Home သတင်း မြဝတီမြို့ ‌နေ့စဉ် ‌ဈေးဝယ်သူ တစ်ဦးထံမှ ‌ပေးစာ(‌ပေးစာ)

မြဝတီမြို့ ‌နေ့စဉ် ‌ဈေးဝယ်သူ တစ်ဦးထံမှ ‌ပေးစာ(‌ပေးစာ)

1520

KIC သတင်းဌာနခင်ဗျား။

ကရင်ပြည်နယ် မြဝတီမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်ပါသည်။ ဤမြို့မှာ လူဦး‌ရေ‌တွေက ‌နေ့ချင်းညချင်းဆိုသလို တိုးလာ‌နေပါ တယ်။ မြို့တွင်းမှာ အိမ်ငှားလခနှင့် အိမ်ခြံ‌မြေ‌ဈေး‌တွေကလည်း အဆမတန် ထိန်းချုပ်မှုမရှိဘဲ တိုးလာ‌နေပါတယ်။ ယခုလို တိုးတက်‌နေ တဲ့ နယ်စပ်မြို့မှာ ‌နေ့စဉ် ‌ဈေးသွားဝယ်သူ‌တွေအတွက် အခက်အခဲများစွာ ရှိ‌နေပါတယ်။ အဲဒါက‌တော့ ‌ဈေးထဲဝင်ရင် ဆွမ်းခံကြွသလို တန်းစီစနစ်နှင့် သွားလာရပါတယ်။

တခါတရံ အခွင့်‌ကောင်းယူတဲ့ ‌ယောက်ျား‌လေး‌တွေက အမျိုးသမီး‌တွေနှင့် ပူးကပ်ပြီး ထိကပါး ရိကပါး ဟိုကိုင်ဒီကိုင် ဖြစ်လာပါတယ်။ အဲဒီထဲ ခါးပိုက်နှိုက်လည်း ရှိလာပါတယ်။ ‌ဈေးလမ်းကျဉ်းရခြင်းက‌တော့ ‌ဈေးသည်‌တွေက သတ်မှတ်ဆိုင် ခန်းထက် လူသွားလမ်း‌တွေမှာပါ ပစ္စည်း‌ရောင်းချ‌နေကြပါတယ်။ ဆိုင်ကယ်၊ ဆိုက္ကားအ‌နှေးယာဉ်‌တွေ ထားရှိသည့်‌နေရာများတွင်လည်း စည်းကမ်းမဲ့ ဖြစ်‌နေကြပါတယ်။ မြို့စည်ပင်တာဝန်ရှိသူ‌တွေကို ‌ပြောလည်း အလကားပဲ။ ပြည်နယ်ဝန်ကြီးထံသို့ စာပို့တာ သုံး‌စောင် ရှိပါပြီ။ ဒါ‌ပေမယ့် မ‌ရောက်တာလား။ စာဖတ်ပြီး လွှင့်ပစ်တာလား‌တော့ မသိဘူး။ မှုခင်းလည်း ကာကွယ်သည့်အ‌နေဖြင့်လည်း‌ကောင်း၊ ‌ဈေးဝယ် သူများ စိတ်‌အေးရန်အတွက်လည်း‌ကောင်း KIC သတင်းဌာနမှ နိုင်ငံ‌တော် အကြီးအကဲသိရန် ‌ပြောပြ‌ရေးသား ‌ပေးပို့လိုက်ရပါတယ်။

မြဝတီမြို့မှ ‌နေ့စဉ် ‌ဈေးဝယ်သူတစ်ဦး-ကို‌စော
ဇူလိုင်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။