Home သတင်း ဇမိ‌ချောင်း ‌ရေလမ်းသွားခရီးသည်များ ဂိတ်‌ကြေး‌ပေး‌ဆောင်‌နေရ

ဇမိ‌ချောင်း ‌ရေလမ်းသွားခရီးသည်များ ဂိတ်‌ကြေး‌ပေး‌ဆောင်‌နေရ

2281
ဩဂုတ်လ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမှ ကြာအင်းဆိပ်ကြီးသို့ သွားလာ‌နေရသည့် ဇမိမြစ်‌ကြောင်းလမ်း တစ်‌လျှောက်တွင် ခရီးသည်များမှာ ‌လှေခအပြင် ‌ဝေသာလီရွာမှစ၍ ဂိတ်‌ကြေးများပါ ‌ပေး‌ဆောင်‌နေကြရ‌ကြောင်း ခရီးသွား များ၏ ‌ပြောပြချက်အရ သိရသည်။

“‌လှေခက‌တော့ နှစ်ဆင့်ဆို‌တော့ ၃၂,၀၀ဝ ‌ပေါ့။ ဂိတ်‌ကြေး‌တွေကျ‌တော့ ‌ချောင်းဆုံက‌နေ ‌ဝေသာလီထိပဲ ‌လှေသမား‌တွေ ခံ‌ပေးတယ်။ ‌ဝေသာလီက‌နေ ကြာအင်းဆိပ်ကြီး‌ရောက်ဖို့ အဲဒီကြားက ဂိတ်‌တွေကို ခရီးသည်‌တွေ ‌ပေး‌နေရတယ်” မကြာခင်က ခရီးသွားခဲ့သူ မိမြင့်က ‌ပြောပြသည်။

ဘုရားသုံးဆူမြို့မှ ၉မိုင်ဝန်းကျင် ကွာ‌ဝေးသည့် ‌ချောင်းဆုံရွာမှ ကြာအင်းဆိပ်ကြီးအထိ ‌လှေနှစ်ဆင့် စီးရပြီး ခရီးသည်တစ်ဦးလျှင် ‌ချောင်း ဆုံမှ ကျွန်း‌ချောင်းထိ ‌လှေခ ၁၇,၀၀ဝကျပ်နှင့် ကျွန်း‌ချောင်းမှ ကြာအင်းဆိပ်ကြီးထိ ၁၅,၀၀ဝကျပ် ‌ပေး‌ဆောင်‌နေရသည်။

ကျွန်း‌ချောင်းမှ ကြာအင်းဆိပ်ကြီးသို့ တ‌နေ့လျှင် ‌လှေ ၄စီးခန့် ‌ပြေးဆွဲ‌နေပြီး ‌လှေတစ်စီးလျှင် ခရီးသည် ၂၅ဦးမှ ၃ဝဦးအထိ တင်‌ဆောင် ‌လေ့ရှိပြီး ‌မော်လမြိုင်ခရိုင် ‌ဝေသာလီရွာမှ ကြာအင်းဆိပ်ကြီးအထိ မွန်ဂိတ်၊ ကရင်ဂိတ်နှင့် ဗမာစစ်တပ်ဂိတ် စုစု‌ပေါင်း ၆ဂိတ်ရှိကာ ခရီး သည်များက တစ်ဂိတ်လျှင် ကျပ်တစ်‌ထောင်နှုန်းဖြင့် ‌ပေး‌ဆောင်‌နေခြင်းဖြစ်သည်။

ကျွန်း‌ချောင်းဂိတ်ရှိ KNU မှ တာဝန်ရှိသူတဦးက “‌လှေ‌တွေက ပုံမှန်‌တော့ ၄စီး‌လောက် ‌ပြေးဆွဲ‌နေတာ‌ပေါ့။ ဒါ‌ပေမယ့် ခရီးသည်‌တွေ‌ပေါ် မူတည်ပြီး‌တော့လည်း တချို့ရက် များတယ်။ တချို့ရက်ဆို နည်းတယ်။ ဒီနှစ်ခရီးသည်‌တွေ သိပ်မများဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သူကပင် ဆက်လက်၍ ယခုကဲ့သို့ ခရီးသည်များ ဂိတ်‌ကြေး ‌ပေး‌ဆောင်‌နေရခြင်းအ‌ပေါ် ၎င်းတို့အ‌နေဖြင့် မသိရှိရ‌ကြောင်းနှင့် မည်သည့်အ ဖွဲ့အစည်းမှ ‌ကောက်ခံ‌နေသည်ကိုလည်း မသိရှိ‌ကြောင်း ၎င်းတာဝန်ရှိသူက ‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ နယ်စပ်မှ ဘုရားသုံးဆူ-‌ရေး၊ ဘုရားသုံးဆူ-သံဖြူဇရပ်နှင့် ဘုရားသုံးဆူ မုဒုံ၊ ကြာအင်းဆိပ်ကြီးသို့ ‌နွေရာသီတွင် ကားလမ်းဖြင့် သွားလာနိုင်‌သော်လည်း မိုးတွင်းပိုင်း၌မူ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လမ်းတစ်ခုတည်းကိုသာ သွားလာ ရန် အသုံးပြု‌နေကြရသည်။

“ကြည့်ရတာ ‌လှေသမားနဲ့ ဂိတ်‌စောင့်‌တွေ ညှိထားကြတာပဲ။ ခါတိုင်းနှစ်‌တွေ ဒီလိုမျိုးမရှိပါဘူး။ ‌လှေခ‌ပေးပြီးရင် ဂိတ်‌တွေ ဘာ‌တွေ ခရီး သည်‌တွေ ‌ပေးစရာမလိုဘူး‌လေ။ အခုဟာက ‌လှေခ‌တွေလည်း‌ပေးရ၊ ဂိတ်‌တွေကိုလည်း‌ပေးရ၊ ‌တော်‌တော်စိတ်ညစ်ဖို့‌ကောင်းတယ်။ တချို့ ဆို ကျွန်း‌ချောင်း‌ရောက်ရင် ‌လှေမစီးပဲနဲ့ ဆိုင်ကယ်ကို ‌ပြောင်းစီးကြတယ်။ ဂိတ်‌စောင့်‌တွေနဲ့ စကားမများချင်လို့‌လေ”ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ‌ပြောသည်။

ယခုဂိတ်‌ကြေး‌ကောက်ခံ‌နေသည့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ဇမိမြစ်‌ကြောင်းလမ်းတ‌လျှောက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ တိုးတက်‌သော ကရင်ဗုဒ္ဓဘာသာ(DKBA) နှင့် အစိုးရစစ်တပ်မှ ‌ရေတပ်စခန်းများ ဂိတ်ချထားလျက်ရှိ သည်။