Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျန်းမာ‌ရေးအဖွဲ့များ ငှက်ဖျားတိုက်ဖျက်‌ရေး ပူး‌ပေါင်း‌ဆောင်ရွက်

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျန်းမာ‌ရေးအဖွဲ့များ ငှက်ဖျားတိုက်ဖျက်‌ရေး ပူး‌ပေါင်း‌ဆောင်ရွက်

2074

ဇူလိုင်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (ကရင်သတင်းဌာန)

အစိုးရမဟုတ်သည့်အဖွဲ့ PSI- Myanmar သည် ငှက်ဖျားတိုက်ဖျက်‌ရေးစီမံချက်အတွက် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အ တွင်း၌ မြို့နယ်ကျန်းမာ‌ရေး တာဝန်ရှိသူများနှင့်အတူ ပူး‌ပေါင်း‌ဆောင်ရွက်လျက်ရှိသည်ဟု ‌ဆေးရုံအုပ်ကြီး ‌ဒေါက်တာ‌မောင်‌မောင်လွင်က ကရင်သတင်းဌာနသို့ ‌ပြောသည်။

‌ဒေါက်တာ‌မောင်‌မောင်လွင်က “PSI နဲ့အတူ ကျ‌နော်တို့ အစိုးရကျန်းမာ‌ရေးအဖွဲ့‌တွေနဲ့ လူထု‌တွေ ပူး‌ပေါင်းပြီး ငှက်ဖျားတိုက်ဖျက်‌ရေးအ တွက် ကွင်းဆင်း‌ဆောင်ရွက်‌နေပါတယ်။ ‌ဆေးစိမ်ခြင်‌ထောင်‌တွေ ‌ဝေတဲ့အပြင် ရွာအ‌ရောက် ‌ဆေးစစ်တာ ပညာ‌ပေးတာ‌တွေကိုလည်း လုပ်‌ပေး‌နေပါတယ်”ဟု ဆိုသည်။

ပညာ‌ပေးလုပ်ငန်းများ ပါဝင်‌သော အဆိုပါစီမံချက်ကို ပြီးခဲ့သည့် ဧပြီလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ‌ဒေသခံများအား ရက်တိုသင်တန်း ‌ပေးကာ ဝန်ထမ်းအဖြစ် ‌သွေးစစ်သည့်လုပ်ငန်းများတွင် ပါဝင်ကူညီ‌စေသည့်အပြင် ‌ကျေးရွာများအ‌ရောက် ‌ဆေးစိမ်ခြင်‌ထောင်များ ‌ဝေငှ ခြင်းများ‌ကြောင့် ‌ဒေသခံများအတွက် အဆင်‌ပြေသည်ဟုလည်း ဖားပြရွာသား ‌စောသန်းဦးက ယခုလို ‌ပြောသည်။

“‌ဆေးစိမ်ခြင်‌ထောင်မ‌ပြောနဲ့ ရိုးရိုးခြင်‌ထောင်‌တောင် မဝယ်နိုင်ဘူး‌လေ။ အခုလို လာ‌ပေး‌တော့ ကျ‌နော်တို့အတွက် အများကြီး အဆင်‌ပြေ တယ်‌လေ။ ‌သွေးစစ်တာလည်း ရွာမှာပဲဆို‌တော့ ငှက်ဖျားရှိမရှိကို စစ်ဖြစ်တယ်။ မဟုတ်ရင် လမ်းစရိတ်မတတ်နိုင်လို့ မစစ်ဖြစ်ကြဘူး‌လေ” ဟု အဆိုပါရွာသား ‌စောသန်းဦးက ဆိုသည်။

‌နွေရာသီကတည်းက မိုးတွင်း အဖြစ်များမည့် တုပ်‌ကွေး၊ ငှက်ဖျား စသည့်‌ရောဂါများ တိုက်ဖျက်‌ရေးအတွက် ကြိုတင်ပြင်ဆင်ထားသည့်အ ‌နေဖြင့် ပိုး‌လောက်လန်းများ ‌သေ‌စေနိုင်‌သော ‌ဆေးမှုန့်များဖြန်းခြင်း၊ ‌ဟော‌ပြောပွဲများ ပြုလုပ်ခြင်းများ‌ကြောင့် ယခုနှစ်တွင် ‌သွေးလွန်တုပ် ‌ကွေးဖြစ်ပွားမှုမှာလည်း ယခင်နှစ်များကထက် ‌လျော့ကျလာ‌ကြောင်း ကြာအင်း‌ဆေးရုံရှိ သူနာပြုဆရာမတစ်ဦးက “အခုချိန်ထိ ‌သွေးလွန် တုပ်‌ကွေးဖြစ်လို့ ၉ဦးပဲ ‌ဆေးရုံလာတင်ပါတယ်”ဟု ဆိုသည်။

ထိုမြို့နယ်ရှိ ‌ချောင်းဝရွာတွင် လူ ၃ဦးအနက် ၂ဦးမှာ ‌ရောဂါဖြစ်ပွားမှုအဆင့် ၃အထိ ‌ရောက်ခဲ့‌သော်လည်း ယခုနှစ်တွင် ‌ရောဂါဖြစ်ပွားမှု နှုန်း များပြားခြင်းမရှိ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

“ကျ‌နော်တို့ဆီမှာက လူ ၁၀ဝဆို ၂၀‌လောက်က ငှက်ဖျားဖြစ်‌နေတာ‌လေ။ ကြိုတင်ကာကွယ်လို့ရတာကို ‌ငွေမတတ်နို်င်‌တော့ သိ‌ပေမယ့် ဘာမှမလုပ်နိုင်ဘူးဗျာ။ ခုလို NGO ‌တွေနဲ့ အစိုးရက လုပ်‌ပေး‌တော့ ‌ကောင်းတာ‌ပေါ့”ဟု ပညာ‌ပေးလုပ်ငန်းများတွင် ဝင်‌ရောက်ကူညီ‌ပေး ‌နေ‌သော ကြာအင်း‌ဒေသခံတစ်ဦးက ‌ပြောသည်။

Population Services International-PSI နှင့်အတူ လုပ်‌ဆောင်သည့် ၎င်း‌ရောဂါတိုက်ဖျက်‌ရေးစီမံကိန်းမှာ ထို‌ဒေသတွင် ပထမဆုံးအ ကြိမ်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာ ၄ဝတွင် ‌ဆောင်ရွက်လျှက်ရှိ‌ကြောင်း သိရသည်။