Home သတင်း အထက်‌ပေါင်း‌လောင်း ဆည်‌ကြောင့် ‌ရေလွှမ်းမိုး မည်ကို ‌ဒေသခံများစိုးရိမ်

အထက်‌ပေါင်း‌လောင်း ဆည်‌ကြောင့် ‌ရေလွှမ်းမိုး မည်ကို ‌ဒေသခံများစိုးရိမ်

1975
ဇူလိုင်လ ၂၄ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)


သျှမ်းပြည်နယ်‌တောင်ပိုင်း ပင်‌လောင်းမြို့နယ်ရှိ ၂၀၁၂ခုနှစ်အတွင်း အပြီးတည်‌ဆောက်မည့် အထက်‌ပေါင်း‌လောင်ဆည်စီမံကိန်း‌ကြောင့် အိုးအိမ်နှင့် အိမ်ယာ‌မြေများ ‌ရေလွှမ်းမိုးမည်ကို ‌ဒေသခံများ စိုးရိမ်‌နေကြသည်။

အထက်‌ပေါင်း‌လောင်းဆည် တည်‌ဆောက်‌ရေးစီမံကိန်းကို ‌စောင့်ကြည့်‌လေ့လာသည့် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့-KNGY မှ မူမိုး‌လေးက “အခု ၉ဝရာခိုင်နှုန်း‌လောက်ပြီး‌နေပြီ‌လေ။ သူတို့‌ဆောက်တဲ့ ‌မြေ‌တွေက ‌မြေလွတ်‌မြေရိုင်းဘာမှမရှိတဲ့‌နေရာ‌တွေဖြစ်‌ပေမယ့် ဆည်ကြီး ပိတ်လိုက်ရင် နီးစပ်ရာရွာ‌တွေ အကုန်‌ရေမြှုပ်ကုန်‌တော့မယ်‌လေ။ ဒီကိစ္စ‌ဒေသခံ‌တွေက ‌တော်‌တော် စိုးရိမ်‌နေကြတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အထက်‌ပေါင်း‌လောင်းဆည်တည်‌ဆောက်မှု‌ကြောင့် ယင်းဆည်အနီးရှိ‌ကျေးရွာ‌ပေါင်း ၂၃ရွာမှ ‌ဒေသခံ ၈,၀၀၀(ရှစ်‌ထောင်) ‌ကျော်အား မြန်မာအစိုးရအာဏာပိုင်များက ‌နေရာ‌ပြောင်း‌ပေးမည်ဟု ၂၀၁၁ခုနှစ်ကတည်းက ‌ပြောဆိုထား‌သော်လည်း ‌ပြောင်း‌ရွှေ့‌ရေးနှင့်ပတ်သက်၍ ယခုထိ တစုံတရာ အ‌ကြောင်းကြားခြင်းမရှိ‌သေး‌ကြောင်း သူမက ဆက်‌ပြောသည်။

‌ဒေသခံကယန်းလူငယ် ခွန်းဘီထူးကလည်း“အခုထိ (အာဏာပိုင်‌တွေ)ကျ‌နော်တို့‌တွေကို လာ‌ရောက်အသိ‌ပေးတာမရှိ‌သေးဘူး။အိမ်‌ပြောင်း‌ပေးရမှာ‌တော့ ကြား‌နေရတယ်။ အိမ်တစ်လုံး‌ပြောင်းရင် ငါး‌သောင်း(ကျပ်) ‌လျှော်‌ကြေး‌ပေးမယ်လို့ကြားတယ်။ဒီ‌ငွေနဲ့ကလည်း ဘယ်လိုလုပ်ပြီး အိမ်ပြန်‌ဆောက်လို့ရမှာလဲဗျာ။” ‌ပြောသည်။

လက်ရှိအချိန်ထိ အစိုးရနှင့် တာဝန်ရှိအဖွဲ ့အစည်းများက ယခုနှစ်အတွင်းဆည်ပိတ်‌ရေးမပိတ်‌ရေးသတင်း အတိအကျ ထုတ်ပြန်ခြင်းမရှိသည့် အတွက် ‌ရေမြုပ်ဧရိယာကျ‌ရောက်‌သော‌ကျေးရွာများမှလူထုများက၎င်းတို့ လယ်ယာ‌မြေများကို မစိုက်ပျိုးရဲ‌တော့‌ကြောင်းနှင့်သက်ဆိုင်ရာအစိုးရ တာဝန်ရှိများကယ‌နေ့ထိ တာဝန်ယူ‌ဖြေရှင်း‌ပေးမှုများမရှိ‌သေး‌ကြောင်း လည်း မူမိုး‌လေးက ဖြည့်စွက်‌ပြောဆိုသည်။

အထက်‌ပေါင်း‌လောင်းဆည်‌ဆောက်လုပ်မှု၌၁,၈၀ဝ နီးပါးပျက်ဆီးဆုံးရှုံးမည်ဖြစ်သကဲ့သို့ ပျမ်းမျှ ကာလတန်ဖိုး အရ မိသားစုတခုတွင် ကျပ်သိန်း ၂ဝ ‌ကျော် ဆုံးရုံးမည်ဖြစ်ပြီး ယင်းဆည်‌ဆောက်လုပ်ရာ‌ဒေသတွင် ကယန်းလူမျိုး အများစု ‌နေထိုင်ကြ၍ ပအိုဝ့် လူမျိုးနှင့် မြန်မာလူမျိုးလည်း ‌နေထိုင်‌နေကြသည်ဟု KNGY က ဆိုသည်။

ထို့အပြင် ဆည်စီမံကိန်းစတင်ကတည်းက မြန်မာအစိုးရ လုံခြုံ‌ရေးတပ်များအတွက် တဲကင်းများ‌ဆောက်ခိုင်း ခြင်းနှင့် စီမံကိန်းအတွက်ကားလမ်းမများကိုပြုပြင်ခိုင်းခြင်းတို့ကို လုပ်‌ဆောင်‌ပေး‌နေရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

၂၀၀၄-၂၀၀၅ခုနှစ်မှစ၍ မြန်မာအစိုးရမှ အထက်‌ပေါင်း‌လောင်းဆည်‌ဆောက်လုပ်ရန် ဆွီဇလန်နိုင်ငံရှိ ‌အေအက်ဖ် ကိုလင်ကို (AF Colenco) ကုမ္ပဏီကို ငှားရမ်း၍ ကြီးကြပ်‌စေခဲ့ပြီး လန်ဒန်အ‌ခြေစိုက် မဲလ်ကွမ်နှင့် လုပ်‌ဖော်ကိုင်ဖက် MDA အဖွဲ့နှင့် တရုတ်နိုင်ငံ ယူနန်းအကြီးစား စက်မှုပစ္စည်းများ ပြည်ပတင်ပို့ ‌ရေးကုမဏီ-YMEC တို့က စီမံကိန်းတွင် ပါဝင်လုပ်‌ဆောင်‌နေခြင်းဖြစ်သည်ဟု ယခင်နှစ် ဇွန်လ၌ ထုတ်သည့် KNGY အစီရင်ခံစာအရ သိရသည်။

၂၀၀၅ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက တရုတ်ကုမ္ပဏီများ၏ ‌ငွေ‌ကြေးနှင့် တည်‌ဆောက်‌ရေး အကူအညီပံ့ပိုးမှုဖြင့် မန္တ‌လေးတိုင်း ပျဉ်းမနားမြို့နယ်တွင် ‌ပေါင်း‌လောင်းမြစ်‌အောက်ဖက်ဆည်ကို တည်‌ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။