Home သတင်း လွိုင်‌ကော်တွင် KNPP ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်

လွိုင်‌ကော်တွင် KNPP ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်

1182

ဇူလိုင်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP) တို့ ပြည်‌ထောင်စုအဆင့် အပစ်ခတ်ရပ်စဲ‌ရေး‌တွေ့ဆုံ ‌ဆွေး‌နွေးအပြီး ပထမဦးဆုံး ဆက်ဆံ‌ရေးရုံးဖွင့်လှစ်ပွဲကို ယ‌နေ့နံနက် မြန်မာစံ‌တော်ချိန် ၈နာရီခန့်တွင် ကရင်နီပြည်နယ်၊ လွိုင်‌ကော်မြို့ရှိ ‌ဒေါဥခုရပ်ကွက်၌ ပြုလုပ် ကျင်းပခဲ့သည်။

ယခုဖွင့်လှစ်လိုက်သည့် လွိုင်‌ကော်ဆက်ဆံ‌ရေးရုံးကို ရုံးတာဝန်ခံအ‌နေဖြင့် ခူးဒယ်နီယာက တာဝန်ယူ လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ဆက်ဆံ‌ရေးရုံးများ ဖွင့်လှစ်ပြီး‌နောက်ပိုင်း လက်ရှိ အစိုးရနှင့် သ‌ဘောတူထားသည့် အပစ်ခတ်ရပ်စဲ‌ရေး၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ပိုမို ခိုင်မာ‌အောင် တပ်ပြဿနာများ ‌ဖြေရှင်းနိုင်‌အောင်လည်း အစိုးရနှင့် ပူးတွဲလုပ်‌ဆောင်သွားမည်ဟုလည်း ခူးဒယ်နီယာက ‌ပြောသည်။

“ကျ‌နော်တို့ ငြိမ်းချမ်း‌ရေး‌ရှေ့ဆက်လုပ်ငန်းစဉ်‌တွေ အပစ်ခတ်ရပ်‌ရေး‌တွေ ခိုင်မာသွားဖို့ တိုးတက်လာဖို့ ‌နောက်ပြီး‌တော့ ပြည်သူလူထု‌တွေ ရဲ့ အခွင့်အ‌ရေး‌တွေ အစိုးရနဲ့ လက်တွဲပြီး လုပ်‌ဆောင်သွားဖို့ရှိတယ်။ အဓိက အ‌ရေးကြီးဆုံးက နှစ်ဖက်တပ်ပြဿနာမဖြစ်ဖို့ အဲဒီ‌တောင်း ဆိုချက်အ‌ပေါ်မှာ လိုက်လုပ်တာရှိ၊ မရှိ အဲဒါ‌တွေလည်း ကျ‌နော်တို့ ထိန်းသိမ်းသွားဖို့ရှိတယ်”ဟု ဆိုသည်။

ယ‌နေ့ပြုလုပ်သည့် ဆက်ဆံ‌ရေးရုံး ဖွင့်ပွဲအခမ်းအနားသို့ KNPP မှ ဗဟို‌ကော်မတီဝင် ၃ဦးနှင့် အရံဗဟို‌ကော်မတီဝင် ၃ဦး ဦး‌ဆောင်ပြီး အစိုးရဘက်မှ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်‌မောင်ဦး၊ ဌာနဆိုင်ရာဝန်ကြီးများနှင့် ပြည်နယ်လွှတ်‌တော်ဥက္ကဌတို့ တက်‌ရောက်ခဲ့ကြ သည်။

KNPP အ‌နေဖြင့် ဆက်ဆံ‌ရေးရုံးကို လွိုင်‌ကော်မြို့အပြင် ရှား‌တော၊ ဖာ‌ဆောင်းမြို့နယ်တို့၌လည်း ဆက်ဆံ‌ရေးရုံးများကို ဇူလိုင်လမကုန်ခင် ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း လွိုင်‌ကော်ဆက်ဆံ‌ရေးရုံး တာဝန်ခံ ခူးဒယ်နီယာက ‌ပြောသည်။

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ KNPP သည် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးကိုယ်စားလှယ်အဖွဲ့တို့နှင့် ဇွန်လ ၉ရက်‌နေ့ တွင် ပြည်‌ထောင်စုအဆင့် အပစ်အခတ်ရပ်စဲ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။

ပြည်‌ထောင်စုအဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့စဉ်က KNPP ဘက်မှ အချက် ၂ဝ တင်ပြ‌ဆွေး‌နွေးခဲ့ရာ ဆက်ဆံ‌ရေးရုံးများ ဖွင့်လှစ်ထားရှိ‌ရေး အပါအဝင် အချက် ၁၄ချက် အစိုးရနှင့် သ‌ဘောတူညီမှု ရရှိထားခဲ့သည်။