Home သတင်း လွတ်‌မြောက်လာသူ နိုင်ငံသား အကျဉ်းသားများထဲတွင် ကရင် (၃) ဦးပါဝင်

လွတ်‌မြောက်လာသူ နိုင်ငံသား အကျဉ်းသားများထဲတွင် ကရင် (၃) ဦးပါဝင်

1771
ဇူလိုင်လ ၃ရက်၊ ၂၀၁၂။ စအိုင်သန်

နိုင်ငံ‌တော်သမတ ဦးသိန်းစိန်က ယ‌နေ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌သော နိုင်ငံသား အကျဉ်းသားများစာရင်းတွင် ကရင်တိုင်းရင်း သား ၃ဦး ပါဝင်ပြီး ၎င်းတို့မှာ အင်းစိန်‌ထောင်မှ ပြန်လည် လွတ်‌မြောက်လာသူများဖြစ်သည်ဟု သိရသည်။

ထိုသို့ လွတ်‌မြောက်လာသူ ကရင်အကျဉ်းသားများမှာ ‌စောဖရန်စစ် (ခ) ‌ကျော်‌ကျော်၊ ‌စောနိုင်ဝင်း (ခ) အလက်ဇန္ဒားနှင့် ‌စောဝီလီယမ်တို့ ဖြစ်ကြပြီး ၎င်းတို့အား မတရားအသင်း ဆက်သွယ်မှုပုဒ်မဖြင့် တရားစွဲဆိုကာ ၂၀၁ဝခုနှစ်တွင် ‌ထောင်ချခဲ့ခြင်းဖြစ်သည်ဟု လွတ်‌မြောက် လာသူထဲမှ ‌စောဖရန်စစ်က ‌ပြောသည်။

“‌အေဘီ(ABSDF) နဲ့ ဆက်သွယ်တယ်ဆိုပြီး ‌ထောင်ချတာ တနှစ်‌ကျော် ‌နေခဲ့ရတယ်။ လွှတ်‌ပေးတာကို ‌ကျေးဇူးတင်ပါတယ်။ သူငယ်ချင်း ‌တွေ ကျန်‌သေးတယ်။ သူတို့ကိုပါ လွှတ်‌ပေး‌စေချင်တယ်”ဟု ‌မှော်ဘီမြို့တွင် ‌နေထိုင်‌သော ‌စောဖရန်စစ်က ‌ပြောသည်။

ဇူလိုင်လ ၃ရက်‌နေ့(ယ‌နေ့)တွင် နိုင်ငံ‌တော်သမတက နိုင်ငံသားအကျဉ်းသား ၄၆ဦးအား လွတ်ငြိမ်းခွင့်‌ပေးခဲ့ပြီး နိုင်ငံခြားသားအကျဉ်းသား ၃၄ဦးအား ပြည်နှင်ဒဏ်‌ပေးခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ‌ဖော်ပြထားသည်။

ဇူလိုင်လ ၃ရက်‌နေ့ မွန်းလွဲ ၂နာရီအထိ နိုင်ငံ‌ရေးအကျဉ်းသား ၂၂ဦး လွတ်‌မြောက်လာခဲ့ပြီး အများစုမှာ ပုဒ်မ ၁၇(၁)ဖြင့် အ‌ရေးယူခံရသူ များဖြစ်သည်ဟု ပြန်လွတ်လာသူများအား ကူညီ‌ပေး‌နေသည့် ၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုက ‌ပြောသည်။

“မတရားအသင်းတို့၊ ‌တောတွင်းလက်နက်ကိုင်အဖွဲ ့အစည်း‌တွေနဲ့ ဆက်သွယ်လို့ ၁၇(၁)၊ ၁၇(၃)တို့ဟာ ဒီအချိန်မှာ ဘယ်လိုမှ အဓိပ္ပါယ် မရှိ‌တော့ပါဘူး။ သူတို့ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ပြီး‌တော့ ငြိမ်းချမ်း‌ရေးစကား‌တွေ ‌ပြော‌နေပြီပဲ”ဟု ၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း ‌ဆောင် ကိုမင်းကိုနိုင်က ‌ပြောသည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ ့ချုပ်-NLD က ပြုစုထား‌သော စာရင်းအရ ကျန်ရှိ‌နေ‌သေး‌သော နိုင်ငံ‌ရေးအကျဉ်းသား ၃၃ဝဦးရှိပြီး ထိုစာရင်းအ တိုင်း အားလုံးကို လွှတ်‌ပေးရန် ‌တောင်းဆိုထား‌ကြောင်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က ဇူလိုင်လ ၃ရက် ‌နေ့ သတင်းစာရှင်းလင်းပွဲတွင် ‌ပြောကြားသွားခဲ့သည်။