Home သတင်း ပဲခူးတိုင်းအတွင်းရှိ ‌ရေ‌ဘေးဒုက္ခသည်များ အခက်များစွာ ရှိ‌နေ

ပဲခူးတိုင်းအတွင်းရှိ ‌ရေ‌ဘေးဒုက္ခသည်များ အခက်များစွာ ရှိ‌နေ

2004
ဩဂုတ်လ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

မိုးရွာသွန်းမှု‌ကြောင့် စစ်‌တောင်းမြစ်နှင့် ‌ရွှေကျင်မြစ် ‌ရေမြင့်တက်လာမှု‌ကြောင့် ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ‌ကျေးရွာများတွင် ‌ရေကြီး‌ရေလျှံမှုဖြစ်ပြီး ‌ရေ‌ဘေးဒုက္ခသည်များမှာ အခက်အခဲများစွာ ရှိ‌နေ‌ကြောင်း သိရသည်။

‌ရေကြီးမှု‌ကြောင့် ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ‌ညောင်‌လေးပင်၊ သနပ်ပင်၊ ကဝ ၊ ‌ဝေါ၊ ‌ကျောက်တံခါး၊ ဒိုက်ဦး၊ ‌ရွှေကျင် စသည့်မြို့နယ် များမှ မြို့‌ပေါ်ရပ်ကွက်များတွင် ‌ရေနှစ်မြုပ်သည်သာမက ‌ကျေးရွာများရှိ မိုးစပါးစိုက်ဧက ‌သောင်းနှင့်ချီ၍ ပျက်စီးဆုံးရှုံးမှုများရှိသလို စာသင်‌ကျောင်းအချို့မှာလည်း ပိတ်ထား‌နေရသည်။

ထို့အပြင် အဆိုပါ‌ဒေသမှ ‌ရေ‌ဘေးဒုက္ခသည်များမှာ အစားအ‌သောက်၊ သွားလာ‌ရေး၊ ‌သောက်သုံး‌ရေ ရှားပါးမှု ပြဿနာများနှင့် လက်ရှိအ ချိန်တွင် ရင်ဆိုင်ကြုံ‌တွေ့‌နေရ‌ကြောင်းလည်း ‌ညောင်‌လေးပင်မြို့နယ်မှ ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

သူက “စား‌ရေး‌သောက်‌ရေးအတွက် အခက်အခဲရှိတယ်။ ‌နောက်ပြီး‌တော့ သွားလာရတာ အဆင်မ‌ပြေဘူး။ ‌လှေရှိတဲ့သူက‌တော့ အဆင် ‌ပြေတယ်။ ‌လှေမရှိတဲ့သူက‌တော့ အဆင်မ‌ပြေဘူး။ ‌သောက်သုံး‌ရေအတွက် ‌ရေ‌ကောင်း‌ရေသန့်မရှိဘူး။ အဲဒီအခါကျ‌တော့ ကျန်းမာ‌ရေး ပြဿနာလည်း စိုးရိမ်ရတယ်”ဟု ဆိုသည်။

ယင်းသို့ ခက်ခဲ‌နေသည့်အထဲတွင် က‌လေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာ‌ရေးအတွက်လည်း စိုးရိမ်ရသည်ဟု အဆိုပါ ‌ဒေသခံက ဆက်လက် ‌ပြောပြသည်။

‌ရေကြီးမှု‌ကြောင့် ‌ကျောက်ကြီးဘက်ရှိ ‌ကျေးရွာအုပ်စုများမှ အိမ်‌ခြေ ၁,၅၆၁လုံးမှ လူဦး‌ရေ ၉,၀၀၀‌ကျော်နှင့် လယ်ဧက ‌ထောင်နှင့်ချီ၍ ‌ရေနစ်မြုပ်ပြီး သနပ်ပင်မြို့နယ်မှ ရွာ‌ပေါင်း ၆၆ရွာ၊ ‌ဝေါမြို့နယ်မှ ၅၂ရွာ၊ ကဝမြို့နယ်မှ ၉၆ရွာများမှ လယ်ဧက သုံး‌သောင်း‌ကျော် ‌ရေနစ် မြုပ်ခဲ့‌ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။

‌ရေ‌ဘေး‌ကြောင့် ၎င်း‌ဒေသများတွင် ကယ်ဆယ်‌ရေးစခန်းများ ဖွင့်လှစ်ထားရပြီး အစိုးရနှင့် ‌စေတနာရှင်များမှ အစားအ‌သောက်နှင့် အသုံး အ‌ဆောင်များ လာ‌ရောက်လှူဒါန်း‌ပေးခဲ့သည်။ ပဲခူးတိုင်းတွင် ယခင်နှစ်များက ‌ရေကြီး‌ရေလျှံမှုများ ရှိ‌သော်လည်း ယခုနှစ်ကဲ့သို့ အ‌ခြေအ ‌နေ ဆိုးဝါးမှုမရှိ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။

ယခုနှစ်အတွင်း ပဲခူးတိုင်း‌ဒေသကြီးအပြင် ဧရာဝတီတိုင်း၊ မန္တ‌လေးတိုင်း အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် ‌ရေကြီး‌ရေလျှံမှုများ ဖြစ်‌ပေါ်ပြီး ‌ရေ‌ဘေးဒုက္ခသည် ‌ထောင်‌ပေါင်းများစွာ ဒုက္ခ‌ရောက်ကြရသည်။

စစ်‌တောင်းမြစ်‌ရေသည် ဩဂုတ်လ(၁၉)ရက် တိုင်းထွာချက်များအရ စိုးရိမ်‌ရေမှတ်အထက် ၄‌ပေခန့် ‌ကျော်လွန်‌နေပြီး ‌နောက်နှစ်ရက်အ တွက် ခန့်မှန်းချက်အရ ၎င်းမြစ်‌ရေမှာ စိုးရိမ်‌ရေမှတ်အထက်တွင် ဆက်လက်တည်ရှိ‌နေနိုင်‌ကြောင်း မိုး‌လေဝသနှင့် ဇလ‌ဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ ဧရာဝတီတိုင်း၊ ပုသိမ်နှင့် ‌ကျောင်းကုန်းမြို့နယ်များတွင်လည်း ဩဂုတ်လဆန်းပိုင်းမှစ၍ ‌နေ့‌ရောညပါ အဆက်မပြတ် မိုးရွာ သွန်းမှု များပြားသည့်အတွက်‌ကြောင့် ‌ရေကြီးမှုများ ‌နေရာအနှံ့ ဖြစ်ပွားလျှက်ရှိသည်။