Home ထိပ်တန်းသတင်း ‌သွေးစည်းခိုင်မာ‌ရေးအတွက် အဆင့် ၄ဆင့်ပါ လမ်းပြ‌မြေပုံ KKO ထုတ်ပြန်

‌သွေးစည်းခိုင်မာ‌ရေးအတွက် အဆင့် ၄ဆင့်ပါ လမ်းပြ‌မြေပုံ KKO ထုတ်ပြန်

2656
ဇူလိုင်လ ၃ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (ကရင်သတင်းဌာန)

အမျိုးသား‌သွေးစည်းခိုင်မာ‌ရေးကို ‌ရှေးရှု၍ ‌ရှေ့ဆက် လုပ်‌ဆောင်သွားမည့် လုပ်ငန်းအစီအစဉ်များကို အများပြည်သူလူထု သိရှိရန် အမျိုး သားလွတ်‌မြောက်‌ရေး၊ ဒီမိုက‌ရေစီ‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး စသည့်အဆင့် ၄ဆင့်ပါသည့် လမ်းပြ‌မြေပုံကို ကလိုထူး‌ဘော ကရင်အစည်းအရုံး(KKO)မှ ယမန်‌နေ့က ထုတ်ပြန်လိုက်သည်။

KKO ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောဂုဏ်‌အောင်က “တဆင့်ချင်း လုပ်သွားမယ့်‌နေရာမှာ ပတ်သက်‌နေတဲ့ ကရင်အချင်းချင်းကိုလည်း အသိ ‌ပေးချင်တယ်။ လူမျိုးစု‌တွေအားလုံးနဲ့ ဒီမိုက‌ရေစီအင်အားစု‌တွေ အပါအဝင် လက်ရှိအာဏာရထားတဲ့ အစိုးရကိုလည်း အသိ‌ပေးချင်တဲ့အ ‌နေနဲ့ ထုတ်ပြန်လိုက်တာပါ”ဟု ‌ပြောသည်။

ကရင့်လူ့အဖွဲ့အစည်းတွင် ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်း၊ ဘာသာ၊ မျိုးနွယ်စု၊ ‌ဒေသ၊ ကျား-မ မ‌ရွေးဘဲ ကရင်အမျိုးသားများ၏ ‌သွေး စည်းခိုင်မာမှု တည်‌ဆောက်‌ရေး၊ ကရင်အမျိုးသားနှင့် ဘဝတူတိုင်းရင်းသားလူမျိုးစုများ၏ ‌သွေးစည်းခိုင်မာ‌ရေး၊ ကရင်အမျိုးသားများနှင့် ဒီမိုက‌ရေစီအင်အားစုများ၏ ‌သွေးစည်းခိုင်မာ‌ရေး၊ ကရင်အမျိုးသားများ၊ ဒီမိုက‌ရေစီ အင်အားစုများနှင့် ယ‌နေ့ အာဏာရ အုပ်ချုပ်သူများ ‌သွေးစည်းခိုင်မာ‌ရေး စသည့်အဆင့် ၄ဆင့်တို့ကို ယင်းလမ်းပြ‌မြေပုံတွင် ထည့်သွင်းထားခြင်းဖြစ်သည်။

ဆက်လက်၍ ‌စောဂုဏ်‌အောင်က “KKO အ‌နေနဲ့ ‌သွေးစည်းညီညွတ်‌ရေးဆိုတဲ့‌နေရာမှာ ဘာသာ‌ရေး‌ပေါ်မှာ အ‌ခြေမခံဘူး။ ကရင်မျိုးနွယ်စု ‌တွေ ဘယ်‌လောက်ပဲကွဲကွဲ၊ စာ‌တွေဘယ်လိုပဲရှိရှိ ကရင်အလံ‌တော်‌အောက်မှာ အားလုံး စုစုစည်းစည်း ဖြစ်‌စေချင်တယ်။ အမြင်ချင်းမတူ တာ‌တွေကို‌တောင် ‌ဘေးဖယ်ထားပြီး‌တော့ အမြင်ချင်း တူတာ‌တွေကို လက်တွဲလုပ်‌ဆောင်မယ်”ဟု ဖြည့်စွက်‌ပြောဆိုသည်။

၎င်းတို့ KKO အ‌နေဖြင့် အများအကျိုးပြုလုပ်ငန်းများအဖြစ် ကွန်ပြူတာသင်တန်း‌ပေးခြင်း၊ ‌ဆေးသင်တန်း‌ပေးခြင်း၊ ‌ဆေးရုံ‌ဆောက်လုပ်‌ပေး ခြင်း စသည့်လုပ်ငန်းများကို စတင် လုပ်‌ဆောင်‌နေပြီဖြစ်‌ကြောင်းလည်း KKO က ဆိုသည်။

တစ်ဆက်တည်း၌ပင် ကရင်အချင်းချင်း ‌သွေးစည်းညီညွှတ်‌ရေးအတွက် ရည်ရွယ်၍ လာမည့် ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက်မည့် ၆၂နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့အခမ်းအနားကိုလည်း KKO ရုံးစိုက်ရာ ‌ကော်သူးမွဲခီး(ဆုံဆည်းမြိုင်) တွင် ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။

KKO သည် တိုးတက်‌သော ဒီမိုက‌ရေစီကရင့်အမျိုးသားတပ်မ‌တော် (DKBA)ကို နိုင်ငံ‌ရေးဦး‌ဆောင်မှု ပြုနိုင်ရန်နှင့် အများအကျိုးပြုလုပ် ငန်းများ လုပ်‌ဆောင်နိုင်ရန် ၂၀၁၂ခုနှစ်၊ ဧပြီလ ၂ရက်‌နေ့တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။