Home သတင်း ပရဟိတအဖွဲ့များ မှတ်ပုံတင်ရန်မလို‌ကြောင်း လူထုအ‌ခြေပြုအဖွဲ့များ ‌ဆွေး‌နွေးခဲ့

ပရဟိတအဖွဲ့များ မှတ်ပုံတင်ရန်မလို‌ကြောင်း လူထုအ‌ခြေပြုအဖွဲ့များ ‌ဆွေး‌နွေးခဲ့

2361
ဩဂုတ်လ ၁ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (ကရင်သတင်းဌာန)

ရပ်ရွာလူထုပရဟိတအဖွဲ့များသည် နိုင်ငံ‌တော်အား တစ်ဖက်တစ်လမ်းမှ ကူညီ‌နေ‌သော အဖွဲ့များဖြစ်၍ မှတ်ပုံတင်ထားရှိရန် မလို‌ကြောင်း ဇူလိုင်လ‌နောက်ဆုံးပတ်တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ Burnet Institute Myanmar ရုံးတွင် ပြုလုပ်ခဲ့သည့် Myanmar People Forum (မြန်မာလူထုဖိုရမ်)၌ လူထုအ‌ခြေပြုအဖွဲ့များက ‌ပြောဆို‌ဆွေး‌နွေးခဲ့ကြသည်။

ဇူလိုင်လ ၂၅ရက်နှင့် ၂၆ရက်‌နေ့များတွင် ပြုလုပ်ခဲ့သည့် အဆိုပါလူထုဖိုရမ်သို့ ၈၈မျိုးဆက်‌ကျောင်းသားများ၊ Community Capacity Building Group-CCBG, Generation Wave-GW, စစ်ကိုင်းတိုင်း ‌ရွှေဘိုမြို့မှ ‌ရွှေခြ‌သေင့်္‌ရွှေဘိုအဖွဲ့၊ ပဲခူးတိုင်း ‌တောင်ငူမြို့မှ လူထုအ‌ခြေ ပြုအဖွဲ့များ အပါအဝင် အဖွဲ့ ၁ဝဖွဲ့မှ လူဦး‌ရေ ၂၀‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

‌မြောက်ဥက္ကလာပရှိ လူငယ်အမျိုးသမီးတစ်ဦးက “ကျမတို့ ကိုယ့်‌ဒေသမှာ ကိုယ်နိုင်တာ‌လေး‌တွေကို လုပ်‌ပေး‌နေကြတာပါ။ အ‌ရေး‌ပေါ် ‌သွေးလိုတယ်ဆိုရင်လည်း ဝိုင်းကူကြ။ က‌လေး‌တွေ ‌ကျောင်းမ‌နေနိုင်ရင်လည်း တတ်နိုင်တာ‌လေး‌တွေ လုပ်‌ပေးကြတာပါ။ အစိုးရမလုပ် ‌ပေးနိုင်တဲ့အပိုင်းကို ဝိုင်းဝန်းကူ‌နေတာပါ။ မှတ်ပုံတင်ရှိမှလုပ်ရမယ်ဆို လူထုဒုက္ခ‌ရောက်မှာပါ။ အစိုးရလည်း နစ်နာမှာပါ”ဟု ‌ပြောသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့‌ပေါ်တွင်လည်း Blood Group-BG အဖွဲ့ဝင်များမှ ‌သွေးလိုအပ်မှုကို ကူညီ‌ဆောင်ရွက်‌ပေးသည့်အပြင် ‌ဆေးရုံရှိ ‌အောက်ဆီဂျင် လိုအပ်‌သော လူနာများအတွက် ရံပုံ‌ငွေမတည်ရန် ပြီးခဲ့သည့် ဇူလိုင်လက တက္ကသိုလ်‌ကျောင်းသားများသို့ တိုက်တွန်းနှိုး ‌ဆော်ပွဲတစ်ခု ပြုလုပ်ရာ တိုင်းအုပ်ချုပ်‌ရေးရုံးမှ ‌ခေါ်‌မေးခြင်းကို ရင်ဆိုင်ခဲ့ရသည်ဟု မုံရွာ BG အဖွဲ့မှ ကိုညီညီက ‌ပြောသည်။

“ကျ‌နော်တို့က ‌ကျောင်းနဲ့နီးတဲ့ Mr. Hero ဆိုတဲ့ဆိုင်မှာ ပွဲစီစဉ်ထားတာပါ။ SB ‌ကော ရပ်ကွက်လူကြီး‌တွေကို အသိ‌ပေးတာပါ။ ဒါကို တိုင်း ဝန်ကြီးရုံးက ‌ခေါ်‌မေးပါတယ်။ မှတ်ပုံတင်ရှိလားတဲ့။ မရှိဘူး‌ပြော‌တော့ ကျ‌နော်တို့ကို ‌ကျောင်းနဲ့‌ဝေးတဲ့‌နေရာမှာ လုပ်ဖို့‌ပြောပါတယ်”ဟု ၎င်း က ‌ပြောသည်။

ရပ်ရွာလူထုအဖွဲ့များမှာ မှတ်ပုံတင်ထားခြင်းများ မရှိကြ‌ကြောင်း ပဲခူးတိုင်း၊ ‌တောင်ငူမြို့‌ပေါ်ရှိ ဆွမ်း‌လောင်းအသင်းများတွင်မူ သက်ဆိုင် ရာ သာသနာ‌ရေးမှ ခွင့်ပြုချက်ဖြင့် လုပ်‌ဆောင်‌နေကြ‌ကြောင်း၊ မှတ်ပုံတင်‌ကြေးကို ၅သိန်းမှာ ၎င်းတို့အဖွဲ့ပိုင်‌ငွေများထက်ပင်များ‌နေရာ လုပ်ငန်းကို ထိ‌ရောက်စွာပင် မလုပ်‌ဆောင်နိုင်‌ကြောင်း ‌တောင်ငူရှိ ဆယ်တန်း‌ကျောင်းသားများအား အခမဲ့ စာသင်ကြား‌ပေး‌နေ‌သောအဖွဲ့မှ ကို‌သော်ဇင်က ‌ပြောဆိုသည်။

အဆိုပါလူထုဖိုရမ်တွင် မှတ်ပုံမတင်‌ရေး ကိစ္စသာမက မတရားအသင်းဥပ‌ဒေအား ပယ်ဖျက်‌ပေးရန်နှင့် NGO များသာမက ရပ်ရွာအ‌ခြေပြု အဖွဲ့များ လုံခြုံမှုရှိ‌စေရန်အတွက် ဥပ‌ဒေရှိသင့်‌ကြောင်း ‌ဆွေး‌နွေးခဲ့ကြသည်ဟု Local Resource Center-LRC မှ ဝန်ထမ်းတစ်ဦးက “ဥပ ‌ဒေ‌ဟောင်း‌တွေနဲ့ ခြိမ်း‌ခြောက်တာမျိုးကို မလုပ်‌စေချင်‌တော့ပါဘူး။ အဖွဲ့‌တွေကို ‌နေပြည်‌တော်ထိမဟုတ်ဘဲ ရပ်ရွာထဲက သက်ဆိုင်ရာ မြို့ နယ်အာဏာပိုင်‌တွေ ခွင့်ပြု‌ပေးတာနဲ့ လုပ်ခွင့်‌ပေး‌စေချင်ပါတယ်”ဟု ဆိုသည်။

ထို့အပြင် လူထုဖိုရမ်‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သူ အင်ဒိုနီးရှားမှ လူ့အခွင့်အ‌ရေးပညာ‌ပေး ‌ဆွေး‌နွေး‌ရေးအဖွဲ့မှ အကြီးတန်းအကြံ‌ပေး မစ္စယုယွန်က အင်ဒိုနီးရှားကဲ့သို့ အိမ်နီးချင်းနိုင်ငံတွင်မူ လူထုအ‌ခြေပြုအဖွဲ့များမှာ မှတ်ပုံမတင်ဘဲ အလုပ်လုပ်ခွင့်ရ‌နေ‌ကြောင်းနှင့် ထိုင်း နိုင်ငံ၌လည်း နိုင်ငံခြားသားများ ပါဝင်‌သောအဖွဲ့နှင့် နိုင်ငံခြားအဖွဲ့အစည်းများသာလျှင် မှတ်ပုံတင်ရန် လိုအပ်‌ကြောင်း ‌ပြောခဲ့သည်။