Home သတင်း No NGO လှုပ်ရှားမှု‌ကြောင့် လူထုအ‌ခြေပြုအဖွဲ့များကို ရခိုင်လူထုများ လက်မခံ‌သေး

No NGO လှုပ်ရှားမှု‌ကြောင့် လူထုအ‌ခြေပြုအဖွဲ့များကို ရခိုင်လူထုများ လက်မခံ‌သေး

1247
ဇူလိုင်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရခိုင်ပြည်နယ်အတွင်း အစိုးရမဟုတ်‌သောအဖွဲ့အစည်းများအ‌ပေါ် ကန့်ကွက်သည့် “NO NGO” လှုပ်ရှားမှု‌ကြောင့် လူထုအ‌ခြေပြုအဖွဲ့များကိုပါ ‌ဒေသခံများက လက်မခံဘဲ ဖြစ်‌နေ‌သေး‌ကြောင်း ‌ဒေသတွင်း လူထုအ‌ခြေပြုအဖွဲ့တစ်ခုမှ ကိုသန့်ဇင်က ‌ကေအိုင်စီကို ‌ပြောသည်။

“ကျ‌နော်တို့က လူထုအ‌ခြေပြုအဖွဲ့ပါလို့ ‌သေချာရှင်းပြ‌ပေမယ့်လည်း ‌လော‌လောဆယ် လက်မခံ‌သေးပါဘူး။ အဖွဲ့အစည်း‌တွေ ကြွဲပား တယ်ဆိုတာကို သိ‌စေချင်လို့ပါ။ လူတစ်စုရဲ့လုပ်ရပ်‌ကြောင့် NGO တစ်ခုလုံးကို‌တော့ မထိခိုက်‌စေချင်ပါဘူး”ဟု သူက ဆိုသည်။

မြို့နယ်အတွင်းတွင် NO NGO စာတမ်းပါ စတစ်ကာများကို အိမ်များ၊ ဆိုင်ခန်းများ၊ ကားနှင့် ဆိုင်ကယ်များတွင် ကပ်ထားကြ‌ကြောင်း သိရ သည်။

“နှစ် ၂ဝအတွင်း တိုင်းရင်းသား‌တွေအတွက် ဘာမှမလုပ်‌ပေးဘူးလို့ မြင်ကြတယ်‌လေ။ NGO ကို ခုတုံးလုပ်ပြီး ပဋိပက္ခ‌တွေ ဖန်တီးတာကို အများကြီး ‌တွေ့ခဲ့ကြတယ်‌လေ။ ဒါ‌ကြောင့် ဒီလှုပ်ရှားမှုကို လုပ်ကြတာပါ”ဟု စစ်‌တွေမြို့‌ပေါ်ရှိ ထိုလှုပ်ရှားမှုတွင် ပါဝင်‌သော အမျိုးသား တစ်ဦးက ‌ပြောသည်။

ယခုအချိန်တွင် AZG (MSF_Holland)မှ ဝန်ထမ်းများဖြစ်‌သော ‌ဒေါက်တာထက်‌အောင်နှင့် ‌ဒေါက်တာချိုမာလင်း အပါအဝင် ၁ဝဦးအား ထိန်းသိမ်းထားသည့်အတွက် အခြား AZG ဝန်ထမ်းများ မသွား‌ရောက်နိုင်သဖြင့် HIV ပိုးဖြင့် အသက်ရှင်‌နေထိုင်ကြသူများအတွက် ‌ဆေးရ ရှိရန် ‌ဒေသခံအချို့က ကူညီ‌ဆောင်ရွက်‌ပေး‌နေရသည်။

၎င်း‌ဝေဒနာသည်များ ‌ဆေးရရှိ‌စေရန် ‌ဆောင်ရွက်‌ပေး‌နေ‌သော Phoenix လူထုအ‌ခြေပြုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျ‌နော်တို့ကို လာ ဆက်သွယ်တဲ့လူကိုပဲ လုပ်‌ပေးနိုင်ပါတယ်။ လက်ဖက်ရည်ဆိုင်တစ်ခုမှာ ထိုင်ပြီး အလုပ်လုပ်‌နေရတာပါ။ စာအုပ်လာ‌ပေးတဲ့လူ‌တွေကို ရန် ကုန်က AZG မှာ ‌ဆေးထုတ်ပြီး စစ်‌တွေအထိ ပို့‌ပေးရတာပါ။ ‌ဆေး‌ပေးရုံပဲ တတ်နိုင်ပါ‌သေးတယ်။ တခြားကုသမှု‌တွေလည်း လိုအပ်‌နေတာ ကို ‌တွေ့ရပါတယ်။ ‌မောင်း‌တောမှာ‌တော့ တ‌နေ့ ၂နာရီ ‌ဆေးခန်းပြန်ဖွင့်‌ပေး‌နေပါတယ်”ဟု ဆိုသည်။

ထို့အပြင် ‌ဒေသခံ တိုင်းရင်းသားများသည် အ‌ကြောက်တရားနှင့် စိုးရိမ်မှုတို့ ကျန်ရှိ‌နေ‌သေးသဖြင့် လတ်တ‌လော အ‌ခြေအ‌နေအရ NGO ကို လက်မခံနိုင်ခြင်းဖြစ်‌ကြောင်း ရခိုင်လူငယ်အဖွဲ့မှ အမျိုးသားတစ်ဦးကလည်း ‌ပြောဆိုသည်။

“ကျမတို့ဘက်က‌တော့ အတတ်နိုင်ဆုံး လူနာ‌တွေဆီ ကုသမှုရရှိ‌အောင် ‌ဆောင်ရွက်‌ပေးဖို့ ကြိုးစား‌နေပါတယ်။ လူနာဆိုရင် လူမျိုးဘာသာ မ‌ရွေး မခွဲခြားဘဲ ကုသ‌ပေးခဲ့တာပါ”ဟု AZG (MSF_HOLLAND) မှ ‌ဆေးကုသ‌ရေး တာဝန်ခံဆရာမတစ်ဦးက ‌ပြောသည်။

AZG (MSF-Holland) မှာ ၁၉၉၃ခုနှစ်မှစတင်၍ ငှက်ဖျား‌ရောဂါတိုက်ဖျက်‌ရေးအဖြစ် ချင်းပြည်နယ်မှစတင်ကာ ရခိုင်ပြည်နယ်သို့ ဝင် ‌ရောက်ကာ ‌ဆေးကုသမှုများ လုပ်‌ဆောင်‌ပေးခဲ့‌သော အဖွဲ့ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အကြီးအကဲဖြစ်သူတို့ ‌တွေ့ဆုံရာတွင် ခိုးဝင်လာ‌သော ဘဂင်္ါ လီများအ‌ပေါ် လက်ခံရန် မဖြစ်နိုင်‌ကြောင်း သမ္မတ၏ ‌ပြောစကားအ‌ပေါ် ‌ထောက်ခံ‌သောအားဖြင့် ရခိုင်ပြည်သူများက မြို့နယ်အချို့တွင် ယ‌နေ့မှစ၍ ၉ရက်တိုင်တိုင် နိုင်ငံ‌တော်အလံကို ‌နေရာအနှံ့ လွှင့်ထူထားကြ‌ကြောင်း သိရသည်။