Home သတင်း ‌မြေမြုပ်မိုင်း‌ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများရှိ‌နေဆဲ

‌မြေမြုပ်မိုင်း‌ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများရှိ‌နေဆဲ

1643
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စ‌အောင်ဆန်းဦး (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်ရှိ မယ်‌တော်‌ဆေးခန်းတွင် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ‌မြေမြုပ်မိုင်းများ‌ကြောင့် ‌ခြေ အဂင်္ါဆုံးရှုံးပြီး ‌ခြေတုအသစ် တပ်ဆင်‌ပေးရသူ တစ်လလျင် အနည်းဆုံး (၁)ဦး ရှိ‌နေ‌သေး‌ကြောင်း သိရသည်။

မယ်‌တော်‌ဆေးခန်းရှိ ‌ခြေတုလက်တုဌာန ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဒိုင်းနီက “မိုင်းထိတဲ့လူအများစုက လယ်သမား‌တွေ။ ‌တောထဲဝင်ပြီး ထင်းသွားခုတ်တာ၊ မျှစ်ချိုးတာတို့က‌နေ ထိတယ်။ တစ်ချို့ဆို ‌တောင်ယာစပ်မှာပဲ နင်းမိတယ်။ လယ်အစပ်မှာလည်းရှိတယ်”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် “‌မော်ဖါးသူး”နယ်‌မြေတွင် ‌မြေမြုပ်မိုင်းထိသဖြင့် ညာ‌ခြေတစ်ဖက်ဆုံးရှုံးထားသူ ဦးမန်း‌ရွှေက “‌တောင်ယာသွားတဲ့ လမ်းမှာထိတာ။ ထိပြီး‌တော့ မယ်‌တော်‌ဆေးခန်း‌ရောက်တယ်။ ပြီး‌တော့ မဲ‌ဆောက်‌ဆေးရုံကို ပို့တယ်။ ၆လ‌လောက် အနာကျက်ပြီး ‌ခြေတု တပ်ပြီး ရွာပြန်တယ်”ဟု ‌ပြောသည်။

ဦးမန်း‌ရွှေသည် ‌နေရပ်သို့ ပြန်သွား‌သော်လည်း ‌ခြေလက်စုံလင်သူများအကြား ‌ခြေတုဖြင့် ‌နေထိုင်ရသည်မှာ အဆင်မ‌ပြေသဖြင့် မယ်‌တော် ‌ဆေးခန်းသို့ ပြန်လာပြီး ‌ခြေတုဌာနတွင် အလုပ်ဝင်ခဲ့သည်ဟု ဆက်‌ပြောသည်။

“ကိုယ်က ‌ခြေတုကြီးနဲ့ဆို‌တော့ အဆင်မ‌ပြေဘူး။ အဲဒါနဲ့ ‌ဆေးခန်းကို ပြန်လာပြီး ‌ဆေးခန်းမှာ သင်တန်းတနှစ် တက်ပြီးမှ ဒီ‌ခြေတုလက်တု ဌာနမှာ အလုပ်ဝင်လုပ်တာ”ဟု သူက ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းမှ ‌ခြေတုတစ်ခုလျှင် ထိုင်းဘတ်‌ငွေ ၃,၅၀ဝ (အ‌မေရိကန်‌ဒေါ်လာ ၁၁၅) အကုန်အကျခံကာ တပ်ဆင်‌ပေးလျက်ရှိပြီး လူနာအ‌နေဖြင့်မူ ခရီးစရိတ်သာ အကုန်ကျခံရခြင်း ဖြစ်သည်။

မယ်‌တော်‌ဆေးခန်းရှိ ‌ခြေတုလက်တုဌာနကို ၂၀၀ဝခုနှစ်မှ စတင်ခဲ့ပြီး လက်ရှိတွင် ဝန်ထမ်း ၆ဦးဖြင့် ‌ခြေပြတ်လက်ပြတ်လူနာများကို နှစ် သိမ့်အား‌ပေးခြင်း၊ ‌လေ့ကျင့်ခန်းများ ပြုလုပ်‌ပေးခြင်းတို့လည်း ‌ဆောင်ရွက်‌ပေးလျှက်ရှိသည်။

မယ်‌တော်‌ဆေးခန်းမှ ထုတ်ပြန်‌သော နှစ်ပတ်လည်အစီရင်ခံစာအရ ‌ခြေတုအသစ် တပ်ဆင်မှုနှင့် ပြန်လည် လဲလှယ်တပ်ဆင်‌ပေးခဲ့ရသူ အ‌ရေအတွက်မှာ ၂၀၁ဝခုတွင် ၂၁၁ဦး၊ ၂၀၁၁ခုတွင် ၂၆၂ဦးရှိ‌ကြောင်း သိရသည်။

၂၀၁၂ခုနှစ်၊ ဇူလိုင်လအတွင်း ၁၁ရက်‌နေ့အထိ ‌ခြေတုအသစ်တပ်ဆင်သူနှင့် ပြန်လည်လဲလှယ်‌ပေးရမည့်သူ ၁၁ဦးရှိပြီး ထိုအထဲတွင် ‌မြေမြုပ်မိုင်း‌ကြောင့် ‌ခြေတုအသစ် တပ်ဆင်‌ပေးရသူ ၂ဦး ပါဝင်သည်။