Home သတင်း အပစ်ရပ်အဖွဲ့တို့နှင့် ပူး‌ပေါင်းရန် ညီ‌နောင်ပါတီများ ‌ကော်မတီဖွဲ့

အပစ်ရပ်အဖွဲ့တို့နှင့် ပူး‌ပေါင်းရန် ညီ‌နောင်ပါတီများ ‌ကော်မတီဖွဲ့

1776
ဇူလိုင်လ ၃ရက်၊ ၂၀၁၂။ နန်းယဉ် (‌ကေအိုင်စီ)

၂၀၁ဝ ‌ရွေး ‌ကောက်ပွဲဝင် တိုင်းရင်းသားညီ‌နောင် ၆ပါတီတို့က အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူး‌ပေါင်းပြီး ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်သွားရန် ‌ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။

ထိုကဲ့သို့ လုပ်‌ဆောင်သွားရန်အတွက် ဇွန်လ ၁၅ရက်‌နေ့တွင် ကျင်းပခဲ့သည့် ညီ‌နောင်ပါတီများအစည်းအ‌ဝေးတွင် ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်မှု‌ကော်မတီ (Peace Process Committee) တရပ်ကို ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချခဲ့သည်။

အဆိုပါ‌ကော်မတီကို ပြည်နယ်အသီးသီးရှိ အပစ်ခတ်ရပ်စဲပြီး ဖြစ်‌သော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူး‌ပေါင်း၍ ငြိမ်းချမ်း‌ရေးနှင့် ‌ဒေသဖွံ့ဖြိုး‌ရေးများကို ပူး‌ပေါင်းလုပ်‌ဆောင်သွားသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်တို့ဆို အပစ်ရပ်ထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့တယ်၊ သူတို့အ‌နေနဲ့ အခုလက်ရှိ အစိုးရနဲ့ ဘယ်အဆင့်ထိ ရှိ‌နေ ပြီးလဲ။ ‌ရှေ့ဆက် ဘယ်လိုလုပ်‌ဆောင်မလဲ။ ‌နောက်ပြီး‌တော့ အချင်းချင်း ဘယ်လို ပူး‌ပေါင်း‌ဆောင်ရွက်သွားမလဲ စတာ‌တွေကို ‌ဆွေး‌နွေးခဲ့ ကြတယ်။ အဓိကက‌တော့ ထာဝရငြိမ်းချမ်း‌ရေးဖြစ်ဖို့ပဲ”ဟု မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဋ္ဌ နိုင်‌ငွေသိန်းက ‌ပြောသည်။

‌ကော်မတီအ‌နေဖြင့် လက်ရှိ ပြည်သူ့လွှတ်‌တော်ရှိ တိုင်းရင်းသား‌ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု‌ကော်မတီ၏ လုပ်‌ဆောင် မှုများကို မြန်ဆန် ပြီး‌မြောက်နိုင်ရန်အတွက် အပစ်ခတ်ရပ်စဲထား‌သော အဖွဲ့အစည်းများနှင့် ‌တွေ့ဆုံကာ ‌ဆွေး‌နွေးမှုများ ပြုလုပ်သွားမည် ဖြစ်‌ကြောင်း သိရသည်။

ပြည်တွင်းမှ နိုင်ငံ‌ရေးအင်အားစုများ၊ ပြည်သူများအ‌နေနှင့် ငြိမ်းချမ်း‌ရေးအတွက် လိုလားပြီး လုပ်‌ဆောင်‌နေခြင်းအ‌ပေါ် ‌ကောင်းမွန်သည့် အ‌နေအထားဖြစ်‌ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ ၏ အတွင်း‌ရေးမှူး ဦးခွန်ဥက္ကာက ‌ပြောသည်။

၎င်းက “ငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်ပြီး ပါဝင်ချင်တယ်၊ ‌ဆောင်ရွက်ချင်တယ်လို့ ‌ပြောတာက မသိမသာ‌နေတာထက်စာရင်‌တော့ အများကြီး ‌ကောင်းတယ်။ ငြိမ်းချမ်း‌ရေးကို လိုလားတဲ့အပြင် ဒီလုပ်ငန်းအ‌ပေါ်မှာ သူတို့အ‌နေနဲ့ ‌စောင့်ကြည့်‌နေတဲ့သ‌ဘောမျိုးမှာ‌ပေါ့။ ဒီလိုမျိုး သတိ ထား‌နေတယ်။ ‌စောင့်ကြည့်‌နေတဲ့အချက်က ‌ကောင်းတဲ့အချက်ဖြစ်တယ်”ဟု ဆိုသည်။

သို့‌သော် မည်မျှထိ လုပ်‌ဆောင်နိုင်မည်က အ‌ရေးကြီးပြီး တကယ်တမ်း ယခု အပစ်ခတ်ရပ်စဲ‌ရေး ပဏာမအဆင့်မှာပင် အခက်အခဲ အ‌တော်များများ ရှိ‌နေ‌သေး‌ကြောင်း လက်နက်ကိုင်အဖွဲ့အားလုံးနှင့် အပစ်မရပ်နိုင်‌သေးပဲ ငြိမ်းချမ်း‌ရေးခရီး ဆက်သွားရန် ခက်ခဲ‌ကြောင်း ၎င်းက ‌ပြောသည်။

ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု‌ကော်တီကို ဖွဲ့စည်းခဲ့‌သော တိုင်းရင်းသားညီ‌နောင်ပါတီ ၆ခုမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံ စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်‌ရေးပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီနှင့် ကယန်းအမျိုးသားပါတီတို့ ဖြစ်သည်။