Home သတင်း ‌နေပြည်‌တော်မှဘုရားသုံးဆူ ‌လောင်း ကစားဝိုင်းကို လာ‌ရောက်စစ်‌ဆေး

‌နေပြည်‌တော်မှဘုရားသုံးဆူ ‌လောင်း ကစားဝိုင်းကို လာ‌ရောက်စစ်‌ဆေး

1588
ဇူလိုင် ၂ရက်၊ ၂၀၁၂။ နန်းယဉ် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့‌ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ထားသည့် ‌လောင်း ကစားဝိုင်းများကို ‌နေပြည်‌တော် အထူးစုံစမ်း စစ်‌ဆေး‌ရေးမှ တာဝန်ရှိသူ ၄ဦးတို့ ယမန်‌နေ့က လာ‌ရောက်စစ်‌ဆေး‌နေသည်ဟု ရဲနှင့် နီးစပ် သူတစ်ဦးက ‌ပြောသည်။

၎င်းက “အဓိက ဒီမြို့‌ပေါ်က ‌လောင်းကစားဝိုင်း‌တွေ ဖွင့်ထားတဲ့ကိစ္စကို လာစစ်‌ဆေးတာပါ။ များလာ‌နေတဲ့ ‌လောင်းကစားဝိုင်းကိစ္စကို မြို့ ‌ပေါ်က ပြည်ခိုင်ဖြိုးက‌နေ တင်ပြတာရှိခဲ့တယ်။ အခုဆိုလည်း ‌လောင်းကစားဝိုင်း‌တွေ ဖွင့်တဲ့လူ‌တွေကို ‌ခေါ်‌မေး၊ စစ်‌ဆေးတာ ရှိတယ်”ဟု ဆိုသည်။

မြို့‌ပေါ်ရှိ ‌လောင်းကစားဝိုင်းများကို ပိတ်ပစ်နိုင်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီက မြို့‌နေပြည်သူတို့၏ ဆန္ဒကို ‌ကောက်ခံပြီး မြို့နယ်အုပ်ချုပ် ‌ရေးမှူးထံ ယခုနှစ် ဇန်နဝါရီလက တင်ပြခဲ့‌သော်လည်း ထူးခြားမှုမရှိသဖြင့် ဒုတိယအကြိမ်အဖြစ် ပြည်နယ်မှတဆင့် ‌နေပြည်‌တော်ထိ တင်ပြခဲ့ခြင်း‌ကြောင့် ယခုလို လာ‌ရောက်စစ်‌ဆေးခြင်းဖြစ်နိုင်‌ကြောင်း သူက ဆက်‌ပြောသည်။

“‌လောင်းကစားဝိုင်း လုပ်တဲ့လူ‌တွေကို ‌ခေါ်စစ်တာ။ သူတို့မှာ စာရင်းရှိတယ်။ ဒါ‌ပေမယ့် သူတို့ စာရင်းရထားတဲ့လူ‌တွေဟာ မရှိဘူးဆိုပြီးသူတို့ကိုယ်တိုင် မစစ်လိုက်ရဘူး။ ဥပမာ ပန်းသီးပုံးဆိုရင် ငှားပြီး ဖွင့်ထားတဲ့လူ‌တွေကို ‌ခေါ်စစ်တာ‌လေ”ဟု သူက ‌ပြောသည်။

လွန်ခဲ့သည့် ‌ဖေ‌ဖော်ဝါရီလလယ်ခန့်က ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်း ဘုရားသုံးဆူမြို့သို့ လာ‌ရောက်မည် ဆိုသည့်သတင်း ‌ကြောင့် မြို့‌ပေါ်‌နေရာအနှံ့ရှိ လူမြင်ကွင်း၌ ဖွင့်လှစ်ထား‌သော ‌လောင်းကစားဝိုင်းများကို ရပ်ကွက်လူကြီးမှတဆင့် ပိတ်ပင်ထားခဲ့‌သော် လည်း ‌မေလကုန်ခန့်တွင် ထို‌လောင်းစကားဝိုင်းများ ပုံမှန် ပြန်လည်ဖွင့်လှစ်လာကြသည့်အတွက် ယခုစစ်‌ဆေးမှုမှာလည်း ထိ‌ရောက်စွာ လုပ်‌ဆောင်နိုင်ဦးမည် မဟုတ်‌သေး‌ကြောင်း အမည်မ‌ဖော်လိုသူ မြို့ခံတစ်ဦးက ‌ပြောသည်။

“‌နေပြည်‌တော်က လာစစ်တယ်ဆို‌ပေမယ့် ထူးခြားမှုရှိမယ်လို့ မထင်ဘူး။ ဘာလို့လဲဆို‌တော့ မြို့အာဏာပိုင်‌တွေက အ‌ကောက်အခွန် ရကြတယ်‌လေ။ ‌လောင်းကစားဝိုင်း မရှိ‌တော့ရင် ‌ငွေ‌တွေလည်း မရကြ‌တော့ဘူး လွယ်လွယ်နဲ့ ဖျက်သိမ်းနိုင်မယ်‌တော့ မထင်ဘူး”ဟု သူက ‌ပြောသည်။

ဘုရားသုံးဆူမြို့‌ပေါ်တွင် အနီ‌ထောင်၊ အံဂလုံ၊ ဖဲနှင့် ပန်းသီးပုံး ‌လောင်းကစားဝိုင်းများ မြို့‌ပေါ်‌နေရာအနှံ့ ဖွင့်လှစ်ထားကြပြီး ၎င်းတို့အနက် အတွင်ကျယ်ဆုံး ‌လောင်းကစားတစ်ခုဖြစ်သည့် ပန်းသီးပုံး‌လောင်းကစားဝိုင်းမှာ မြို့‌ပေါ်အနှံ့တွင် ဝိုင်း ၅၀ဝခန့်ရှိ‌နေပြီး ဖြစ်သည်။

ပန်းသီးပုံး‌လောင်းကစားဝိုင်း ဖွင့်ခွင့်ရသူများသည် မြို့နယ်အာဏာပိုင်များအား အခွန်အဖြစ် တစ်ပုံးလျှင် ထိုင်း‌ငွေ ၅၀ဝ ဘတ်ဖြင့် လစဉ် ‌ပေးသွင်း‌နေရသည်ဟုလည်း သိရသည်။

ပန်းသီးပုံး‌လောင်းကစားဝိုင်းကို ယခင်က ထိုင်းစီးပွား‌ရေး လုပ်ငန်းရှင်တို့ကသာ ဖွင့်လှစ်ခဲ့ကြပြီး ယခု‌နောက်ပိုင်းတွင် မြန်မာ၊ ကရင်နှင့် မွန် စီးပွား‌ရေးလုပ်ငန်းရှင်များလည်း ဖွင့်လှစ်လာခဲ့သလို ‌လောင်းကစားဝိုင်း ကျယ်ပြန့်လာခြင်း၏ ဆိုးကျိုးများအဖြစ် ဘုရားသုံးဆူမြို့တဝိုက် တွင် လုယက်မှု၊ ခိုးဝှက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုများလည်း မကြာခဏ ဖြစ်‌ပေါ်လျှက်ရှိ‌ကြောင်း မြို့ခံများက ‌ပြောဆို‌နေကြသည်။