Home သတင်း တာလမ်း‌ကြောင့် လယ်‌မြေများ ရက်လကြာ ‌ရေနစ်မြုပ်

တာလမ်း‌ကြောင့် လယ်‌မြေများ ရက်လကြာ ‌ရေနစ်မြုပ်

1356
ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ် နိတုံ-အတ္တရံ တာလမ်း‌ဖောက်လုပ်ခြင်း‌ကြောင့် ထို‌ဒေသတဝိုက်ရှိ လယ်ယာ‌မြေ ဧက‌ထောင်ချီ၍ ရက်လကြာ ‌ရေမြုပ်‌နေ‌ကြောင်း သိရသည်။

‌ဇေကမ္ဘာကုမ္ပဏီမှ တည်‌ဆောက်လျှက်ရှိသည့် ဘိလပ်‌မြေစက်ရုံ စီမံကိန်းသို့ သွယ်တန်းသည့် ထိုတာလမ်းသည် ‌ဒေသခံတို့၏ လယ်ယာ ‌မြေကိုဖြတ်ပြီး ‌ဖောက်လုပ်သည့်အတွက် ‌ရေများ တာလမ်းကို ဖြတ်ပြီး မစီးဆင်းနိုင်ဘဲ ‌ရေ‌လှောင်တမံကဲ့သို့ ဖြစ်‌နေသည်။

“လယ်‌တွေက နှစ်တိုင်းမြုပ်တယ်။ ဒါ‌ပေမယ့် ခါတိုင်းနှစ်‌တွေက မြုပ်ပြီး တပတ် နှစ်ပတ်‌နေ ‌ရေပြန်ကျသွားတယ်။ ဒီနှစ်ကျ‌တော့ အဲဒီ သူတို့ (ကုမ္ပဏီ) က လမ်း‌ဖောက်လုပ်လိုက်လို့ ဆည်လို ဖြစ်သွားတာ‌ပေါ့၊ ‌ရေက မစီးဘူး၊ ငြိမ်‌နေတယ်ဆို‌တော့ ‌တော်ရုံနဲ့ ‌ရေပြန်မကျဘူး။ မကျ‌တော့ စပါး‌တွေ ‌သေကုန်မှာ‌ပေါ့”ဟု ထို‌ဒေသရှိ နီးတုံးရွာခံ ဘုန်းကြီးတစ်ပါးက မိန့်ကြားသည်။

နီးတုံးရွာတွင်ပင် လယ်‌မြေဧက ၈၀ဝခန့် တစ်လနီးပါး ‌ရေမြုပ်‌နေပြီး ယင်း‌ဒေသ အနီးတဝိုက်ရှိ ‌ကော့ဒွန်၊ ‌ကော့ပ‌နော် စသည့်‌ကျေးရွာမှ လယ်‌မြေများမှာလည်း ‌ရေမြုပ်လျှက်ရှိ‌ကြောင်း အဆိုပါဘုန်းဘုန်းက ဆက်မိန့်သည်။

လယ် ၈ဧကပိုင် ‌ကော့ဒွန်ရွာသား လယ်သမားတစ်ဦးက “လယ်‌တွေက အကုန်မြုပ်‌နေတာပဲ။ စပါး‌တွေလည်း ‌သေတယ်။ တချို့ နည်း နည်းမြင့်တဲ့‌နေရာမှာ‌တော့ စပါး‌တွေ‌သေကုန်လို့ ပြန်စိုက်ထားကြတယ်။ ‌ရေပြန်ကြီးလာတယ်။ တချို့‌တွေကျ‌တော့ ‌ရေက လုံးဝမကျဘူး။ ခါတိုင်းနှစ်က ကြီး‌တော့ ကြီးတယ်။ ဒါ‌ပေမယ့် သိပ်မကြာဘူး‌လေ”ဟု ‌ပြောသည်။

အကယ်၍ လွယ်လွယ်နှင့် ‌ရေပြန်မကျပါက လယ်သမားများ စပါးထပ်မံစိုက်ပျိုးရန် အခက်အခဲရှိ‌ကြောင်းနှင့် ထပ်မံစိုက်ပျိုးချိန် ‌နောက်ကျ မည်ကိုလည်း စိုးရိမ်‌နေကြသည်ဟု သူက ‌ပြောသည်။

‌ဇေကမ္ဘာကုမ္ပဏီက ထိုတာလမ်းကို ၁၅‌ပေမြင့်သည်အထိ ‌ဖောက်လုပ်ရန် စီမံကိန်း ချမှတ်ထား‌သော်လည်း ၎င်းကို ‌ဒေသခံတို့က ကန့် ကွက်ခဲ့ကြရသည်မှာ သတ်မှတ်အမြင့်‌ပေအထိ ‌ဖောက်လုပ်ပြီးစီးသွားပါက မိုးတွင်း‌ရေကြီးချိန်တွင် ထို‌ဒေသရှိ ‌ကျေးရွာ ၉ရွာမှ လူဦး‌ရေ ‌သောင်းဂဏန်းချီ၍ ‌ရေ‌ဘေးကြုံ‌တွေ့နိုင်သည့် အ‌နေအထားသို့ ဖြစ်သွားနိုင်သဖြင့် ‌ဒေသခံတို့က ၃‌ပေခန့်သာ ‌ဖောက်လုပ်‌စေချင်ကြခြင်း ဖြစ်သည်။

၎င်းတာလမ်း‌ဖောက်လုပ်ခြင်းကို ရပ်တန့်‌ပေးရန် ဇူလိုင်လ ၅ရက်‌နေ့က ရွာ ၉ရွာမှ ‌ဒေသခံ ၂၀ဝခန့်က ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး လမ်း ‌ဖောက်လုပ်ခြင်း‌ကြောင့် ကြုံ‌တွေ့လာရမည့် နစ်နာဆုံးရှုံးမှုအတွက် နိုင်ငံ‌တော် သမ္မတနှင့် သက်ဆိုင်ရာဌာနများသို့ စု‌ပေါင်းလက်မှတ်‌ရေး ထိုးကာ တင်ပြသွားရန်လည်း ‌ဒေသခံများက ‌ဆောင်ရွက်လျှက်ရှိသည်။