Home သတင်း KIO ထိန်းချုပ်နယ်‌မြေတွင် ဒုက္ခသည်ဦး‌ရေ ဆက်လက် တိုးပွားလာ

KIO ထိန်းချုပ်နယ်‌မြေတွင် ဒုက္ခသည်ဦး‌ရေ ဆက်လက် တိုးပွားလာ

1850
ဇူလိုင်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်ဖွဲ့-KIO တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများ‌ကြောင့် KIO ထိန်းချုပ်နယ်‌မြေအတွင်း ထွက်‌ပြေးလာသည့် ဒုက္ခသည်ဦး‌ရေ ဆက်လက်တိုးပွားလာသည်ဟု ဒုက္ခသည်‌စောင့်‌ရှောက်‌ရေး‌ကော်မတီက ‌ပြောသည်။

KIO ထိန်းချုပ်နယ်‌မြေအတွင်းမှာပင် ဇွန်လဆန်းပိုင်းအတွင်းက ဒုက္ခ‌ပေါင်း ၅၂,၀၀ဝ (ငါး‌သောင်းနှစ်‌ထောင်) ‌ကျော်ရှိ ရာမှ လက်ရှိ ၅၃,၀၀ဝ (ငါး‌သောင်းသုံး‌ထောင်)‌ကျော်အထိ တိုးလာပြီး၊ ၎င်းအပြင် တရုတ်နယ်စပ် ဘက်သို့ ခိုလှုံ‌နေကြသူများလည်းရှိသည်ဟု ၎င်းအဖွဲ့က ‌ပြောသည်။

“KIO ထိန်းချုပ်နယ်‌မြေမှာ‌တော့ ဒုက္ခသည်‌တွေ ပိုများလာတယ်။ လူ‌တွေများလာ‌တော့ စား‌ရေး ‌သောက်‌ရေး ‌နေ‌ရေးထိုင်‌ရေးအတွက် ပိုဒုက္ခ‌ရောက်ရတာ‌ပေါ့။ ဒါ့အပြင် ကျန်းမာ‌ရေး၊ ပညာ‌ရေးအတွက်လည်း အခက်အခဲ ဖြစ်တယ်” ဟု ကချင်စစ်‌ပြေးဒုက္ခသည်‌စောင့်‌ရှောက်‌ရေး‌ကော်မတီ ဥက္ကဌ ဦးဒွဲပီဆာက ‌ပြောသည်။

၎င်းအပြင် ဇွန်လအထိ KIO ထိန်းချုပ်နယ်အ‌မြေအပါအဝင် ကချင်ပြည်နယ်အနှံ့တွင် ဒုက္ခသည်စခန်း‌ပေါင်း ၅ဝ ခန့်ရှိပြီး ယင်းစခန်းများတွင် ခိုလှုံ‌နေကြသည့် ဒုက္ခသည်ဦး‌ရေ ၈၀,၀၀ဝ (ရှစ်‌သောင်း)ဝန်းကျင်ရှိပြီဟု ဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့် အဖွဲ့များက ခန့်မှန်းထားကြသည်။

ကချင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွား‌နေသည့် တိုက်ပွဲများနှင့် အစိုးရတပ်က ‌ဒေသခံများ၏ ‌ကျေးရွာ များကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လုပ်‌ဆောင်‌နေ‌သော‌ကြောင့် ‌ဒေသခံများသည် လွယ်‌မြောက်ရာ ‌နေရာသို့ ထွက်‌ပြေး‌နေရဆဲဖြစ်‌ကြောင်းလည်း ဦးဒွဲပီဆာက ဖြည့်စွက်‌ပြောသည်။

ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည့် ကချင်ဒုက္ခသည်များသည် တရုတ်-မြန်မာနယ်စပ်၊ မြစ်ကြီးနား၊ ဝိုင်း‌မော်၊ မိုင်ဂျာယန်၊ လိုင်ဇာ ‌ဒေသများတွင် အ‌ခြေချ‌နေထိုင်ကြရပြီး ငှက်ဖျားနှင့် ဝမ်းပျက် ဝမ်း‌လျှော‌ရောဂါများ ခံစား‌နေရသည်ဟုလည်း သိရသည်။

စစ်‌ဘေးဒဏ်ခံ‌နေရသူများအတွက် အလှုရှင်များနှင့် ကုလသမဂ္ဂမှ ကူညီမှုများ‌ပေး‌နေ‌သော်လည်း ထိ‌ရောက်မှု မရှိ‌ကြောင်း ကချင်အမျိုးသမီးအဖွဲ့တာဝန်ခံ မွန်း‌နေလီက ယခုလို ‌ပြောသည်။

၎င်းက “ကုလသမဂ္ဂက လာကူတယ်ဆိုတာကလည်း KIO နယ်‌မြေထဲထိ မ‌ရောက်ဘူး။ မြစ်ကြီးနားတို့ မြို့‌ပေါ် မှာရှိတဲ့ စခန်း တချို့‌နေရာ‌လောက်မှာပဲ ‌ရောက်နိုင်တယ်။ အဲဒါ‌ကြောင့် KIO နယ်‌မြေထဲက ဒုက္ခသည်‌တွေ အတွက် အကူအညီ‌တွေ အရမ်းလိုအပ်‌နေတယ်။”ဟု ‌ထောက်ပြ‌ပြောဆိုသည်။

မြန်မာအစိုးရတပ်နှင့် KIO တို့သည် ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲ‌ရေးသ‌ဘောတူခဲ့ပြီးမှ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ ယခုထိ တိုက်ပွဲအရှိန်များ ‌လျော့ကျမသွား‌သေးသလို ဒုက္ခသည်ဦး‌ရေများလည်း ဆက်လက်တိုးပွားလာလျှက်ရှိသည်။