Home သတင်း ၆၅နှစ်‌မြောက် အာဇာနည်‌နေ့ အတွက် သံဃာ‌တော်များအား ကရင်ပြည်နယ်အစိုးရ ဆွမ်းကပ်ခဲ့

၆၅နှစ်‌မြောက် အာဇာနည်‌နေ့ အတွက် သံဃာ‌တော်များအား ကရင်ပြည်နယ်အစိုးရ ဆွမ်းကပ်ခဲ့

2559
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘားအံမြို့တွင် ပြည်နယ်အစိုးရမှ ဦး‌ဆောင်ပြီး ယ‌နေ့ ကျ‌ရောက်‌သော ၆၅ကြိမ်‌မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ်အဖြစ် ‌ကျောင်းထိုင် ဘုန်းကြီး သင်တန်း‌ကျောင်းတွင် သံဃာ‌တော် ၁၈ပါးကို ဆွမ်းကပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

ပြည်နယ်ရဲမင်းကြီး ဦးသိန်းကြည်က “ဆွမ်းကပ်ပွဲ‌လေး လုပ်ပါတယ်။ ဒါက ပြည်နယ်အစိုးရ အစီအစဉ်နဲ့‌ပေါ့‌နော်။ ဌာနဆိုင်ရာ‌တွေ၊ ရပ်မိ ရပ်ဖ‌တွေ၊ ‌ကျောင်းသားပြည်သူ‌တွေလည်း လာကြတယ်‌လေ။ သံဃာ‌တွေကို ဆွမ်းကပ်တယ်။ လာတဲ့လူ‌တွေကို ကြာဇံချက်‌ကျွေးတယ်။ အားလုံး ‌အေး‌အေး‌ဆေး‌ဆေးပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့နံနက် ၉နာရီအချိန်မှစ၍ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ‌ကျောင်းထိုင်ဘုန်းကြီးသင်တန်း‌ကျောင်းတွင် ပြုလုပ်ခဲ့သည့် ၎င်းဆွမ်း ကပ်လှူဒါန်းပွဲသို့ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံ‌ရေးပါတီနှင့် ငြိမ်းချမ်း‌ရေးအဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် ပရိဿတ် ၂၀၀‌ကျော် သွား‌ရောက်ခဲ့သည်ဟု မြို့ခံတစ်ဦး ‌ပြောသည်။

ကရင်ပြည်နယ် လွှတ်‌တော်‌ကော်မရှင် ဒုဥက္ကဌ၏ ကိုယ်‌ရေးအရာရှိက “ဒီမနက်‌တော့ အာဇာနည်‌နေ့အထိမ်းအမှတ်ဆိုပြီး ဆွမ်းကပ်တာ တစ်ခုပဲ ဖိတ်တဲ့အတွက် ဆွမ်းကပ်ပွဲပဲသွားပြီး ပြန်လာပါတယ်။ တခြားဘာအစီအစဉ်‌တွေ လုပ်‌သေးလဲ‌တော့ မသိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့်နှစ်က ကရင်ပြည်နယ် ဘားအံမြို့တွင် အာဇာနည်‌နေ့ အထိမ်းအမှတ်ကို တစုံတရာ ‌ဆောင်ရွက်ခြင်း မရှိခဲ့သလို ယခုနှစ်တွင် လည်း ဆွမ်းကပ်လှူဒါန်းပွဲမှလွဲ၍ အခမ်းအနားများ၊ ‌ဟော‌ပြောပွဲများ ပြုလုပ်ခြင်းမရှိဟု သိရသည်။