Home သတင်း ‌တောင်ငူရှိ ထုံးဘိုရွာကို စံပြရွာဖြစ်‌ရေး Asia World ကုမ္ပဏီ ကြိုးစား‌နေ

‌တောင်ငူရှိ ထုံးဘိုရွာကို စံပြရွာဖြစ်‌ရေး Asia World ကုမ္ပဏီ ကြိုးစား‌နေ

2014
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

‌ရေကာတာ တည်‌ဆောက်သဖြင့် ‌ရွှေ့‌ပြောင်းရသည့် ပဲခူးတိုင်း၊ ‌တောင်ငူမြို့နင့် ၁၄မိုင်‌ဝေး‌သော ထုံးဘိုရွာအား စံပြ‌ကျေးရွာ တည် ‌ဆောက်‌ပေးရန်အတွက် တိုင်းဝန်ကြီးချုပ်ထံ စာတင်ထားပြီး တည်‌ဆောက်ခွင့်ရပါက အမြန်ဆုံး အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွား မည်ဟု အဆိုပါစီမံကိန်းကို တာဝန်ယူ တည်‌ဆောက်‌နေ‌သော Asia World ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းတာဝန်ခံ ကိုစည်သူက “ကျ‌နော်တို့ မတ်လကတည်းက စာတင်ထားတာပါ။ နဂါး‌မောက်ရွာရဲ့ ‌မြောက်ဘက်ကပ်လျက်မှာ ဧက ၁၀ဝ ‌မြေစာရင်းရုံးကို ‌တောင်းထားပါတယ်။ ‌ကျေးရွာလူထုကိုလည်း နားလည်‌အောင် ရှင်းပြထားပါတယ်။ အစိုးရဘက်က ခွင့်ပြုချက်ကျလာတာ နဲ့ ကျ‌နော်တို့ ချက်ချင်း လုပ်‌ဆောင်‌ပေးမှာပါ”ဟု ဆိုသည်။

ပလက်‌ချောင်းကို အသုံးပြုကာ ‌သောက်‌ရေခပ်(၁)၊ ‌သောက်‌ရေခပ်(၂)ဟူ၍ ‌ရေကာတာ နှစ်ခုတည်‌ဆောက်မည်ဖြစ်ပြီး ‌သောက်‌ရေခပ် (၂)မှာ တည်‌ဆောက်ပြီးစီး‌သော်လည်း လာမည့် နိုဝင်ဘာလကျမှသာ လျှပ်စစ်ဓာတ်အား ၄ဝမဂ္ဂါဝပ် ထုတ်လုပ်မည်ဟု သိရသည်။

“Asia World ရဲ့ စီမံကိန်းထဲမှာ‌တော့ လျှပ်စစ်မီး‌ပေးမယ့်အပြင် စာသင်‌ကျောင်း၊ ဘုရား‌ကျောင်း၊ ‌ရေတွင်း‌ရေကန်၊ ကစားကွင်းနဲ့ အိမ်ယာ ‌ဆောက်လုပ်ဖို့ ပါတာကို ‌တွေ့ရပါတယ်။ ‌မြေစာရင်းရုံးတင်တဲ့ စာရွက်စာတမ်းကအစ ကျ‌နော်တို့ကို ‌သေချာပြပါတယ်။ တကယ်လုပ်‌ပေး မယ်ဆိုရင်‌တော့ ကိုယ့်ရပ်ရွာဖွံ့ဖြိုး‌ရေးအတွက် ကျ‌နော်တို့က ကြိုဆိုပါတယ်”ဟု ‌တောင်ငူမြို့ခံတစ်ဦးက ဆိုသည်။

‌ရေကာတာမှရမည့် လျှပ်စစ်ဓာတ်အားကို ‌တောင်ငူဓာတ်အားခွဲရုံသို့ ‌ပေးပို့မည်ဖြစ်ပြီး အစိုးရမှ သုံးစွဲသည့် ယူနစ် စုစု‌ပေါင်းကို ကုမ္ပဏီသို့ ‌ပေး‌ချေရမည်ဖြစ်‌ကြောင်း Asia World (အာရှဓန ကုမ္ပဏီ)မှ တာဝန်ရှိသူက ‌ပြောကြားခဲ့သည်။

သို့‌သော် ရွာ‌ရွှေ့‌ပြောင်းခဲ့ရသူ ထုံးဘိုရွာသား ‌စောထူးက “ကျ‌နော်တို့‌ဒေသက ထွက်တဲ့လျှပ်စစ်ကို ကျ‌နော်တို့‌ဒေသအကျိုးအတွက် ပြန် လုပ်‌ပေးမယ်လို့ သိရပါတယ်။ ရွာကိုလည်း စံပြရွာလုပ်‌ပေးမယ်လို့ ကတိ‌ပေးထားပါတယ်။ ရွာကလူ‌တွေကလည်း ‌ကျေနပ်ပါတယ်။ တကယ် လုပ်‌ပေးမလားဆိုတာကို‌တော့ ‌စောင့်ကြည့်‌နေပါတယ်”ဟု ဆိုသည်။

ထို‌ရေကာတာစီမံကိန်းသည် ယခင် စစ်အစိုးရလက်ထက်ကတည်းက စတင်ခဲ့ပြီး ဆက်လက် မလုပ်‌ဆောင်နိုင်ခြင်း‌ကြောင့် Asia World မှ ၂၀၀၇ခုနှစ်၊ နိုဝင်ဘာလက လွှဲ‌ပြောင်းယူခဲ့ခြင်းဖြစ်သည်။

‌တောင်ငူမြို့နယ်ရှိ ထုံးဘိုရွာမှာ ၂၀၀၆ခုနှစ်တွင် အိမ်‌ထောင်စု ၇၃စုဖြင့် ‌ရွှေ့‌ပြောင်းခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်၌ အိမ်‌ထောင်စု ၉၃စုရှိ သည်ဟု သိရသည်။