲ‌တော်သို့ KNU ပထမဆုံးအကြိမ် ပါဝင်ဆင်နွဲခဲ့

1894
ဩဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုမှ ကြီးမှူးကျင်းပ‌သော (၃၅)နှစ်‌မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲ‌တော်ကို ဩဂုတ်လ ၂၆ရက်‌နေ့က ဖားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် ကျင်းပခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး-KNU မှ ‌ခေါင်း‌ဆောင်အချို့ ပထမဆုံး အကြိမ် တက်‌ရောက်ဆင်နွဲခဲ့သည်။

၎င်းလက်ချည်ပွဲကို KNU ၏ သစ်‌တောဌာန တာဝန်ခံ ပဒို‌စောအားတိုးနှင့် မြဝတီ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး‌ဖောဒို့တို့အပြင် ဝန်ကြီးချုပ် ဦး‌ဇော်မင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပါတီ‌ခေါင်း‌ဆောင်များ၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ ကရင်လူငယ်‌မောင်မယ်များ နှင့် သက်ကြီးရွယ်အို စုစု‌ပေါင်း ၁၀၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

KNU နှင့်အတူ လိုက်ပါသွားခဲ့သူ မန်းမျိုးမြင့်က “KNU ‌ခေါင်း‌ဆောင်‌တွေ အခုလို ဖားအံမှာလုပ်တဲ့ ချည်ဖြူဖွဲ့ပွဲကို တက်‌ရောက်ခွင့်ရတာ အင်မတန် ‌ကောင်းပါတယ်။ လူ‌တွေကလည်း ကြိုဆိုတာ၊ ဝမ်းသာတာ ‌တွေ့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ချည်ဖြူဖွဲ့ပွဲ တက်‌ရောက်သူ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေးအွာက “အခုလို တက်‌ရောက်လာတာ ဝမ်းသာပါတယ်။ ‌ဒေသခံလူထုအားလုံးလည်း ဝမ်းသာကြပါတယ်။ ဒါ‌ပေမယ့် တချို့‌တော့ KNU နဲ့ ‌ပြောဆိုဆက်ဆံတဲ့အခါမှာ သိပ်မရဲကြ ဘူး။ ၁၇/၁(မတရားအသင်း ဆက်သွယ်တဲ့ပုဒ်မ)ကို မပယ်ဖျက်‌သေးတဲ့အခါကျ‌တော့ ‌ကြောက်ကြတာ‌ပေါ့‌နော်။ အဲဒီ တရားမဝင်အသင်း ဆိုတာ မရှိ‌တော့ဘူးဆိုရင် အားလုံးက ဒီထက် ပွင့်ပွင့်လင်းလင်း ဖြစ်လာလိမ့်မယ်လို့ထင်တယ်”ဟု ‌ပြောသည်။

ယင်းအခမ်းအနားကို မနက်(၁၀)နာရီတွင် စတင် ကျင်းပခဲ့ပြီး အစီအစဉ်အရ ချည်ဖြူဖွဲ့ပွဲ အစဉ်အလာအတိုင်း ဦး‌ဆောင်ကြသည့် လူကြီး သူမများက ရိုးရာလိပ်ပြာ‌ခေါ်ခြင်း၊ လက်ချည်မဂင်္လာပြုခြင်း၊ ကရင်လူငယ်‌မောင်မယ်များက ရိုးရာသီချင်း သီဆိုခြင်းနှင့် ဧည့်ခံ‌ကျွေး‌မွေး ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကရင်လူမျိုးတို့၏ ရိုးရာယဉ်‌ကျေးမှု ထုံးတမ်းအစဉ်အလာအရ ကျင်းပ‌သော ပွဲ‌တော်များအနက် ဝါ‌ခေါင်လအတွင်း ကျင်းပသည့် ချည်ဖြူဖွဲ့ ပွဲ‌တော်သည် အပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ‌တောင်‌ပေါ်၊ ‌မြေပြန့် ကရင်လူမျိုးများသာမက ပြည်ပနိုင်ငံ အသီးသီးတွင် သွား‌ရောက် အ‌ခြေ ချ ‌နေထိုင်‌နေကြ‌သော ကရင်လူမျိုးများလည်း အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်း ဆင်နွှဲကျင်းပကြသည်။

“ကရင်အမျိုးသား‌တွေ အခုလို စည်းစည်းလုံးလုံးနဲ့ ‌တွေ့နိုင်မယ့် ပွဲ‌တော်‌တွေက‌နေတဆင့် အမျိုးသား‌ရေးကိစ္စ‌တွေကို အမြဲတမ်း ‌တွေ့ဆုံ ‌ဆွေး‌နွေးကြမယ်ဆိုရင် ကျ‌နော်တို့ ကရင်အမျိုးသားထုထဲမှာလည်း မကြာခင် ကျ‌နော်တို့ ရည်မှန်းချက်‌တွေ ပြည့်ဝလိမ့်မယ်လို့ သုံးသပ်မိ ပါတယ်”ဟု မန်းမျိုးမြင့်က ဆက်‌ပြောသည်။

ယခု ပြုလုပ်သည့် ချည်ဖြူဖွဲ့ပွဲသည် ဖားအံမြို့နယ် အတိုင်းအတာအ‌နေဖြင့် ကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်းမှ ‌ငွေကျပ်ဆယ်သိန်းနှင့် KNU မှ ‌ငွေကျပ်သုံးသိန်း ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီထံ လှူဒါန်းခဲ့သည်ဟု သိရသည်။

ကရင်လူမျိုးတို့၏ ‌ရှေးလူကြီးသူမများ အဆိုအရ ဝါ‌ခေါင်လသည် မ‌ကောင်းဆိုးဝါးများ ‌ပျော်မြူးသည့် လရာသီဖြစ်ပြီး ထိုမ‌ကောင်းဆိုးဝါး ဝိညာဉ်များ မိမိတို့၏ သားသမီး၊ ‌မြေး၊ မြစ်များအ‌ပေါ် လာ‌ရောက်စွဲကပ်ပါက မ‌ကောင်းသည့် အတိတ်နိမိတ်၊ ‌ဘေးဥပါဒ် ကျ‌ရောက်တတ် သည်ဟု ယုံကြည်ကြကာ ၎င်းကို ကာကွယ်သည့်အ‌နေဖြင့် လက်နှစ်ဖက်၏ လက်‌ကောက်ဝတ်တွင် ချည်ဖြူများ ချည်‌နှောင်‌ပေးခြင်း ဖြစ် သည်။